ဒုက္ခမရောက်မချင်း ကိုယ်ရနေတဲ့၊ ပိုင်ဆိုင်တဲ့အရာတွေကို တန်ဖိုးမထားတဲ့လူတွေရဲ့အကြောင်း

Pixabay/Pexels_WikimediaCommons

လူတွေဟာ လွယ်လွယ်ရနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ကြဘူး။တစ်ချို့လူတွေကြတော့လည်း သူများတွေအလွယ်တကူရနေတဲ့အရာတွေကို မရကြပါဘူး။ဥပမာ သောက်ရေတို့၊ အိမ်မှာသက်သောင့်သက်သာနေ ရတဲ့အခါမျိုးတွေဟာ ကိုယ့်အတွက်လွယ်လွယ်ကူကူရရှိနေတဲ့အတွက်ကြောင့် တန်ဖိုးထားရကောင်းမှန်းမသိပဲ လျစ်လျူရှုတတ်ကြပါတယ်။အခြားနေရာတွေမှာတော့ အဲ့ဒီအရာတွေဟာ သူတို့အတွက်မရရှိပဲ ခက်ခက်ခဲခဲဘ၀ကိုရှင်သန်နေရပါတယ်။

ဒီလိုခက်ခဲတဲ့ဘ၀ကို ရှင်သန်နေတဲ့သူတွေနဲ့ ဘ၀ကို လွယ်လွယ်ကူကူဖြတ်သန်းနေတဲ့လူတွေအကြောင်း ကိုဖော်ပြပေးလိုက်ပါတယ်နော်။

© USAID Indonesia / Wikimedia Commons © UNITED STATES AFRICA COMMAND

(၁) အချစ်တွေနဲ့ပြည့်နေတဲ့ မိသားစုတစ်စု

မိဘတွေက သားသမီးတွေကိုဆုံးမတဲ့အချိန်မှာ သားသမီးတွေဟာ ဒါဟာသူတို့ကိုမချစ်လို့ ခံစားနိုင်ပါတယ် ။ဒါပေမယ့် ဒီလိုဆုံးမနေတာကလည်း သားသမီးတွေကိုချစ်လို့၊ တာဝန်ယူတတ်တဲ့နိုင်ငံသားတွေဖြစ်အောင်မြှ င့်တင်ပေးဖို့ကြိုးစားနေကြတာဖြစ်တဲ့အတွက် သားသမီးတွေအနေနဲ့ ကျေးဇူးတင်ဖို့တောင်ကောင်းပါအုံးမယ်။

ဒီလိုဆုံးမပေးပြီး ချစ်ပေးဖို့၊ ရှေ့ဆောင်လမ်းပြပေးဖို့မရှိပဲ မိဘမဲ့နေကြတဲ့ ကမ္ဘာတစ်ဝန်းမှ ကလေးအယောက်ပေါင်း သန်း (၁၅၀)တွေရှိနေတယ်ဆိုတာကို သင်သိမယ်ဆိုရင် သင့်ကိုဆုံးမနေတဲ့မိဘကို ကျေးဇူးတင်လိုက်ပါ။

 (၂) သက်သောင့်သက်သာရှိတဲ့အိမ်တစ်လုံး

ဒီနေ့လို အချိန်နဲ့တစ်ပြေးညီလည်ပတ်နေတဲ့ခေတ်ကြီးထဲမှာ ခေါင်းပေါ်မှာ ခေါင်မိုးတစ်ခုမိုးထားပြီး အိပ်ယာမှာ အပူအပင်မရှိ သက်သောင့်သက်သာအိပ်နေရတာဟာ အရမ်းကိုအဖိုးတန်တ ယ်ဆိုတာ သင်တွေးဖူးပါသလား။ဒီလိုမျိုးနေထိုင်နေရတာကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ပါဘူး။

Yale တက္ကသိုလ်ရဲ့လေ့လာချက်တစ်ခုအရ လူသန်း(၁၅၀)ကျော်လောက်ဟာ အိမ်မရှိပဲ ညအိပ် နေရပါတယ်။ကမ္ဘာတစ်ဝန်းမှ လူ(၁.၆)ဘီလီယံလောက်ဟာ အိုးအိမ်မရှိကြပါဘူး။

(၃) သန့်ရှင်းတဲ့ရေကိုသောက်နေရတဲ့အပြင် လျှပ်စစ်မီးအပြည့်အစုံနဲ့ နေရတဲ့အခြေအနေ

ကျွန်တော်တို့ဟာ ရေကို ဘုံပိုင်းခေါင်းကနေ အဆင်ပြေပြေရရှိကြပေမယ့် တစ်ချို့ကတော့ ရေကို ခက်ခက်ခဲခဲရယူ ပြီးမှသာရရှိနေကြပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့ စွန့်ပစ်လိုက်တဲ့ရေတွေဟာ သူများတွေအတွက် ခက်ခက်ခဲခဲ ရှာနေရတဲ့ရေတွေဖြစ်တာကြောင့် ရရှိနေတဲ့ရေကိုတန်ဖိုးထားပြီးသုံးသင့်ပါတယ်။

အဲ့ဒီလိုပဲ လျှပ်စစ်မီးနဲ့အင်တာနက်ကိုလည်း လွယ်ကူအဆင်ပြေစွာအသုံးပြုနေရပေမယ့် တစ်ချို့နေရာတွေမှာ  လျှပ်စစ်မီးမရသေးတဲ့နေရာတွေတောင်ရှိနေပါတယ်။ဒါ့ကြောင့် လွယ်လွယ်ရနေတယ်ဆိုပြီး တန်ဖိုးမထားပဲမနေပါနဲ့။

Depositphotos /aerial_Pixabay/ind22

(၄) ရေကို အပူအပင် ကင်းကင်းနဲ့ ရရှိတယ်

READ
တရုတ်ပြည်ထဲက အိပ်မက်မြို့တော် ပါရီ

လူအများစုဟာ အန္တရာယ်ကင်းတဲ့ရေကိုအလွယ်တကူရရှိပြီးနေထိုင်ကြပါတယ်။ဒီရေနဲ့ပဲ ရေချိုးသန့်စင်မှုတွေပြုလုပ်ြ ကပါတယ်။

ကမ္ဘာတစ်ဝန်းရှိ လူဦးရေသန်း(၈၀၀)ကျော်ကတော့ လုံခြုံစိတ်ချရပြီးအန္တရာယ်ကင်းတဲ့ရေရရှိဖို့ အနည်းဆုံးမိနစ်(၃၀)ေ လာက်တန်းစီပြီးမှ ရရှိကြပါတယ်။ လူတိုင်းကအန္တရာယ်ကင်းတဲ့ရေကို ခက်ခက်ခဲခဲရရှိဖို့ကြိုးစားနေတဲ့အချိန်မှာ  ကိုယ်ကလွယ်လွယ်ကူကူရနေတယ်ဆိုပြီး တန်ဖိုးမထားပဲမနေပါနဲ့။ တန်ဖိုးရှိစွာ အသုံးချကြပါ။

(၅) သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရရှိတယ်

အသက်ရှင်ဖို့အတွက် သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှူရှိုက်သင့်ပါတယ်။အချို့နိုင်ငံတွေမှာဆိုရင်လေထု ညစ်ညမ်းမှုတွေဖြစ်နေတာကြောင့် လူတွေဟာ အိမ်ထဲမှာ လေသန့်ရှင်းတဲ့လေကိုရရှိပြီး အိမ်အပြင်ထွက်ရင်   ထွက်ရပါတယ်။

ကမ္ဘာ့လူဦးရေ(၉၂)ရာခိုင်နှုန်းလောက်ဟာ မသန့်ရှင်းတဲ့လေကိုရှူရှိုက်နေရပြီး ကမ္ဘာတစ်ဝန်းမှာ နေ့စဉ်သေဆုံးမှု(၈)မျိုးထဲမှာတစ်မျိုးကတော့ မသန့်ရှင်းတဲ့လေကိုရှူရှိုက်မိပြီးသေဆုံးခဲ့တဲ့သူတွေရှိတယ်လို့ WHO ကပြောပါတယ်။

(၆) ပညာကိုကောင်းစွာ သင်ယူနိုင်တယ်

ကမ္ဘာတစ်ဝန်းမှာရှိတဲ့လူတွေရဲ့အရေးကြီးဆုံးအချက်က်ကတော့ ပညာကိုကောင်းမွန်စွာသင်နိုင်ဖို့ပဲဖြစ်ပါတယ်။လူတိုင်းအတွက်တော့ အလွယ်တစ်ကူမရရှိနိုင်ပါဘူး။တစ်ကယ်လို့သင်ဟာ မိန်းကလေးတစ်ယောက်ဖြစ်မ ယ်ဆိုရင် ပညာကိုပိုလို့တောင်သင်ယူသင့်ပါတယ်။ဘာလို့ဆို အမျိုးသမီးတွေစွမ်းဆောင်ရည်မြှင့်တင်တဲ့နေရာမှာ ပညာဟာအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာရှိနေတယ်လို့ UNICEF ကပြောပါတယ်။

ကမ္ဘာတစ်ဝန်းရှိ အသက်ကြီးသူဦးရေသန်း(၇၅၀)ကျော်ဟာ စာမတတ်တဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

(၇) အလုပ်အတူတူလုပ်တဲ့ သူငယ်ချင်းတွေရှိမယ်

READ
နှစ်ချို့ဝိုင်နဲ့တူတယ်လို့ တင်စားခံနေရတဲ့ အွန်လိုင်းပေါ်က ကလေး(၄) ယောက်ဖခင်

ကျွန်တော်တို့အားလုံးမှာ သိပ်ခင်ရတဲ့သူငယ်ချင်းတွေရှိကြပါတယ်။

ဗြိတိန်နိုင်ငံမှာ နေ့စဉ်လူ(၁၀)ယောက်မှာတစ်ယောက်လောက်သာ အရင်းနှီးဆုံးသူငယ်ချင်းမရှိတာကိုတွေ့ရှိ ခဲ့တယ်လို့ လေ့လာချက်တစ်ခုမှာဖော်ပြထားပါတယ်။ဒါ့ကြောင့် လက်ရှိ ရှိနေတဲ့ အရင်းနှီးဆုံးသူငယ်ချ င်းတွေကို တန်ဖိုးထားဆက်ဆံသင့်ပါတယ်။

willsmith/instagram _Blood Diamond/Warner Bros.

(၈) အထိမ်းအမှတ်နေ့တွေ ကျင်းပမယ်

ကျွန်တော်တို့မှာ ဆင်နွှဲစရာအထိမ်းအမှတ်နေ့၊ အခမ်းအနားများစွာရှိပါတယ်။  ဒီအထိမ်းအမှတ်ပွဲကို ဆင်နွှဲဖို့ စောင့်ဆိုင်းနေကြတဲ့လူတွေလည်းရှိပါတယ်။ ဒါပေမယ့် အခုလိုအထိမ်းအမှတ်ပွဲတွေမှာ ၀င်ရောက်ဆင်နွှဲနိုင်နေတဲ့ သင့်ကိုသင်ဂုဏ်ယူလိုက်ပါ။ကမ္ဘာပေါ်မှာ ဒီလိုလွတ်လပ်စွာ အထိမ်းအမှတ်ပွဲ ကိုတွေ မဆင်နွဲနိုင်တဲ့သူတွေ အများကြီးရှိနေပါတယ်။

(၉) အ၀တ်အစားနဲ့ ဖိနပ်တွေ

သင်ဟာ ဖိနပ်မပါပဲကမ်းခြေမှာပျော်ရွှင်စွာလမ်းလျှောက်ပြီး အားလပ်ရက်ကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့အ ချိန်မှာ တစ်ခြားသူတွေကတော့ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်လုပ်နေရတယ်ဆိုတာကိုသိထားပါ။

အခက်အခဲမရှိ အ၀တ်အစားကောင်း ဖိနပ်ကောင်းတွေကို စီးခွင့်၊၀တ်ခွင့်ရနေပြီဆိုရင် ကိုယ့်ကိုကိုယ်ကျေနပ်လိုက်ပါ။ တစ်ချို့တွေမှာ ဒီလိုဝတ်နိုင်ဖို့အတွက် အိမ်မက်ထဲမှာသာရှိပြီး စားဝတ်နေရေးအတွက်ရုန်းကန်နေရတာဖြစ်ပါတယ်။

(၁၀) ကျန်းမာတဲ့ဘ၀နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရနေမယ်

သင်နဲ့သင့်မိသားစုဝင်တွေဟာ ကျန်းမာတဲ့ဘ၀ကိုအသီးသီးပိုင်ဆိုင်မယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကော င်းမွန်စွာခံယူနိုင်မယ်ဆိုရင် သင့်ကိုယ်သင် ကံကောင်းတဲ့လူတစ်ယောက်အဖြစ်သတ်မှတ်လိုက်ပါ။ ကမ္ဘာပေါ်ရှိလူဦးရေထက်ဝက်နီးပါးလောက်ဟာ ကျန်းမာရေးဝန်ဆောင်မှုမရရှိတဲ့သူတွေဖြစ်တယ်လို့ WHO ကပြောပါတယ်။

ကဲ…. အဲ့ဒီတော့ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးထားကြပြီး ကျေးဇူးတင်သင့်ပါတယ်နော်။

Thae Su

SHARE