တရုတ်ပြည်မသွားခင် သိထားသင့်တာလေးများ

Shwemom ရဲ့ ပရိသတ်ကြီးအနေနဲ့ တရုတ်ပြည်ကို သွားတော့မယ်ဆိုရင် အောက်ပါအခြေခံအချက်ကလေးတွေကိုတော့ သိသွားဖို့ လိုပါတယ်။

(၁) ငွေကြေး

ငွေကြေးအသုံးပြုမှုမှာတော့ တရုတ်ယွမ်ငွေကိုပဲ သုံးပါတယ်။ အချိ့အလွန်ကြီးမားတဲ့ နေရာတွေမှာတော့ မာစတာကဒ်/ဗီဇာကဒ် သုံးလို့ရတာမျိုး ရှိပါတယ်။ ဒါပေမယ့် အများဆုံးကတော့ ယွမ်ကိုသာ သုံးကြပြီး အခြားငွေသားဆိုရင် လက်မခံကြ
ပါဘူး။

(၂) စကားပြန်ခေါ်ပါ

စကားပြန်ခေါ်တာက (၁) နေရာဒေသအနှံ့ အလွယ်တစ်ကူ သွားလာနိုင်တယ်၊ (၂) ဒေသခံပစ္စည်းတွေ ၀ယ်ရာမှာ ဈေးမှန်တယ်၊ (၃) မျက်စိလည် လမ်းမမှားတော့ဘူး၊ (၄) ခရီးတွင်တယ်၊ (၅) ပြဿနာတော်တော်များများကို ပြေလည်စေတယ်-စတဲ့ အကျိုးထူုးတွေ ခံစားရမှာပါ။ အထူးသဖြင့် တရုတ်နိုင်ငံမှာ ဈေးဝယ်တဲ့အခါ နိုင်ငံခြားသားမှန်းသိရင် ဈေးတွေက
ဆော်တတ်လို့ပါ။

READ
နိုင်အာဂါရာရေတံခွန်ကို ဖြတ်ပြီးစီးနင်းနိုင်တော့မယ့် သည်းထိတ်ရင်ဖို ကောင်းကင်ကြိုးတန်း

(၃) ဈေးဆစ်ပါ

ဘာဝယ်ဝယ် ပထမဆုံးပြောလိုက်တဲ့ ဈေးနှုန်းကိုတော့ လက်မခံပါနဲ့။ တရုတ်နိုင်ငံမှာ ဈေးဆစ်ခြင်းဟာ မရိုင်းပါဘူး။ နောက်ဆုံး တတိယအကြိမ်လောက်အထိ ဆစ်နိုင်လေ ဈေးသက်သက်သာသာ (မှန်မှန်ကန်ကန်)ြ ဖစ်လေပါဘဲ။ နောက်တစ်ခုက စားသောက်ဆိုင်တစ်မှာ တစ်ခုခု မှာမစားခင် ဈေးအရင်မေးတဲ့ အကျင့်ကို လုပ်ပါ။

(၄) ရေအလကားမရ

ရေက တရုတ်မှာ သိပ်ဈေးချိုပါတယ်။ အလကားတော့ မရပါဘူး။ လူစည်ကားရာ လမ်းဘေး နေရာတွေမှာ အစိုးရရဲ့ ဘုံ
ပိုင်ရေပိုက်ခေါင်းတွေ ရှိပါတယ်။ ကျသင့်ငွေထည့်မှ ရေက ကျလာတာမျိုးပါ။ စားသောက်ဆိုင်၊ ဟော်တယ်နဲ့ စတိုးဆိုင်တို့မှာလည်း ရေသန့်ဘူးတွေကို ချိုသာစွာ ၀ယ်ယူနိုင်ပါတယ်။

(၅) လေကာမျက်နှာဖုံးတပ်ဆင်ပါ

တရုတ်နိုင်ငံဟာ လေထုညစ်ညမ်းမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အထူးသဖြင့် လူစည်ကားလှတဲ့ ပီကင်းကဲ့သို့သော မြို့
တော်ကြီးတွေမှာ လေထုညစ်ညမ်းမှု ရှိလို့ အဆုတ်ထဲကို အဆိပ်ဓာတ်ငွေ့တွေ မ၀င်အောင် ကာကွယ်ဖို့ လိုပါတယ်။ ဒါ
ကြောင့် လေကာမျက်နှာဖုံး တပ်ဆင်ပါ။

READ
အရှေ့တောင်အာရှတစ်ခွင်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ခရီးသွားနေရာလေးများ

(၆) အိမ်သာသုံးစက္ကူ/တစ်ကိုယ်ရေသုံးဆပ်ပြာ

အများပြည်သူသုံး အိမ်သာတွေမှာ အိမ်သာသုံးစက္ကူ ၀န်ဆောင်မှု မရှိတာများပါတယ်။ ဒါကြောင့် ကိုယ်ပိုင် အိမ်သာသုံးစက္ကူ မဖြစ်မနေ ဆောင်ထားရပါတယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာတော့ အိမ်သာသုံးစက္ကူထားတတ်ပါတယ်။ ဒီလိုပါဘဲ အများပြည်သူသုံး ရေချိုးခန်းတွေမှာလည်း ဆပ်ပြာဝန်ဆောင်မှု မပေးလို့ မိမိကိုယ်ပိုင်ဆပ်ပြာကိုသာ သုံးရပါ
တယ်။

နတ်စည်တော် (Shwemom)

shwemom-2

source : ytravelblog.com

SHARE