စမတ်ဖုန်းအသစ်မဝယ်ခင် ဝယ်ပြီးမှ နောင်တမရစေဖို့ စဉ်းစားရမယ့် အချက် ၅ ချက်

ဖုန်းအသစ် ဝယ်ချင်/လဲချင်တဲ့အခါ ဈေးနှုန်းရော အရည်အသွေးရော ကိုယ့်စိတ်တိုင်းကျ ရဖို့ ရွေးချယ်ရတာ နည်းနည်းတော့ စိတ်ဖိစီးစေပါတယ်။ ဘေးလူတွေ ညွှန်းတာတွေလည်း လိုက်ကြည့်ရ၊ မြင်ဖူး ကြားဖူးတဲ့ ပစ္စည်းအမျိုးအစားတွေကိုလည်း လိုက်စုံစမ်းနဲ့ ဖုန်းဝယ်ပြီးရင် နောင်တ မရစေဖို့ သေချာဂရုတစိုက် စဉ်းစားကြရပါတယ်။

ဒါကြောင့် ဖုန်းအသစ်ဝယ်မယ့်သူတိုင်း ကိုယ်ဘာလိုချင်လဲဆိုတာကို မြန်ဆန်ထိရောက်စွာ ဆုံးဖြတ်နိုင်စေဖို့ အောက်ပါအချက်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်ကိုင်မယ့် ဖုန်းက လူသိပြီးသား နာမည်ရှိပြီးသား ကုမ္ပဏီက ဖြစ်ပြီးသားဆိုရင်တော့ အပိုပစ္စည်းအတွက်ရော၊ အာမခံအတွက်ပါ ပိုစိတ်ချရပါတယ်။ တံဆိပ်တစ်ခုက လူသုံးများပြီးသားဆိုရင် သုံးရတဲ့ အခြေအနေ၊ အရည်အသွေး ဘယ်လိုရှိလဲဆိုတာ လက်တွေ့ကျကျ review တွေကို မေးစမ်းကြည့်နိုင်ပါတယ်။ ဒါကြောင့် လူသုံးနည်းတဲ့ ဖုန်းအမျိုးအစားထက် လူသုံးများတဲ့ ဖုန်းထဲကမှ ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်တဲ့ ဖုန်းတံဆိပ်ကို ရွေးချယ်သင့်ပါတယ်။

Shutterstock

(၂) ဖုန်းရဲ့ ကြင်အင်လက္ခဏာတွေထဲမှာ အရေးကြီးတဲ့ တစ်ချက်ကတော့ display ပိုင်းပါ။ အောက်ဒိုးတွေမှာ အသုံးပြုရလွယ်အောင် အလင်းကို လုံလောက်စွာ တင်လို့ရရဲ့လား၊ စာလုံးတွေ အရောင်တွေ ပြတ်သားရဲ့လားဆိုတာ အရေးကြီးပါတယ်။ သင်က မျက်နှာပြင်ကြီးတဲ့ ဖုန်းကို ဝယ်မယ်ဆိုရင် resolution ကို 1920 x 1080p အနည်းဆုံးရှိတာ ဝယ်သင့်ပါတယ်။ ငွေပိုသုံးဖို့ စဉ်းစားထားတယ်ဆိုရင်တော့ 2560 x 1440 Quad HD လောက်ကို ဝယ်သင့်ပါတယ်။

READ
၂၀၁၉ ခုနှစ်အတွင်း ဝယ်ဖို့အသင့်တော်ဆုံး ခရီးဆောင် ဓာတ်ပုံ printer ၅ မျိုး

(၃) နောက်တစ်ချက်က ဘက်ထရီကို ထည့်စဉ်းစားသင့်ပါတယ်။ တစ်နေ့လုံး အသုံးလိုနေတာအတွက်ဆိုရင် အားသွင်းမြန်တဲ့ ဘက်ထရီနဲ့ စမတ်ဖုန်းကို ရွေးသင့်ပါတယ်။ ယခုနောက်ပိုင်း Android ဖုန်း တော်တော်များများမှာ ဖုန်းတွေနဲ့ တွဲလျက်ပါတဲ့ အားသွင်းကြိုးတွေက မိနစ်အနည်းငယ်အတွင်း အားတစ်ဝက်လောက်ကို ပြည့်စေပါတယ်။ iPhone အတွက်ဆိုရင်တော့ အားပြည့်မြန်စေဖို့ iPad အားသွင်းကြိုးကို ဆောင်ထားသင့်ပါတယ်။

Shutterstock

(၄) ခုခေတ်မှာတော့ လူတွေ ဦးစားပေးမေးတတ်ကြတာကတော့ device ရဲ့ storage ဘယ်လောက်လဲဆိုတာပါ။ App ဆိုဒ်တွေလည်း ကြီးလာတဲ့အတွက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို cloud မှာ မသိမ်းဘူး၊ SD ကတ်ဝယ်မဆိုက်ဘူးဆိုရင် internal storage အနည်းဆုံး 64 GB လောက်ကို ဝယ်သင့်ပါတယ်။

(၅) ကင်မရာကောင်းမကောင်းကတော့ အရေးအကြီးဆုံး အချက်တွေထဲက တစ်ချက်ပါ။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါရင်တော့ ကင်မရာကောင်းကောင်း ပါတဲ့ ဖုန်းကို ရွေးချယ်သင့်ပါတယ်။

READ
Credit Card အရွယ်အစားလောက်သာရှိတဲ့ ဖုန်းကို ဂျပန်ကုမ္ပဏီမိတ်ဆက်ပေးမည်
Shutterstock

ထည့်စဉ်းစားသင့်တဲ့ ကျန်အချက်တွေထဲမှာတော့ စပီကာတွေကောင်းမကောင်း၊ ဘယ် os နဲ့လဲ၊ 4G 5G ရ မရ စတာတွေ ပါဝင်ပါတယ်။ ယခုနောက်ပိုင်း မော်ဒယ်မြင့်ဖုန်း (Galaxy S9 တို့ iPhone X တို့) ဆိုရင် stereo speaker တွေ ပါဝင်ပါတယ်။ Stereo speaker ဆိုတာကတော့ ဖုန်းရဲ့ အပေါ်ရော အောက်ရော ဒါမှမဟုတ် ဘယ်ညာ နှစ်ဘက်စလုံးကနေ အသံထွက်တာမျိုးပါ။ နားကျပ် jack ပေါက် ပါတဲ့ မပါတဲ့ ဖုန်းတွေလည်း အမျိုးမျိုး ကွဲပြားစွာ ထွက်ရှိနေတဲ့အတွက်လည်း ကိုယ့်စိတ်ကြိုက်ဖြစ်အောင် သေချာရွေးချယ်နိုင်ကြဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Shwemom

SHARE