(၈)လအရွယ်တုန်းက မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခံခဲ့ရတဲ့ မင်းသမီး Leah Lewis

Image:IG/ Leah Lewis

Leah Lewis က တော့ Netflix ရဲ့ The Half of It ဇာတ်ကားထဲက တရုတ်- အမေရိကန် မင်းသမီးချော လေး ပါ။ဒီကားထဲမှာတော့ Ellie Chu ဆိုတဲ့ ဇာတ်ကောင် နေရာက နေ ပါဝင် ထားတာပါ။ Never Have I Ever ဆိုတဲ့ အိန္ဒိယ- အမေရိကန် စီးရီးကို Netflix မှာ ပြသ ပြီး နောက်မှာပဲ The Half of It ကိုလည်း ပြခဲ့တာပါ။December 9, 1996 က မွေးခဲ့တာပါ။လက် တ လောမှာ နာမည်ကြီးနေတဲ့ တရုတ် အ မေရိကန် မင်းသမီးလေး ရဲ့  အ ကြောင်းကိုတော့ scmp မှာ အခုလို ဖော်ပြထားပါတယ်။

(၈)အရွယ်မှာ စွန့်ပစ်ခံခဲ့ရ

သူမဟာ မိဘမဲ့ ကလေး တစ်ယောက်ပါ။(၈)လသမီးမှာ စွန့်ပစ်ခံခဲ့ရတာပါ။တရုတ်နိုင်ငံ ရှန် ဟိုင်းက မိဘမဲ့ ဂ ဟာ တစ်ခုက နေ သူမကို မွေးခဲ့တာပါ။နောက်ပိုင်းမှာတော့ Lewis ဟာ မွေးစားမိဘ တွေနဲ့ အတူတူ အ မေရိကန် ကို ရောက်လာခဲ့တာပါ။

The Voice မှာ ၀င်ပြိုင်ဖူး

 

View this post on Instagram

 

Normally equipped with trousers and oversized sweaters. Has left campaign mode and chosen new character class #picturebytiger

A post shared by Leah Lewis (@leahmlewis) on

(၁၈)နှစ်သမီးအရွယ်တုန်းက The Voice မှာ ၀င်ပြိုင်ခဲ့ဖူးပါတယ်။ဂီတတူရိယာတွေ ကို တီးတတ်ရုံတင်မကပဲ အဆို ပိုင်း မှာပါ တော်ပါတယ်။လူမှု ရေး အဖွဲ့ အစည်းတွေရဲ့ ရန်ပုံငွေ လှုံ့ ဆော်ရေးတွေ မှာ သီချင်းသီဆို ပြီး ပါဝင် ကူညီ ပေးနေသူပါ။

READ
လမ်းခွဲလိုက်တာ မဟုတ်ပါဘူး ဆိုတဲ့ နေခြည်ဦး

Nancy Drew မှာ လည်း သရုပ်ဆောင်ဖူး

The Half of It မတိုင်ခင်တုန်းက Nancy Drew  ဆိုတဲ့ ဒရမ်မာ စီးရီးမှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ဒီကား မှာတော့  George Fan  နေရာက နေပါဝင်ထားပါတယ်။

The Half of It တွဲဖက်သရုပ်ဆောင်တွေနဲ့ အပြင်မှာပါ ရင်းနှီး

ဇာတ်ကားထဲမှာ တင် မဟုတ်ပါဘူး။သူမဟာ Daniel Diemer ၊ Alexxis Lemire တို့နဲ့ အပြင်မှာပါ ရင်းနှီးပါတယ်။ ရိုက်ကွင်းက ပုံတွေကိုလည်း သူမရဲ့ IG မှာ တင်ထားပါတယ်။

ချစ်သူရှိ

သူမရဲ့ IG ကို တစ်ချက် ၀င်ကြည့်တာနဲ့ ချစ်သူရှိမှန်း တန်းသိရမှာပါ။သူမရဲ့ ချစ်သူ အဆိုတော် Payson Lewis နဲ့ စုံတွဲ ပုံ တင်ထားပါတယ်။နောက်ဆုံးနာမည်တူနေလို့  အထင်လွဲ စရာရှိ ပေမယ့် ဒီ အတိုင်း နာမည်က သွားတူေ နတာပါ။လက်ထပ်ဖြစ်ခဲ့ရင် တကူးတက နာမည်လိုက်ပြောင်းနေစရာ မလိုတော့ဘူးပေါ့။

SHARE