တောင်အာဖရိကမှာ လည်ပတ်စရာနေရာတွေ

(၁) Sabie Valley

Sabie တောင်ကြားလမ်းဟာ တောင်အာဖရိကရဲ့ နာမည်ကြီး နေရာတစ်ခုဖြစ်ပါတယ်။ သဘာဝသစ်တောတွေနဲ့ စိမ်းစိုစွာ
ဝန်းရံထားပြီး၊ သားရဲတိရစ္ဆာန်တွေကိုလည်း သဘာဝအတိုင်း မြင်တွေ့နိုင်မယ့် နေရာဖြစ်ပါတယ်။ အများစုကတော့ ခြေ
လျှင်တောင်တက်ပြီး သဘာဝရဲ့ အလှအပကို အပြည့်အ၀ ခံစားကြပါတယ်။

(၂) The Boomslang

Boomslang တံတားဟာ သစ်တောကြီးအပေါ်မှာ ဖြတ်သန်းတည်ဆောက်ထားတဲ့ လူလျှောက်တံတားကြီး ဖြစ်ပါတယ်။ အရည် 130 m (427 ft) ရှိပြီး ခရီးသွားတို့ မျက်စိကျစရာ နေရာဖြစ်ပါတယ်။ ကမ္ဘာ့သမီးရည်းစားစကား ပြောဖို့ အကောင်း
ဆုံး နေရာတွေထဲမှာ ပါဝင်ပြီး Kirstenbosch National Botanical Garden ထဲမှာ တည်ရှိပါတယ်။

READ
ဝိုင်နီတွေအပြည့် ထည့်ထားတဲ့ ရေကန်ထဲ ရေစိမ်လို့ရနိုင်မယ့် ဂျပန်နိုင်ငံက Spa

(၃) Pretoria

Pretoria မြို့ကြီးကလည်း ရှေးဟောင်းအဆောက်ဦများနဲ့အတူ လှပဆန်းသစ်တဲ့ ဗိသုကာလက်ရာတွေကို ရှုစားလေ့လာ
နိုင်ရာ မြို့ကြီးဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးမှုကိုပါ ပူးတွဲခံစားနိုင်မယ့် မြို့ကြီးဖြစ်ပါတယ်။ National Zoological Gardens အပါ
အ၀င်၊ လွတ်လပ်ရေးပန်းခြံ၊ နယ်လ်ဆင်မင်ဒဲလားပြတိုက်နဲ့ဂူဗိမ္မာန်၊ အပန်းဖြေစရာပန်းခြံတွေ၊ ပြတိုက်တွေ၊ တိရစ္ဆာန်ရုံ
တွေ စုစည်းရာ မြို့ဖြစ်ပါတယ်။

(၄) Noordhoek

မြင်းစီးဝါသနာပါသူတွေအတွက်တော့ Noordhoek ကမ်းခြေမှာ  မြင်းစီးကစားနိုင်ပါတယ်။ အဖိုးနှုန်းလည်း သက်သာလှ
ပြီး မြင်းဇောင်းထဲမှာ လိမ္မာပါးနပ်ပြီး သက်လုံကောင်းလှတဲ့ မြင်းတွေထဲမှာ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ရေ
ကူးခြင်း၊ လှိုင်းစီးခြင်း၊ ရေနေသဘာဝတို့ကို လေ့လာလိုကလည်း လေ့လာနိုင်ပါတယ်။

(၅) Table Mountain

စားပွဲကြီးဖြန့်ခင်းထားသလို အပေါ်မျက်နှာပြင် ပျံပြူးညီညာလို့ Table Mountain လို့ ခေါ်ပါတယ်။ အမြင့် မီတာ 1084.6 မီတာ မြင့်ပြီး သာမာန်အားဖြင့် 3558 ပေအထိ မြင့်မားပါတယ်။ တောင်တက် Cable ကား စီးနိုင်ပြီး တောင်မျက်နှာပြင်ပေါ်
ကနေ မြေပြင်အခြေအနေနဲ့ သဘာဝရှုခင်းအလှကို ခံစားနိုင်ပါတယ်။

READ
တစ်သက်မှာတစ်ခေါက်လောက်တော့ ရောက်ဖူးသင့်တဲ့ မှော်ဆန်ဆန်ဒေသလေးများ

နတ်စည်တော် (Shwemom)

shwemom

source : placestoseeinyourlifetime.com

SHARE