သင့်ကောင်မလေးရှေ့မှာ မလုပ်သင့်တဲ့အပြုအမူတွေ

Shwemom ရဲ့ အမျိုးသားပရိသတ်တွေအနေနဲ့ ကိုယ့်ချစ်သူ ကောင်မလေးရဲ့ ရှေ့မှာ မလုပ်သင့်တဲ့အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အခြားအမျိုးသမီးတစ်ယောက်ရဲ့ အလှကို ချီးကျူးခြင်း

ချစ်သူကို ရှေ့မှာထားပြီး အြာခးအမျိုးသမီးတစ်ယောက်ရဲ့အလှကို ချီးကျူးတယ်ဆိုတာက ချစ်သူကို စော်ကားရာရောက်
ပါတယ်။ ယုံကြည်မှုကိုပါ ပျောက်ဆုံးစေတယ်၊ နောက်တစ်ခုက သင့်ရဲ့ အခြားအမျိုးသမီးများအပေါ်မှာ တိမ်းညွှတ်လွယ်
တဲ့ သစ္စာမဲ့မှုကိုလည်း မီးမောင်းထိုးပြရာ ရောက်စေပါတယ်။

(၂) အခြားသူတွေရဲ့ အိမ်ထောင်ရေးပြဿနာမှာ ၀င်ရှုပ်ခြင်း

ဘယ်သူပဲဖြစ်ဖြစ် အခြားလင်မယား နှစ်ယောက်ရဲ့ပြဿနာကြားမှာ ဘယ်နည်းနဲ့မှ ၀င်မရှုပ်တာ အကောင်းဆုံးပါဘဲ။
ဘယ်လောက်ပဲ ခင်တဲ့ သူငယ်ချင်းဖြစ်ပါစေပေါ့။ ဒါမျိုးဟာ သူများပြဿနာက ကိုယ့်ပြဿနာ ဖြစ်သွားနိုင်ပါတယ်။

(၃) ညစ်ညမ်းပုံ/စာ/ဇာတ်ကားတွေသိုလှောင်မထားပါနဲ့

မိမိဖုန်းထဲမှာ ညစ်ညမ်းပုံ/စာ/ဇာတ်ကားတွေသိုလှောင်ထားခြင်းဟာလည်း သင့်ရဲ့ မစောင့်စည်းနိုင်ခြင်းကို သူ့ကို သိစေ
စလို သူမှအပ အခြား အပျော်တွေလည်း ရှိနိုင်တယ်ဆိုတဲ့ ခံစားမှုကို ဖြစ်စေပါတယ်။

READ
ကိုယ်နှစ်သက်တဲ့ကောင်မလေးကို ဘယ်လိုစကားတွေပြောပြီးချဉ်းကပ်မလဲ

(၄) ဟိုသင်းကို လက်နဲ့မကုတ်ပါနဲ့

အမျိုးသားတော်တော်များများဟာ တစ်ခါတလေ အမှုမဲ့အမှတ်မဲ့ အဲသလို လုပ်တတ်ပါတယ်။ ဒါဟာ တစ်ကိုယ်ရေမသန့်
ရှင်းမှုလို့ အများအမြင်မှာ မြင်ခံရစေသလို၊ သတိကင်းလွတ်ခြင်း၊ ရင့်ကျက်မှုမရှိခြင်း၊ ပတ်ဝန်ကျင်ကို ဂရုစိုက်မှုနည်းပါး
ခြင်းလို့ ချစ်သူက မြင်စေပါတယ်။

(၅) အလွန်အကျွန် အိုဗာအိုက်တင်မလုပ်ပါနဲ့

တစ်ခါတလေ အမျိုးသားတွေဟာ ငါ ယောက်ျားကွဆိုပြီး ရှူးရှူးရှားရှား လုပ်တတ်ပါတယ်။ သို့မဟုတ် တစ်စုံတစ်ယောက်
က ကိုယ့်ကောင်မလေးကို မခံချင်အောင် စသွားတာကို ယောက်ျားဖြစ်တဲ့ ငါ့ကိုမှ မလေးမစား၊ လိုက်ဆော်မယ်ဆိုပြီး အို
ဗာလုပ်တတ်တာမျိုး ရှိပါတယ်။ ဒါမျိုးက သတိထားရမယ်။ မနိုင်ရင် ကိုယ့်ကောင်မလေးပါ အန္တရာယ်ဖြစ်နိုင်တဲ့ ကိန်းလေ။

နတ်စည်တော် (Shwemom)

READ
သင့်ကို မိန်းကလေး တစ်ယောက်က နှစ်သက်နေတယ်ဆိုတာ သိနိုင်တဲ့ နည်းလမ်းများ

shwemom post photo

source : yourtango.com

SHARE