သင့်ထက်အသက်ငယ်တဲ့ကောင်မလေးရဲ့အချစ်ကိုရဖို့ သိထားသင့်တဲ့အချက်(၅)ချက်

Shwemom ရဲ့ အမျိုးသား ပရိသတ်ထဲမှာ ကိုယ့်ထက် အသက်ငယ်တဲ့ ကောင်မလေးကို ကြိုက်မိနေသူတွေလည်း ပါဝင်
မယ် ထင်ပါတယ်။ ဒါကြောင့် အဲဒီလို အမျိုးသား ပရိသတ်ကြီးအတွက် အကြံကောင်းလေးတွေကို မျှဝေလိုက်ပါတယ်။

(၁) ညီမျှသော စိတ်ဓာတ်နဲ့ ဆက်ဆံပါ

ဒီလိုကောင်မလေးမျိုးကို လိုက်တဲ့အခါမှာ ဟိတ်ကြီးဟန်ကြီး၊ အမူအယာ မဖမ်းမိပါစေနဲ့။ နောက် သူတို့လို လူငယ်တွေနဲ့ ဆက်ဆံတဲ့အခါမှာ ငါက စီနီယာပဲဆိုတဲ့ Roll ကို မကြည့်ပါနဲ့။ သူတို့လွတ်လပ်သလောက် ကိုယ် လိုက်ပြီး လွတ်လပ်စရာ မလိုပေမယ့် ကိုယ့်ကြောင့် သူတို့ လွတ်လပ်မှုတွေ၊ ငယ်ရွယ်မှုတွေကို တစ်နည်းနည်းနဲ့ မထိပါးပါစေနဲ့။ သူတို့ကို ဆက်ဆံတဲ့အခါ တန်းတူရည်တူနည်းနဲ့ ဆက်ဆံပါ။

(၂) ကြွားလုံးသိပ်မထုတ်ပါနဲ့

အထူးသဖြင့် ငွေရေးကြေးရေး ဥစ္စာစည်းစိမ်နဲ့ပတ်သက်ရင် နှောင်းခေတ် လူငယ်တွေရဲ့ Social လောကမှာ သိပ် အလေးမထားကြတော့ပါဘူး။ သူတို့အချင်းချင်းလည်း Level မညှိပဲ ပေါင်းသင်းတတ်ပါတယ်။ ဒါကို ကိုယ်က ကိုယ့်မှာ ကားဘယ်နှစ်စီး၊ တိုက်ဘယ်နှစ်လုံး၊ ခြံဘယ်နှစ်ကွက်စတာတွေ သွားရွတ်ပြရင် ဟားစရာအကွက်ကြီး ဖြစ်သွားတတ်ပါတယ်။

READ
ချစ်သူရှိပြီဆိုရင် ပုရိသတို့ မလုပ်သင့်တဲ့အရာ (၇)မျိုး

(၃) ပြီးခဲ့တဲ့ RS အကြောင်းကို မဖုံးကွယ်ပါနဲ့

လူငယ်တွေဟာ လူကြီးတွေထက် ပွင့်လင်းတယ်ဆိုတာကို သင် လက်ခံရပါမယ်။ ဒီတော့ သင့်ရဲ့ အတိတ်ဘ၀က RS ဟာ သင့်အတွက် သိမ်ငယ်ဖုံးကွယ်ထားစရာ မလိုပါဘူး။ ဒါပေမယ့် မမေးပဲလည်း မပြောပါနဲ့။ မေးတဲ့အခါကျမှသာ မဖုံးမကွယ် မှန်မှန်ကန်ကန် ပြောပြီး သူ့ ယုံကြည်မှုကို ရယူလိုက်ပါ။

(၄) ပတ်သက်တဲ့ ပွဲမှန်သမျှကို တက်ပေးပါ

ကိုယ်သဘောကျတဲ့ ကောင်မလေးက ပွဲတစ်ခုခု လုပ်တယ်ဆိုရင် ခပ်တည်တည်သာ သွားတက်ပါ။ ဒီအတွက် သူ့မှာ စနိုးစနောင့် ဖြစ်စရာ မရှိပါဘူး။ နောက်တစ်ခုက သူ့ကို ဦးစားပေးတယ်ဆိုတာ သိရင် သင့်အတွက် အမှတ်တွေပါဘဲ။

(၅) ဂွတီးဂွကျအခြေအနေကို ခန့်မှန်းတတ်ပါစေ

ဒါပေမယ့် သူနဲ့ နီးစပ်တဲ့ ပါတီတွေ၊ ညစာစားပွဲတွေဟာ သင်နဲ့ မနီးစပ်ပါဘူး။ ဆိုလိုတာက သင်ဟာ အဲဒီကောင်မလေးအတွက်တော့ လူကြီး တစ်ယောက်ဖြစ်နေပါလိမ့်မယ်။ သင်က အသက်(30)ဆိုရင် အသက်(40-50) သမားတွေက သင့်ကို လူငယ်လို့ သတ်မှတ်သလိုပါဘဲ။ ဒီတော့ တစ်ချို့ကိစ္စရပ်တွေမှာ အသက်ကြီးတဲ့သူတစ်ယောက်အတွက် မသင့်တော်တဲ့ အမြင်တွေ၊ သဘောတရားတွေ ပါနေတတ်ပါတယ်။ ဥပမာအားဖြင့် ကျောင်းသားလေးတွေ လက်ထဲမှာ ဆေးလိပ်စီးကရက် ညှက်တာကို အသက်(30)လောက် ရောက်နေတဲ့ လူတွေက အမြင်ကပ်သလိုမျိုးပေါ့။ တကယ်တော့ ကိုယ်ကိုယ်တိုင်က ဒီလို မဖြတ်သန်းခဲ့ရရင်တောင် ကိုယ်တို့တစ်တွေ ဒီလိုအသက်အရွယ်တုန်းက သူတို့လို လုပ်ခဲ့တာပဲ-ဆိုပြီး နားလည်ထားဖို့ လိုအပ်ပါတယ်။ အရာရာ ဇီဇာမကြောင်ပါနဲ့။

READ
သားတွေကို ဖခင်တွေ မဖြစ်မနေ သင်ပေးထားသင့်တဲ့ အရာများ

မဒီလေး (Shwemom)

source : indiatimes.com

SHARE