Thursday, April 25, 2024
HomeLifestyleသင့်ဘဝကိုမကျေမနပ်ဖြစ်လာတဲ့အခါ မေ့ထားသင့်တဲ့အရာ(၅)မျိုး

သင့်ဘဝကိုမကျေမနပ်ဖြစ်လာတဲ့အခါ မေ့ထားသင့်တဲ့အရာ(၅)မျိုး

တခါတလေ ဘဝမှာမေ့ထားသင့်တဲ့အရာတွေကို မေ့ထားမှ အဆင်ပြေတဲ့အချိန်တွေကို ကြုံဖူးကြမှာပါ။အထူးသဖြင့် ဘာလုပ်လုပ်အဆင်မပြေဖြစ်နေတဲ့အချိန်မျိုး၊ ကိုယ့်ဘဝကိုယ် စိတ်တိုင်းမကျမကျေမနပ်ဖြစ်နေတဲ့အချိန်မျိုးမှာတချို့အရာတွေ ကို မေ့ထားသင့်ပါတယ်။အဲ့လိုမေ့ထားသင့်တဲ့အရာတွေက ဘယ်လိုအချက်တွေလဲဆိုတာ Shwemom ပရိသတ်ကြီး သိရှိနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

(၁)အတိတ်ကိုမေ့ထားပါ

woman in white shirt with green background
Photo by Anastasiya Lobanovskaya on Pexels.com

တခါတလေ အဆင်ပြေခဲ့တဲ့အတိတ်တွေ၊အဆင်မပြေခဲ့တဲ့ relationshipတွေအကြောင်းပြန်တွေးလိုက်ရင် အခုလက်ရှိကြုံတွေ့နေရတဲ့ဘဝကြီးကိုပိုပြီးမကျေမနပ်ဖြစ်ရတဲ့အချိန်တွေကြုံဖူးကြမှာပါ။အတိတ်တွေက လူတစ်ယောက်ရဲ့ ပုံရိပ်ကိုပြသတယ်ဆိုပေမယ့် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အရာကတော့ လက်ရှိအခြေအနေပဲဖြစ်ပါတယ်။ဒါကြောင့် အတိတ်ကိုပြန်တွေးပြီးစိတ်ညစ်နေမယ့်အစား ကိုယ့်ဘဝကိုကျေကျေနပ်နပ်လက်ခံနိုင်ဖို့အရေးကြီးပါတယ်။

(၂)အချိန်တွေကိုမေ့ထားပါ

ဒီအချက်ကတော့ တခါတလေလူတွေမှာ ဖိအားပေါင်းစုံနဲ့ရင်ဆိုင်ရလေ့ရှိပါတယ်။အဲဒီဖိအားတွေထဲမှာအချိန်ကန့်သတ်မှု ကလည်းတစ်ခုအပါအဝင်ပါပဲ။သင့်အိပ်မက်တွေက ဘယ်အချိန်မှအကောင်အထည်ပေါ်နိုင်မလဲဆိုတာ အတိအကျမသိနိုင် သလို အဲဒီလိုအချိန်ကန့်သတ်ချက်တွေနဲ့လှုပ်ရှားရတဲ့သင့်အနေနဲ့လည်း တနင့်တပိုးဖိအားမျိုးခံစားရစေမှာပါ။ဒါကြောင့် သင်လုပ်စရာရှိတဲ့အလုပ်တွေကို ဒီနေ့ပဲစတင်လိုက်ပါ။သင့်ရဲ့လုပ်ဆောင်ချက်တွေကို ပစ္စုပ္ပန်တိုင်းမှာ အကောင်အထည်ဖော်ပါ။

(၃)အပြောင်းအလဲကိုမေ့ထားပါ

ဘဝမှာ စိန်ခေါ်မှုများစွာ၊အပြောင်းအလဲများစွာနဲ့ရင်ဆိုင်ရတတ်ပါတယ်။အဲဒီအခါ အပြောင်းအလဲကိုအာရုံမထားဘဲ အပြောင်းအလဲကြောင့်ဖြစ်လာမယ့်ရလဒ်ကိုသာ အကောင်းဆုံးဖြစ်အောင် လိုက်လျောညီထွေဆောင်ရွက်ပါ။ယုတ်စွအဆုံး ချစ်သူကထားခဲ့ရင်တောင်သူင့ါကိုလုပ်ရက်လေခြင်းလို့ တွေးပြီးဝမ်းနည်းကြေကွဲနေမယ့်အစားသူမရှိတဲ့နောက်အဆင်ပြေအောင် ငါဆက်ပြီးဘယ်လိုရှင်သန်မလဲဆိုတဲ့ အပြောင်းအလဲနဲ့လိုက်လျောညီထွေဖြစ်ဖို့ကြိုးစားခြင်းကို ဆိုလိုခြင်းဖြစ်ပါ တယ်။

(၄)ကိုယ့်ကိုဒုက္ခဖြစ်စေမယ့်သူတွေကို မေ့ထားလိုက်ပါ

woman sitting on top of building s edge
Photo by Oziel Gómez on Pexels.com

သင့်အနီးနားမှာရှိနေတဲ့သူတွေအားလုံး အရိုးသားဆုံးနဲ့အကျိုးတစ်စုံတစ်ရာမျှော်ကိုးခြင်းမရှိတဲ့သူတွေချည်းပဲမဟုတ်ပါဘူး။ သင့်ရဲ့အချိန်တွေကိုဖဲ့ယူတဲ့နည်းနဲ့သင့်ဘဝကိုအဆိပ်အတောက်ဖြစ်နေစေတဲ့သူတွေလည်းရှိနိုင်ပါတယ်။ဒါကြောင့် သင့် အတွက်တစ်စုံတစ်ရာ အကျိုးမဖြစ်ထွန်းစေတဲ့သူတွေနဲ့အချိန်မဖြုန်းမိဖို့အရေးကြီးပါတယ်။

(၅)စံသတ်မှတ်ချက်၊ ထုံးစံတွေကိုမေ့ထားပါ

တခါတလေ ကိုယ့်ရဲ့နေထိုင်မှုပုံစံက ပတ်ဝန်းကျင်ရဲ့ဖြစ်ရိုးဖြစ်စဉ်အလေ့အထတွေနဲ့အံ့ဝင်ခွင်ကျမဖြစ်တာမျိုးလည်းကြုံ ရလေ့ရှိပါတယ်။ဥပမာအသက်ကြီးနေလို့ကြိုးစားလည်းဘာမှမထူးတော့ဘူးဆိုတာမျိုး၊ငါတို့အရွယ်ကတော့မသင့်တော်တော့ပါဘူး၊ငယ်ရွယ်တုန်းကြိုးစားရတာဆိုတဲ့အတွေးအခေါ်မျိုးက ကိုယ့်ဘဝကိုယ်စိတ်တိုင်းကျစီမံခန့်ခွဲဖို့အဟန့် အတားဖြစ်စေတဲ့အတွေးအခေါ်တွေဖြစ်ပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:lifehack.org

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading