စာမေးပွဲကျတဲ့ကလေးကို မိဘတွေအနေနဲ့ ပြောသင့်၊ မပြောသင့်တဲ့အရာ (၅) ခု

Freepik- peoplecreations

မကြာခင်မှာပဲ ဆယ်တန်းအောင်းစာရင်းတွေ ထုတ်ပြန်တော့မှာပါ။ ခြေချော်လက်ချော်ဖြစ်သွားတဲ့ ကျရှုံးသူလေးတွေကို မိဘတွေအနေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

(၁) အပြစ်မတင်ပါနဲ့

ဖြစ်ပြီးတဲ့အရာတစ်ခုကို ဘယ်လိုမှ ပြန်လည်ပြင်ဆင်လို့မရတော့ပါဘူး။ ဒီအတွက်ကြောင့် ဖြစ်ပြီးတဲ့ကိစ္စကို အော်ဟစ်ဆဲဆိုပြီး ဖန်တလဲလဲပြန်ပြောနေတာဟာ ကိုယ့်အတွက်ရော ကလေးရဲ့စိတ်ကျန်းမာရေးကိုပါထိခိုက်စေပါတယ်။ ကာကယံရှင်လောက်တော့ အောင်ချင်တဲ့လူဆိုတာ ရှိမှာမဟုတ်ပါဘူး။ ဒီလိုအချိန်မှာ ကလေးတွေအနေနဲ့ လိုအပ်နေတာက ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမယ့် ဖခင်ရဲ့အရိပ်ဖြစ်ပြီး မိခင်ရဲ့ နွေးထွေးတဲ့ရင်ခွင်ပဲဖြစ်ပါတယ်။

Freepik- vgstockstudio

(၂) ကိုယ့်ကိုယ်ကို ဂုဏ်ဖော်ပါနဲ့

ငါက နင့်ကိုဘယ်လောက်လုပ်ပေးထားရတာတို့၊ နင်ကမသိတတ်ဘူးတို့ စပြီး ဂုဏ်ဖော်တဲ့စကားမျိုးတွေ ဒီအချိန်မှာ မပြောမိအောင်ထိန်းပါ။ တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ်ခေါ်လာလို့ လူ့လောကထဲ ရောက်လာတဲ့ ကလေးတွေကို သူတို့ခြေထောက်ပေါ်သူတို့ မရပ်နိုင်ခင်ထိ တာဝန်ယူရမှာပဲလေနော်။

(၃) စကားသေချာပြောကြည့်ပါ

ကလေးတွေနဲ့စကားကို အေးအေးဆေးဆေးလေး သေချာပြောကြည့်ပါ။ စာမေးပွဲဘာကြောင့် အောင်ဖို့လိုတာလဲဆိုတဲ့ အကြောင်းလေးတွေကို ဒေါသသံမပါဘဲနဲ့ နားဝင်အောင်ရှင်းပြပါ။

Freepik- arrow_smith2

(၄) ပွင့်လင်းမှုရှိခိုင်းပါ

စာကိုမလိုက်နိုင်တာလား၊ ဒါမှမဟုတ် စိတ်ရှုပ်စရာတွေများ ရှိနေလို့လား။ ဘာကြောင့်လဲဆိုတာတွေကို ပွင့်ပွင့်လင်းလင်းပြောခိုင်းပါ။ ဒါမှလည်း စာမေးပွဲအောင်ဖို့ အထောက်အကူဖြစ်စမှောလေနော်။

READ
၁၉၉၀ နောက်ပိုင်းဖွားတွေကိုကိုယ်စားပြုတဲ့ စကားလုံးသစ် "Snowflake" ရဲ့အဓိပ္ပာယ်

(၅) အတူတူပြန်ကြိုးစားကြမယ်

နောက်တစ်ခေါက် ဒါမျိုးမဖြစ်အောင် တို့တွေ အတူတူ ပြန်ကြိုးစားကြမယ်ဆိုတဲ့စကားလေးကိုတော့ မဖြစ်မနေထည့်ပြောပါ။ နောက် ကိုယ်တိုင်လည်း သားသမီးကို ဆရာတွေနဲ့လွှတ်မထားဘဲ ကြီးကြပ်။ အလိုလိုက်သင့်တဲ့နေရာလိုက်၊ တင်းကြပ်သင့်တဲ့အခါ တင်းကြပ်ပေါ့။

penny

SHARE