တရုတ်မော်ဒယ် Ming Xi နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၁၀) ချက်

ဆယ်လီတွေရဲ့ အကြောင်းကို အပတ်စဉ်ဖော်ပြ ပေးလျက်ရှိပြီး ဒီတစ်ပတ်မှာတော့ Shwemom စာဖတ်သူတွေ အတွက် တရုတ်မော်ဒယ် Ming Xi ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။သူမကို Victoria Secret Fashion Show တစ်ခုမှာ စပြီး သတိထားမိခဲ့တာပါ။Show လျှောက်ရင်း လဲ ကျသွားခဲ့တဲ့ သူမရဲ့ သတင်းကတော့ အဲ့ဒီ တုန်းက တော်တော်လေး နာမည်ကြီးခဲ့ပါတယ်။ မကာအို ကာစီနိုလောင်းကစားလောကရဲ့ ဘုရင်တစ်ပါးလို့ တောင် တင်စားခံထားရတဲ့ သူဌေးကြီး Stanley Ho ရဲ့ သား Mario Ho  ဆီက လက်ထပ်ခွင့်တောင်းခံထားရတဲ့ မော်ဒယ် အချောလေးရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Ming Xi’s IG

 

(1)သူမရဲ့ Biography

Ming Xi’s IG

တရုတ်မော်ဒယ် Ming Xi  ကိုတော့ (၁၉၈၉)ခုနှစ် မတ်လ (၈)ရက်နေ့က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ မွေးဖွား ခဲ့ တာပါ။သူမရဲ့ အရပ်ကတော့ (၅)ပေ (၁၀) လက်မပါ။ရှန်ဟိုင်း Donghua  တက္ကသိုလ် ကနေ ဘွဲ့ရခဲ့တာပါ။ဖက် ရှင်ဒီဇိုင်းနဲ့ သရုပ်ဆောင် မေဂျာပါ။

(2)စတင်နာမည်ကြီးလာတာက…

Ming Xi’s IG

သူမကို လူတွေက စပြီး သတိထားမိလာတာကတော့ Let’s Go! Oriental Angels ကပါ။အဲ့ဒါကတော့ တရုတ် reality TV show ပါ။American Idol တို့လို Show မျိုးပါ။(၂၀၀၉)မှာတော့ သူမဟာ ရှန်ဟိုင်းဇုန်ရဲ့ Top 5 နေရာကို ရောက်လာခဲ့ပါတယ်။

(3)ဖက်ရှင်လောက ကို ပွဲဦးထွက်ခဲ့တာက…

Ming Xi’s IG

သူမဟာ (၂၀၀၉)ခုနှစ် အောက်တိုဘာလမှာ ဖက်ရှင်လောကထဲကို စတင်ဝင်ရောက် လာခဲ့တာပါ။တရုတ် ရဲ့ ကိုယ် စားပြု အနေနဲ့ Elite Model Look ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယနေရာကို ရခဲ့ပါတယ်။အဲ့ဒီမှာပဲ Elite နဲ့ လက်မှတ်ထိုးခဲ့ပြီး နာမည်ကြီး ဖက်ရှင် Brand တွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပါတယ်။သူမကို သဘော ကျခဲ့တဲ့ ဖက်ရှင် Brand တွေထဲမှာ Dior နဲ့ Vivienne Westwood တို့လို ကမ္ဘာကျော် Brand တွေလည်း ပါပါတယ်။

(4)တရုတ်ရဲ့ ထိပ်တန်းမော်ဒယ်တွေထဲက တစ်ယောက်ဖြစ်ခဲ့

Ming Xi’s IG

သူမဟာ တရုတ်ရဲ့ ထိပ်တန်းစူပါမော်ဒယ်စာရင်းဝင်တွေထဲက တစ်ယောက်ပါ။Liu Wen, Sun Feifei ၊ Shu Pei တို့ လို နာမည်ကြီး တွေနဲ့ အတူ ဒီစာရင်းမှာ ပါဝင်ခဲ့တာပါ။တရုတ်ရဲ့ နိုင်ငံပိုင်မီဒီယာ Xinhua news agency ရဲ့ ၀က်ဘ်ဆိုက် Xinhuanet ကနေ ဖော်ပြခြင်းခံခဲ့ရတာပါ။

READ
ကမ်းခြေထက်မှာ ဆွဲဆောင်မှုရှိရှိလှနေတဲ့ အလှပုံရိပ်တွေ မျှဝေလိုက်တဲ့ ဘေဘီမောင်

(5)Barbie လေးလို့ လူသိများခဲ့သူ

Ming Xi’s IG

သူမကိုတော့ Barbie လေးလို့ လူသိများခဲ့ပါတယ်။အနောက်နိုင်ငံတွေက သူမရဲ့ နာမည် “Mengyao” ကို အသံ မထွက်တတ်ပဲ “Ming”  လို့ပဲ ခေါ်ကြတာမို့ နာမည်ကိုပါ “Ming”  ဆိုပြီး ပြောင်းလဲ ခဲ့ပါတယ်။

(6)Victoria’s Secret fashion Runway ထက်မှာလဲကျခဲ့ဖူး

pinterest

She tripped on the catwalk of the first-ever တရုတ်မှာ ကျင်းပတဲ့ Victoria’s Secret fashion show ရဲ့ Runway ထက်မှာ လဲကျခဲ့ဖူးပါတယ်။ဒီလိုလဲ ကျလိုက်တာကပဲ သူမကို ပိုပြီး နာမည်ကြီးစေခဲ့တာပါ။လဲကျ သွား ပေမယ့် သူမဟာ ပရိသတ်တွေဆီကရော မီဒီယာတွေ ဆီကပါ အားပေးလက်ခုပ်သံတွေ အများကြီးရခဲ့ပါတယ်။လဲ ကျ သွားတာတောင်မှ အကောင်းဆုံး လျှောက်လှမ်းပြနိုင်ခဲ့ပါတယ်။

(7)ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ဖူး

Ming Xi’s IG

This Is Not What I Expected (2017) ဆိုတဲ့ ဇာတ်ကားမှာ Takeshi Kaneshiro ၊ Zhou Dongyu တို့ နဲ့ အတူ သရုပ်ဆောင်ခဲ့ပါတယ်။နောက်ထပ်ဇာတ်ကားအနေနဲ့ဆိုရင် Kill Mobile (2018) မှာ Tong Dawei ၊Ma Li တို့ နဲ့ အတူ သရုပ်ဆောင်ခဲ့ပါတယ်။Kill Mobile ကတေည့ အီတလီဇာတ်ကား Perfect Strangers (2016) ကို ပြန်လည် ဖန်တီးထားတဲ့ Remake ဇာတ်ကားပါ။

(8)ကာစီနိုဘုရင် သူဌေးကြီးရဲ့ သားနဲ့ အကြောင်းပါ

Ming Xi’s IG

မကာအိုကာစီနိုလောင်း ကစားလောကရဲ့ ဘုရင်တစ်ပါလို့ တောင် တင်စားခံထားရတဲ့ သူဌေးကြီး Stanley Ho ရဲ့ သား Mario Ho  နဲ့ အကြောင်းပါခဲ့သူပါ။Ming Xi ကတော့ အသက် (၃၀)ဖြစ်ပြီး Mario Ho ကတော့ (၂၄)မို့ မောင်လေးနဲ့ မမ စုံတွဲပါ။သူမနဲ့ Mario Ho ရဲ့ အစ်မအကြီး Sabrina Ho တို့က အရမ်းခင်ကြတဲ့ သူ ငယ်ချင်း မိတ် ဆွေ တွေပါ။ဒီလိုနဲ့ပဲ Ming Xi နဲ့ Mario Ho  တို့နှစ်ယောက် Sabrina ရဲ့ မိတ်ဆက်ပေးမှုကြောင့် ခင်လာကြတာပါ။ တရုတ် reality dating show  Mr Left Mr Right မှာ ပါဝင်ခဲ့ပြီးနောက်မှာတော့ Xi နဲ့ Mario တို့ နှစ်ယောက် ဟာ ချစ်သူတွေ ဖြစ်သွားခဲ့ပါတယ်။

READ
2016ရဲ့ ဆက်စီအကျဆုံးအမျိုးသား(၁၀)ယောက်
pinterest

(9)ရိုမန်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခံရ

Ming Xi’s IG

(၂၀၁၉) မေလ (၁၃) ရက်နေ့မှာတော့ Ming Xi တစ်ယောက် သူမရဲ့ ချစ်သူ Mario Ho ဆီကနေ  လက်ထပ်ခွ င့်တောင်းခံခဲ့ရပါတယ်။Mario Ho ကတော့  မကာ အို ကာစီနိုလောင်း ကစားလောကရဲ့ သူဌေးကြီး Stanley Ho ရဲ့ သားပါ။အဲ့ဒီမိသားစုဟာ ဘယ်လောက်ထိ ချမ်းသာသလဲ ဆိုရင်တော့ ကြွယ်ဝချမ်းသာမှုဟာ မတ်(၂၀၁၈) အထိ စစ်တမ်းအရ အမေရိက န်ဒေါ်လာ(၂.၅) ဘီလီယံရှိပါတယ်။သူဌေးကြီးရဲ့ သမီး Pansy Ho ဟာဆိုရင်တော့ ဟော င်ေ ကာင် ရဲ့ အချမ်းသာဆုံး အမျိုးသမီး စာရင်းမှာ ပါဝင်တဲ့ အထိ ချမ်းသာကြွယ်ဝသူတစ်ယောက်ပါ။ရှန်ဟိုင်းရဲ့ L’Avenue Mall မှာ Mario Ho က သူမရှေ့မှာ ဒူးထောက်ပြီး ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာပါ။

pinterest

(10)Ming Xi ရဲ့ Instagram

 

View this post on Instagram

 

@victoriassecret 💗💗💗💗

A post shared by Ming Xi (@mingxi11) on

သူမရဲ့ IG မှာတော့ (၂၀၁၉) မေလ(၂၇)ရက်နေ့ အထိ Followers (1.6)သန်းရှိပါတယ်။

Source Asiaone/Wiki

SHARE