တောင်ကိုရီးယားကို ရောက်တဲ့အခါ သွားလည်ကိုလည်သင့်တဲ့ နေရာ (၁၀) ခု

၂၀၁၈ ခုနှစ် ဇူလိုင်လမှာတော့ တောင်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်ဖို့အတွက် ခရီးသွားဗီဇာတွေကို သတ်မှတ်ထားတဲ့ ခရီးသွားအေဂျင်စီတွေကနေသာ  ရရှိနိုင်မှာဖြစ်တယ်လို့ ကြေညာခဲ့ပြီဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့ သင့်ရဲ့ ကိုရီယားသွားချင်စိတ်ကို အနှောင့်ယှက်တော့ အဖြစ်မခံလိုက်ပါနဲ့။ ပိုက်ဆံကုန်ရတာလည်း တန်ပြီး သင့်ကိုလည်း စိတ်ပျော်ရွှင်ကျေနပ်မှုပေးနိုင်မယ့်အပြင် အမိုက်စား ဓါတ်ပုံတွေလည်း ရိုက်လို့ရတဲ့  တောင်ကိုရီးယားမှာ ရှိတဲ့ သွားလည်ကိုလည်သင့်တဲ့ နေရာ (၁၀) ခုကို အခုပဲကြည့်လိုက်ရအောင်..။

၁။ ဟန်မြစ်မှာ စက်ဘီးစီးကြမယ်

cosmo.ph

ဟန်မြစ်ဘေးမှာ စက်ဘီးရင်းနဲ့ မြို့ရဲ့ အလှကို ခံစားနိုင်ပါတယ်။ နေဝင်ဆည်းဆာ အချိန်လောက် သွားစီးတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ ပန်ခြံတွေထဲလည်း ဝင်လည်ရင်းနဲ့ စက်ဘီးစီးရင်း မောလာတဲ့အခါ ဟန်မြစ်ဘေးမှာ ထိုင်ပြီး အပန်းဖြေလို့လည်း ရပါတယ်။ ဟန်မြစ်ဘေးမှာ ထိုင်တဲ့အခါစားဖို့ ကုန်စုံဆိုင်တွေကနေ မုန့်တွေ ဝယ်သွားဖို့ မမေ့နဲ့ဦးနော်။

၂။ ဒုန်ဒေမွန် ပလာဇာမှာ လည်ပတ်ကြမယ်

cosmo.ph
cosmo.ph

ဒုန်ဒေမွန်ဈေးကတော့ တောင်ကိုရီးယားကို လည်ပတ်သူတိုင်းသွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒုန်ဒေမွန်ပလာဇာကတော့ အာကာသယာဉ်ပုံစံ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်တွေထဲမှာလည်း တွေ့ဖူးကြမှာပါ။ ညဘက်အချိန်မှာဆိုရင်တော့ LED နှင်းဆီပန်းတွေကို တဝကြီးကြည်ပြီး ဓါတ်ပုံတွေလည်း ရိုက်နိုင်ပါတယ်။ ဒါအပြင် ကိုရီးယားစတိုင် ခေတ်မှီ အဝတ်အစားတွေကိုလည်း ဒုန်ဒေမွန်တဝိုက်က ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါသေးတယ်။

၃။ ကေပေါ့ ပရိသတ်တွေအတွက် Apgujeong

cosmo.ph

BTS, BLACKPINK, TWICE စတဲ့ ကေပေါ့အဖွဲ့တွေကို ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် ဒီနေရာကတော့ တော်တော်လေးအကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် JYP, Cube Entertainment နဲ့ SM Entertainment တွေကိုလည်း တွေ့ရှိနိုင်ပါသေးတယ်။ ကေပေါ့ ပစ္စည်းတွေ ရောင်းချပေးတဲ့ ဆိုင်တွေလည်း အများကြီးရှိလို့ တဝကြီးလျှောက်ကြည့်ပြီး ဝယ်လို့ရတယ်နော်။

READ
မက္ကဆီကိုမှာ လည်ပတ်စရာနေရာများ

၎။ ကေဒရာမာ ပရိသတ်တွေအတွက် Bukchon Hanok ရွာ

cosmo.ph

ဒီရွာလေးကတော့ Gyeongbokgung နဲ့ Changgyeonggung နန်းတော်နှစ်ခုကြားမှာ ရှိတာဖြစ်ပါတယ်။ ထင်ရှားတဲ့ ဗိသုကာလက်ရာတွေကို တွေ့နိုင်ပြီး ရွာထဲမှာ လည်စရာနေရာတွေလည်း အများကြီးရှိပါတယ်။ ကိုရီးယားဝတ်စုံငှားပေးတဲ့ နေရာမှာ ကိုရီးယားဝတ်စုံငှားဝတ်ပြီး ဂျိုဆွန်းခေတ်ကလို ခံစားမှုမျိုးကိုလည်း ခံစားလို့ရတယ်နော်။ ဒီနေရာမှာတော့ She Was Pretty, Goblin စတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ တော်တော်များများကိုလည်း ရိုက်ကူးခဲ့ပါတယ်။

၅။ Hongdae ကိုသွားပြီး လမ်းပေါ်က ဖျော်ဖြေမှုတွေ ကြည့်ကြမယ်

cosmo.ph

ဈေးဝယ်ထွက်စရာ ဆိုင်တွေ၊ စားစရာဆိုင်တွေပေများလွန်းတဲ့ ဒီနေရာမှာ မလွတ်တမ်းကြည့်ကို ကြည့်သင့်တဲ့ အရာကတော့ Hongdae ရဲ့ လမ်းပေါ်က ဖျော်ဖြေမှုတွေဖြစ်ပါတယ်။ ကေပေါ့ရဲ့ နာမည်အကျော်ဆုံးသီချင်းတွေကို ကပြဖျော်ဖြေနေကြတဲ့ ကောင်လေးတွေ၊ကောင်မလေးတွေကို အုပ်စုလိုက်တွေ့ရမှာပါ။ ကောင်မလေးချောချောလေးတွေ ၊ကောင်လေးချောချောလေးတွေ အများဆုံး တွေ့နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။

၆။ Nami ကျွန်းမှာ အေးအေးဆေးဆေး အနားယူမယ်

cosmo.ph

ကိုရီးယား ခရီးစဉ်ဆိုရင်တော့ Nami ကျွန်းက မပါမဖြစ်ပါပဲ။ ဆိတ်ငြိမ်ပြီး အေးချမ်းတဲ့နေရာ ဖြစ်လို့ စိတ်ဖိစီးတွေကို ပျောက်စေနိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။

၇။ စာဖတ်ပရိသတ်တွေအတွက် COEX Mall

cosmo.ph

သင်က စာဖတ်ပရိသတ်တစ်ယောက်ဆိုရင်တော့ COEX Mall မှာရှိတဲ့ Starfield Library ကို သွားကို သွားသင့်ပါတယ်။ COEX Mall ထဲမှာ ဈေးဝယ်လည်း ထွက်လို့ရသလို ကေပေါ့ဖန်တွေတော့ Super Junior, Girls’ Generationနဲ့ EXO SMTOWN ကိုလည်း ဝင်ရောက်လည်ပတ်လို့ ရပါသေးတယ်။

READ
သဘာဝအတိုင်း ပန်းရောင်ထနေတဲ့ Hillier ရေကန်

၈။ Everland မှာ ဓါတ်ပုံရိုက်ကြမယ်

cosmo.ph

ဆောင်းရာသီအချိန်မှာ လာတယ်ဆိုရင်တော့ ကျူလစ်ပန်းတွေနဲ့ ဓါတ်ပုံတွေ ရိုက်ပြီး အင်စတာဂရမ်မှာ ဓါတ်ပုံတွေတင်လို့ရပါပြီ။ အရုပ်တွေနဲ့လည်း ဓါတ်ပုံ ရိုက်လို့ရတဲ့အပြင် ကမ္ဘာ အရှည်ဆုံးနဲ့ အမတ်စောက်ဆုံး ရိုလာကိုစတာကိုလည်း စီးလိုရတယ်နော်။

၉။ ကမ်းခြေမှာ အပန်းဖြေမယ်

cosmo.ph

ဘူဆန်ကို ရထားစီးသွားပြီး Haeundae ဒါမှမဟုတ် Gangwon-do ကနေတစ်ဆင့် Sokcho ကမ်းခြေကို သွားပါ။ ကိုရီးယားမှာ ကမ်းခြေတွေကို သွားရင်တော့ ကားနဲ့ဆို ၄နာရီ၊ ရထားနဲ့ဆို ၂နာရီ၊ လေယာဉ်နဲ့ဆို ၁နာရီ သွားရပါတယ်။ကိုရီးယားရဲ့ နွေရာသီကတော့ ဇူလိုင်လကနေ သြဂုတ်လအထိဖြစ်ပါတယ်။

၁၀။ N Seoul Tower ကနေ ဆိုလ်းမြို့ရဲ့ အလှကို ခံစားမယ်

cosmo.ph

နေရာတွေ အကုန်လုံးကို လည်ပတ်ပြီးပြီဆိုရင်တော့ ဆိုလ်းမြို့ရဲ့ အလှကို N Seoul Tower ပေါ်ကနေကြည့်ပြီး ရှုစားဖို့ကိုလည်း မမေပါနဲ့ဦး။  N Seoul Tower ပေါ်ကိုတော့ ကေဗယ်ကားစီးပြီးလည်း သွားလို့ရသလို လမ်းလျှောက်တက်ချင်လည်း တက်လို့ရပါတယ်။ ဒီပေါ်မှာတော့ အချစ်သင်္ကေတ သော့ချိတ်တွေလည်း ချိတ်လို့ ရသလို နေဝင်ဆည်းဆာကိုလည်း ကြည့်နိုင်ပါတယ်။

Source: Cosmopolitan

SHARE