အိမ်မှာ ဟော့ပေါ့ နဲ့အကင်လုပ်စားတဲ့အခါ မဖြစ်မနေသိထားသင့်တဲ့အချက်များ

[email protected]_21

 

သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်မိသားစုတွေနဲ့ဖြစ်ဖြစ် စုဖွဲ့စားသောက်တဲ့အခါ hot pot အစားအစာက ရွေးချယ်လို့အကောင်းဆုံးတွေထဲတစ်ခုပါ။ ဆိုင်တွေမှာ လူများလို့ စောင့်ဆိုင်းရတဲ့ ဒုက္ခနဲ့မကြုံတွေ့စေဖို့ hot potကို အိမ်မှာလည်း ၀ယ်ယူလုပ်စားလို့ရပါတယ်။  ဒီအတွက် hot pot လုပ်ရာမှာ သင့်အနေနဲ့အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။

လျှပ်စစ် ၊ ဂတ်စ် တစ်ခုခု မှာ ဘာကိုသုံးမလဲ

hot pot လုပ်ဖို့ လျှပ်စစ်အိုးတွေမှာ အိုးရောပလက်ရောတစ်ခါထဲပါတဲ့လျှပ်စစ်အိုးတွေရှိသလို၊ induction cooker နဲ့အိုးသပ်သပ်ချက်ရတာမျိုးတွေရှိပါတယ်။ လျှပ်စစ်အိုးသုံးမယ်ဆိုရင် သယ်ရပိုးရအနည်းငယ်ခက်ခဲပြီးတော့ အလွယ်တကူရွေ့ပြောင်းတာမျိုးလုပ်ချင်ရင် မီးပလက်ခုံတွေနဲ့ချိတ်ဆက်ပြီးပြုလုပ်ရမှာပါ။ ဂတ်စ်အိုးတွေရဲ့အဓိကအားသက်ချက်ကတော့ သူက ဘယ်နေရာမှာဖြစ်ဖြစ်အသုံးပြုနိုင်ပြီးတော့၊ မီးအပူချိန်ကိုလည်းထိန်းချုပ်နိုင်ပါတယ်။ဒါပေမယ့် hot pot ဆိုင်တွေမှာ ဂတ်စ်အိုးပေါက်ကွဲမှုတွေဖြစ်ပြီးနောက်ပိုင်း သူကစိုးရိမ်စရာတော့ရှိပါတယ်။

Freepik-topntp06

အရည်ဘယ်နှစ်မျိုး သုံးမလဲ

READ
သင်္ကေတတွေက ပြောပြမယ့် သင့်အနာဂတ်အတွက်ဗေဒင်

hot pot အရည်မှာ အချိုနဲ့အစပ်ဆိုပြီးနှစ်မျိုးရှိပါတယ်။ သင့်အနေနဲ့အချိုလားအစပ်လားရွေးဖို့ လိုပါတယ်။  ဒါကလည်း စားသုံးသူတွေအတွက် ကိုယ်ကြိုက်နှစ်သက်တဲ့အရည်မျိုးကိုရွေးချယ်စားသုံးနိုင်တာမို့ ကောင်းမွန်တဲ့အရာပါ။

ဟော့ပေါ့အိုးအများစုမှာတော့ အဲ့ဒီလို အချိုနဲ့အစပ်အရည်ကို အလွယ်တကူခွဲနိုင်အောင် အလယ်ကအကာပါတဲ့အိုးတွေရှိပါတယ်။ ဒီတော့ တစ်ချိန်တည်းမှာ အရသာနှစ်မျိုးကိုမြည်းစမ်းသုံးဆောင်နိုင်စေမှာပါ။

ဟော့ပေါ့ချည်းပဲလား အသားကင်ရောပါမလား

ဟော့ပေါ့အပြင် အကင်ကလည်း လူကြိုက်များတဲ့ စုပေါင်းအစားအစာတစ်ခုဆိုလည်းမမှားပါဘူး။ ဟော့ပေါ့နဲ့အကင်ကိုတစ်ခါထဲ ရောစပ်စားသုံးမှုဟာ မကြာသေးခင်နှစ်များအတွင်း အတော်လေးကိုရေပန်းစားလာခဲ့တာပါ။ အဲ့ဒီမှာမှ ဒီဇိုင်းနဲ့အရွယ်အစားအမျိုးအမျိုးရရှိနိုင်ပြီးတော့ ဟော့ပေါ့အကင်နှစ်မျိုးလုံးကို လူတိုင်းအလွယ်တကူပြုလုပ်လာကြပါတယ်။

လွယ်ကူတဲ့ထိန်းသိမ်းမှုရှိဖို့လို

ဟော့ပေါ့တွေအသားကင်တွေကိုပြုလုပ်စားသောက်ရတာလွယ်ပေမယ့် သေချာစနစ်တကျနဲ့ပြုလုပ်နိုင်ပြီး၊ အလွယ်တကူ ဖယ်ရှားဆေးကြောနိုင်တာမျိုးလည်းဖြစ်စေဖို့လိုအပ်ပါတယ်။

Freepik- Fine Image

အိုးတွေက ကျယ်ပြီး ဇောက်မနက်ဖို့လိုအပ်

ဟော့ပေါ့လုပ်ဖို့အိုးရွေးချယ်တော့မယ်ဆိုရင် သင့်အနေနဲ့သတိထားရမှာက အ၀ကျယ်ပြီးဇောက်မနက်တဲ့အိုးကိုရွေးချယ်ပါ။ ဒါမှ ပါဝင်ပစ္စည်း များများဆန့်ပြီးတော့ ဇောက်မနက်တဲ့အတွက် အစာတွေကို အပြင်ကနေမြင်နိုင်သလို၊ အမြန်လည်း ကျက်စေနိုင်ပါတယ်။

အိုးလက်ကိုင်တွေအပူခံနိုင်ဖို့လိုအပ်

READ
လိုချင်တာလည်းရပြီး ပိုက်ဆံလည်းစုမိစေမယ့် အထိရောက်ဆုံးရည်ရှည်နည်းလမ်း (၄) ခု

ဟော့ပေါ့အိုးတွေ အကင်အိုးတွေရဲ့ဘေးဘက်လက်ကိုင်တွေဟာ အပူခံနိုင်ရည်ရှိတဲ့ပစ္စည်းဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါမှ အိုးကို မ ရွေ့တဲ့အခါ လွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်။ အိုးရဲ့အဖုံးတွေကိုလည်း အပူဒဏ်ခံနိုင်တဲ့ လန့်မကွဲနိုင်တဲ့မှန်သားမျိုးဖြစ်စေရမှာဖြစ်ပြီး၊ ခနခနအဖုံးဖွင့်စရာမလိုဘဲ ကြည့်ရှုရလွယ်ဖို့ လိုအပ်ပါတယ်။

Khaing

 

SHARE