အလုပ်တစ်ခုကို လက်မခံခင် ဒါတွေ သေချာစဉ်းစားပါ။

အချို့သူတွေက အလုပ်(Job Offer)တစ်ခုကို လက်မခံခင် သေသေချာချာစဉ်းစားလေ့မရှိပါဘူး။ အကျိုးဆက် အနေနဲ့အလုပ်မှာမပျော်ရွှင်ပဲ စိတ်ဖိစီးမှုတွေများတာကိုတွေ့ဖူးပါတယ်။ တစ်ချို့ကလည်း သည်းမခံနိုင်ပဲအလုပ်ထွက်သွားကြပါတယ်။ အလုပ်တစ်ခုမှာ လပိုင်းလေးပဲကြာတယ်ဆိုတာ ရေရှည်အတွက်တော့ သိပ်မကောင်းလှပါဘူး။ ဒါကြောင့်အလုပ်တစ်ခုကို လက်မခံခင်မှာသေချာစွာ စဉ်းစားသင့်ပါတယ်။ သင်အင်တာဗျူးတစ်ခုအောင်သွားပြီဆိုပါစို့။ အလုပ်အတွက်လည်း ကမ်းလှမ်းခြင်းခံရပြီဆိုရင် သင်ချက်ချင်းလက်ခံဖို့မလိုသေးပါဘူး။ သင်စဉ်းစားဖို့အချိန်ယူသင့်ပါတယ်။ အောက်ပါအချက်များကို စဉ်းစားပြီးမှ သေချာဆုံးဖြတ်ပါ။

  • သင်လုပ်ရမည့်အလုပ်ကို သင်သေချာနားလည်ပါသလား?

သင်လုပ်ရမည့်အလုပ်ကိုသေချာစွာသိထားဖို့လိုပါတယ်။ သင်နားမလည်နိုင်တဲ့အရာတွေရှိရင်လည်း ဘယ်လို
အကူအညီမျိုးရနိုင်မလဲ မေးပါ။ ကိုယ်လုပ်ရမယ့်အလုပ်ကို သေချာစွာသိထားဖို့လိုပါတယ်။

  • သင့်ရဲ့ရာထူးကိုရောကျေနပ်ရဲ့လား?

ဥပမာ သင့်ရာထူးက Marketing ဆိုပါစို့။ Marketing Officer သို့မဟုတ် Marketing Assistant စသဖြင့်
နာမည်ပေါင်းစုံရှိပါတယ်။ ဒီရာထူးနာမည်တွေနဲ့ပက်သက်ပြီး သင်မကျေနပ်တာမျိုးရှိရင် တစ်ခါတည်းဆွေး
နွေးပါ။ ကိုယ့်ရဲ့ ရာထူးနာမည်ဟာ တစ်ခါတစ်လေ နောက်အလုပ်တစ်ခုပြောင်းတဲ့အခါ အရေးကြီးနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

  • သင့်ရဲ့တစ်နေ့တာအလုပ်ကရောဘယ်လိုမျိုးလဲ? Targetကရော ခန့်မှန်းခြေဘယ်လောက်လဲ?
READ
ဒုတိယကမ္ဘာစစ်က ဗုံးကြဲလေယာဉ်စက်ရုံပေါ်မှာ အမေရိကန်တည်ဆောက်ခဲ့တဲ့ မြို့တုကြီး

ထိုအရာများကိုသိအောင်မေးမြန်းပါ။စုံစမ်းပါ။ လုပ်ငန်းတိုင်းမှာ သင်ပြီးမြောက်ရမည့် Targetများ ရှိပါတယ်။
သင့်အတွေ့အကြုံ၊အရည်အချင်းနဲ့ သူ့Targetတွေကိုက်ညီမှုရှိရဲ့လားစဉ်းစားပါ။ ကိုယ်မလုပ်နိုင်တဲ့အရာကို ချက်ချင်း လက်ခံဖို့ မလိုပါဘူး။

  • အလုပ်ချိန်ကဘယ်လိုလဲ?

မနက်၉နာရီကနေညနေ၅နာရီလား? မနက်၉နာရီခွဲကနေ ညနေ၆နာရီခွဲထိလား?သေသေချာချာ စုံစမ်းပါ။
သင့်အတွက်အဆင်မပြေရင် ဆွေးနွေးကြည့်ပါ။ နောက်ပိုင်းမှ အဆင်မပြေရင်ပြန်လည် ညှိနှိုင်းဖို့မလွယ်ပါဘူး။

  • ဒီအလုပ်(Job Offer)ကိုလက်ခံအကြောင်း ဘယ်တော့နောက်ဆုံးထားအကြောင်းကြားရမလဲမေးပါ။

သင်ဘယ်တော့နောက်ဆုံးပြန်အကြောင်းကြားပေးရမလဲမေးပါ။ တစ်ခါတစ်လေသူက အမြန်လိုနေရင်
တော့ သင်အမြန်ဆုံး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

  • သင့်လစာက သင့်အတွက်ရောလုံလောက်ရဲ့လား?

သင်ကအခုမှစလုပ်တဲ့ သူဆိုရင်တောင်စဉ်းစားသင့်ပါတယ်။ အရမ်းကြီးနည်းနေရင်တော့ လက်မခံသင့်
ပါဘူး။ ဒါပေမယ့်နောက်တစ်ခုစဉ်းစားလို့ရတာကတော့ လစာနည်းပေမယ့် အခြားဘယ်လိုအခွင့်အရေး
တွေရနိုင်သေးလည်းဆိုတာပါပဲ။ တစ်ချို့တွေကလစာနည်းပေမယ့် အခြားအခွင့်အရေးတွေမှာပိုပေး
လေ့ရှိပါတယ်။ ထိုအချက်ကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။

  • ကုမ္ပဏီကပေးတဲ့အခြားအကျိုးခံစားခွင့်၊ သင်တန်းစတာတွေရောရှိပါသလား?

တစ်ချို့ကုမ္ပဏီတွေက Trainingတွေလည်းပေးလေ့ရှိပါတယ်။ ဒါကြောင့်ဒီအချက်ကိုလည်း ထည့်သွင်း
စဉ်းစားဖို့လိုပါတယ်။

  • သင့်ရဲ့ Supervisor ကရောဘယ်လိုမျိုးလဲ?
READ
Tattoo ထိုးခြင်းရဲ့နောက်ကွယ်က လေးနက်တဲ့အကြောင်းအရင်းလေးတွေ ... ...

ဒီအကြောင်းအရာကတော့ ပြည်တွင်းကုမ္ပဏီများမှာလုပ်နေတဲ့သူများထက် နိုင်ငံတကာကုမ္ပဏီမှာလုပ်
နေတဲ့သူများအတွက် ပိုသင့်တော်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေ မှာတော့ အလုပ်လက်မခံခင်
Supervisorနဲ့စကားပြောကြည့်တာ အဆန်းမဟုတ်ပါဘူး။ ပြောကြည့်လို့အဆင်မပြေနိုင်ဘူးဆိုရင်တော့
အခြားနေရာမှာ စုံစမ်းပါ။ ဥပမာ ထိုကုမ္ပဏီမှာလုပ်နေတဲ့သင့်မိတ်ဆွေ၊သူငယ်ချင်း၊အသိစသဖြင့်ပေါ့။
သင့်Supervisor ရဲ့သဘောထားကို အကြမ်းဖျင်းသိနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ သင်ဘာတွေ
သင်ယူနိုင်မလဲဆိုတာကိုလည်း မေးနိုင်ပါတယ်။

  • သင့်ရဲ့ရည်မှန်းချက်များနဲ့ကိုက်ညီရဲ့လား?

ထိုကုမ္ပဏီမှာ အလုပ်လုပ်ခြင်းဖြင့် သင့်ရည်မှန်းချက်နဲ့နီးလာမှာလား? သင့်ရဲ့ပန်းတိုင်ဆီကိုသွားဖို့
ထိုကုမ္ပဏီက လှေကားထစ် တစ်ခုဟုတ်ရဲ့လား? သင့်အရည်အချင်းတွေကိုရော အပြည့်အဝအသုံးချ
နိုင်မည့်နေရာတစ်ခုဟုတ်ရဲ့လား? ဒီအချက်များ အားလုံးကို သေချာစွာစဉ်းစားရမှာဖြစ်ပါတယ်။
သင်မပျော်ရွှင်တဲ့အလုပ်မှာ မအောင်မြင်နိုင်တာကြောင့် အထက်ပါအချက်များကိုသေချာစဉ်းစားဖို့
အကြံပေးချင်ပါတယ်။

 

SHARE