It’s Okay To Not Be Okay ဇာတ်ကား အကြောင်း သင်မသိသေးတဲ့ အချက်(၈)ချက်
Image:tvN
It’s Okay To Not Be Okay  ဇာတ်ကား က တော့ k drama ဇာတ်ကားတွေကို ကြိုက်တဲ့ ပရိသတ်တွေ ကြားမှာ အရမ်းကို နာမည်ကြီးနေပါတယ်။ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေ မသိ လောက် သေးတဲ့ အချက် တွေ ကိုတော့ Asia One မှာ အခုလို စုစည်းဖော်ပြထားပါတယ်။
ကော်ဖီဆိုင်မှာ ရိုက်
Image:tvN
စိတ်ကျန်းမာရေး ဆေးရုံ ဆိုပြီး တကယ် တော့ Gangwon ပြည်နယ်မှာရှိတဲ့  Secret Blue ဆိုတဲ့ ကော်ဖီ ဆိုင် မှာ ရိုက်တာပါ။ဆေးရုံရဲ့ အတွင်းပိုင်းကိုတော့ စတူဒီယို တစ်ခုမှာရိုက်ခဲ့ ပြီး အပြင်ပိုင်းကို တော့ ကော်ဖီ ဆိုင် မှာ ရိုက်ခဲ့တာပါ။
Ko Mun-yeong  ဇာတ်ကောင် အတွက် ရွေးချယ်ခဲ့ပုံ
ဒီဇာတ်ကားထဲက ဇာတ်ကောင် Ko Mun-yeong က တခြား အမျိုးသမီး ဇာတ်ကောင်တွေနဲ့ လုံးဝ မတူတဲ့ ထူးခြား တဲ့ ဇာတ်ကောင် မျိုးပါ။ဒါရိုက်တာ က တော့ မင်းသမီး Seo Ye-ji ကို စ တွေ့ လိုက်တည်းက ဒီဇာတ် ကောင်က သူမ အတွက်ပဲ ဆိုတာကို တခါ တည်း  သိခဲ့တာပါ။သူမနဲ့ သာ အလိုက်ဆုံး ဆိုတာကို  မင်းသမီး နဲ့ ဆုံ တည်းက သိခဲ့တာပါ။Seo Ye-ji  ရဲ့ Strong ဖြစ်၊အ ကြောက် အလန့် မရှိတဲ့ ပုံမျိုး ဆိုေ ပ မယ့် အတွင်းမှာ တော့ နာကျင်စရာ တွေ ပြည့် နေတဲ့ ဇာတ်ကောင်မျိုးကို သရုပ်ဆောင်ရတာပါ။
ဇာတ်ကောင်တွေ က ခပ်ဆင်ဆင်ဖြစ်နေ
Image:tvN
ဒီဇာတ်ကားတွေ ကြည့်လိုက်ရင် ဒီလို မျိုးဘယ်မှာ မြင်ဖူးပါလိမ့်ဆိုပြီး တွေးမိ ကောင်း တွေးမိ ကြမှာပါ။အဲ့လို တွေး မိရင် တော့ သင့် အ တွေး မှန်ပါတယ်။Kim Soo-hyun နဲ့ စိတ်ရောဂါ ကု ဆေးရုံရဲ့ ဒါရိုက်တာ ဆရာဝန် အဖြစ် သရုပ် ဆောင် တဲ့ Kim Chang-wan တို့ ဟာ My Love From The Star  မှာ အတူတူ သရုပ် ဆောင် ခဲ့ဖူးပါတယ်။ Seo Ye-ji  နဲ့လည်း  Hwarang ဇာတ်ကားမှာ အတူ သရုပ်ဆောင် ဖူးပါတယ်။ It’s Okay To Not Be Okay ထဲက သူနာပြု ဆရာမ Kim Mi-kyung က တော့ Super Daddy Yul ဇာတ်ကားမှာ  Seo Ye-ji  ရဲ့ အ မေ နေရာက သရုပ်ဆောင် ခဲ့ ဖူးပါတယ်။
 Mun-yeong ရဲ့ ဖက်ရှင်တွေ က အလှနဲ့ ဖက်ရှင်ကျ ဖို့ မဟုတ်
Mun-yeong က တော့ အမြဲ တမ်း ဆွဲ ဆောင်မှုရှိတဲ့ အမိုက်စား ဖက်ရှင် တွေ ကိုပဲ ၀တ်တာကို ဒီကားထဲမှာေ တွ့ ရမှာပါ။သူမရဲ့ ဖက်ရှင်တွေ နဲ့  Hotel del Luna ထဲ IU ရဲ့ ဇာတ် ကောင် Jang Man-wol  ရဲ့ ဖက်ရှင်ကို ကြည့်ရှု သူတစ်ချို့က နှိုင်းယှဉ်လာခဲ့ပါတယ်။It’s Okay To Not Be Okay ရဲ့ သတင်းစာရှင်းလင်း ပွဲ မှာေ တာ့ ဇာတ်ကား ထဲက သူမရဲ့ ဇာတ် ကောင်ဟာ ဖက်ရှင်တွေနဲ့ လူကို ဆွဲဆောင်တဲ့ ဇာတ်ကောင် မျိုး မဟုတ်ပဲ တခြား လူတွေ သူမ နား အလွယ်တကူ မကပ်ရဲ အောင် ၀တ်စားရတဲ့ ဇာတ် ကောင်မျိုးပါလို့ Seo Ye-ji  က ပြောခဲ့ပါတယ်။
Kim Soo-hyun ကို  Heart ထိ စေတဲ့စကား
Image:tvN
READ
ဆွဲဆောင်မှုရှိလွန်းတဲ့ အမိုက်စားဘော်ဒီကောက်ကြောင်းအလှကို ပြသလိုက်တဲ့ ဘေဘီမောင်
ဇာတ်ကားထဲက ကလေးစာအုပ်တွေကို အပြင်မှာ ၀ယ်လို့ရ
ဇာတ် ကောင် Mun-yeong ရဲ့ စာအုပ်တွေဆိုပြီး ဇာတ်ကားထဲမှာ ထည့်သုံးတဲ့ က လေး စာအုပ် တွေက  တကယ် တော့ Jamsan ဆိုတဲ့ Artist ရဲ့ လက်ရာ တွေပါ။အပြင်မှာ ၀ယ်လို့ ရပါတယ်။Teenaged Boy Who Grew Up Eating Nightmares, The Zombie Child and The Cheerful Dog က တော့ က လေးတွေ တင် မဟုတ်ပဲ အရွယ်ရောက် ပြီးသူတွေ အတွက် ပါ ရည်ရွယ်ထားတဲ့ စာအုပ်တွေပါ။
READ
Marvel က ထုတ်ပြလိုက်တဲ့ Avengers: Endgame ရဲ့ နောက်ကွယ်ကရိုက်ကွင်းပုံရိပ်များ
ပြုပြင် ထားခြင်းမရှိတဲ့ ခါးအစစ်
ဇာတ်ကားထဲက Seo Ye-ji  ရဲ့ ခါးကို ဒစ်ဂျစ်တယ် နည်းပညာ သုံးပြီး ပြင်ထားတယ်လို့ တစ်ချို့က ထင် ကြပါတယ်။ အပိုင်း (၆)မှာတော့ သူမရဲ့ ခါး ဘယ်လောက် သေးလဲ ဆိုတာကို မြင်နိုင်ပါတယ်။ဒီခါးဟာ အစစ်မဟုတ်ဘူး၊ ဒစ်ဂျစ်တယ် နည်းပညာနဲ့ လုပ်ယူထားတယ်ဆိုပြီး ပြောေ နကြတာေ တွက အမှားတွေပါ။မျိုးနဲ့ ရိုးနဲ့ကို ခါးသေးပြီး ပိန် ကြတာ လို့ အင်တာဗျူးတစ်ခုမှာ  Seo Ye-ji  က ပြောခဲ့ပါတယ်။
Soo-hyun နဲ့ Ye-ji ကြော်ငြာ အတူ ရိုက်ဖူး
ဒီကားက သူတို့နှစ်ယောက် ပထမဆုံး အကြိမ် ဆုံတာ မဟုတ်ပါဘူး။အရင်ကလည်း အတူ ဆုံဖူးပါတယ်။(၂၀၁၄) တုန်းက Petitzel ဆိုတဲ့ မုန့် ကြော်ငြာ အတူရိုက်ဖူးပါတယ်။စက္ကန့် (၃၀)ကြာ ပါတယ်။ အနမ်းရဲ့ အရသာနဲ့ တူ တဲ့ ပူတင်းစားမလား၊ပူတင်းအရသာနဲ့ တူတဲ့ အနမ်းလား ဆိုပြီး စိတ်ကူးယဉ် ခဲ့ပါတယ်။Soo-hyun က သူမကို နမ်းတယ်လို့ Ye-ji က စိတ်ကူးယဉ် နေတုန်းမှာပဲ ပူတင်းစားနေတာ ဖြစ်သွားတာပါ။အဲ့ဒီတုန်းက မရလိုက်တဲ့ အနမ်းကို အခု ပြန်ရလိုက်တာပါ။
SHARE