မကြာခင်မှာကျရောက်လာမယ့် တရုတ်နှစ်ကူးအတွက် ရိုးရာအရ ဆောင်ရန်၊ရှောင်ရန်များ

[email protected]_citizen

၂၀၂၀ ခုနှစ်အတွက် တရုတ်နှစ်ကူးကတော့ မကြာခင် ဇန်နဝါရီလ (၂၅) ရက်နေ့က ကျရောက်တော့မှာပဲဖြစ်ပါတယ်။ ရိုးရာနှစ်သစ်ကူးပွဲတော်တွေထဲမှာမှ တရုတ်နှစ်ကူးဟာဆိုရင် ကမ္ဘာတစ်ဝှမ်း ဒုတိယမြောက် ဆင်နွှဲသူအများဆုံး နှစ်ကူးပွဲတော်ဆိုရင် မမှားနိုင်ပါဘူး။

ဒီနှစ်အတွက်ကတော့ ကြွက်နှစ်ဖြစ်ပါတယ်တဲ့။ ကြွက်နှစ်ဖွားတွေကတော့ ၁၉၆၀၊ ၁၉၇၂၊ ၁၉၈၄၊ ၁၉၉၆ နဲ့ ၂၀၀၈ ခုနှစ်ဖွား တွေပဲဖြစ်ပါတယ်။ နှစ်ကူးရောက်ဖို့လည်း သိပ်မလိုတော့ဘူးဆိုတော့ နှစ်ကူးနဲ့ပတ်သက်ပြီး တရုတ်လူမျိုးတို့ရဲ့ ယုံကြည်မှုအရ ဘယ်လိုအရာမျိုးတွေကို ရှောင်သင့်တယ်၊ ဘယ်လိုအရာမျိုးတွေကို ဆောင်သင့်တယ်ဆိုတာလေးတွေ တစ်ချက်လောက် ကြည့်လိုက်ရအောင်လား။

[email protected]

(၁) နှစ်ကူးကာလမှာ အမည်းရောင်နဲ့အဖြူရောင်ကို ဝတ်ရင် တစ်နှစ်ပတ်လုံး လဘ်တိတ်တတ်သတဲ့။ အထူးသဖြင့် နှစ်အစရက်မှာပေါ့။

(၂) နှစ်သစ်ကူးရဲ့ ၅ ရက်မြောက်နေ့အထိ တံမြက်လှည်းတာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ အမှိုက်ပစ်တာတွေကို လုပ်လေ့မရှိပါဘူး။ သင့်ရဲ့ကံကောင်းခြင်းတွေကို အိမ်ထဲကနေ လှည်းထုတ်လိုက်သလိုဖြစ်နေလို့ါပတဲ့။

READ
ထူးဆန်းတဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ဥရောပမှ နတ်ဆိုးတံတားများ

(၃) တစ်နှစ်ပတ်လုံး ကောင်းခြင်းနဲ့ကြုံတွေ့ချင်တယ်ဆိုရင်တော့ နှစ်ကူးပြီးခါစ ၂ ရက်မြောက်တဲ့နေ့အထိ ခေါင်လျှော်၊ ဆံပင်ညှပ်မလုပ်ကြပါဘူး။

(၄) နှစ်သစ်ကူးကူချင်းရက်မှာ အိမ်ရှိ တံခါးတွေ၊ ပြူတင်းပေါက်တွေအားလုံးကို ဖွင့်ဟပေးထားပါ၊ လဘ်ဝင်ပါတယ်။

(၅) နှစ်ကူးရဲ့ ၃ ရက်မြောက်နေ့ကို Chi Kou Ri (Chi Gou Ri) လို့ ခေါ်ပါတယ်။ အဲဒီနေ့မှာ အိမ်လည်သွားရင်၊ ဧည့်သည်လက်ခံရင် စကားများခြင်းနဲ့ ခိုက်ရန်ဖြစ်ပွားခြင်းတို့ကို ဖြစ်စေပါသတဲ့။

[email protected]

(၆)  နှစ်ကူး ပထမရက်နဲ့ ဒုတိယရက်တို့ဟာ တရုတ်ရိုးရာ ရေနတ်ဘုရား Shuishen ရဲ့ မွေးနေ့ဖြစ်တဲ့အတွက် အဝတ်လည်း မလျှော်ကြဘူးတဲ့။

(၇) နှစ်ကူးကာလမှာ ငိုခဲ့သည်ရှိသော် တစ်နှစ်လုံး ကံမကောင်းဘူးဆိုတဲ့အယူကလည်း ရှိသေး။

READ
(၁၆.၆.၁၈)မှ (၂၂.၆.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

(၈) မီးဖိုချောင်ထဲ၊ ဧည့်ခန်းထဲ လိမ္မော်သီးထားခြင်းဟာ ပစ္စစည်းဥစ္စာတိုးပွားစေပြီး လဘ်လာဘရွှင်စေသတဲ့။

(၉) Ang Bao ပေးရင် မ ကဏန်းပေးလို့မရပါဘူး။

(၁၀) Ang Bao ဟာ ကလေးများ၊ လူလွတ်များအတွက်သာဖြစ်ပါတယ်တဲ့။ အိမ်ထောင်မရှိတဲ့ အပျိုကြီး၊ လူပျိုကြီးတွေဆိုရင်လည်း သူတို့က ပေးရတာမျိုးမဟုတ်ဘဲ လက်သာ လက်ခံခွင့်ရှိပါတယ်တဲ့လေ။

[email protected]

Asia One မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Penny

SHARE