မိန်းကလေးအများစု စိတ်ဝင်စားမိလာစေတဲ့ ယောကျာ်းလေးတွေရဲ့ အရည်အချင်းများ

shutterstock/ Dean Drobot

မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို သဘောကျရတဲ့ အကြောင်းအရင်းတွေကတော့ အမျိုးမျိုးရှိလို့နေပါတယ်။ ဒါပေမယ့် မိန်းကလေးတွေဟာ ယောကျာ်းလေးတစ်ယောက်ကို စစချင်းမှာပဲ သတိထားမိပြီး စိတ်ဝင်စားမိအောင် ဆွဲဆောင်နေတဲ့ အချက်လေးတွေက သက်သက်ရှိလို့နေပါတယ်နော်။ ဒီအချက်တွေက မိန်းကလေးအများစု စိတ်ဝင်စားမိစေတဲ့ ယောကျာ်းလေးတွေမှာ တွေ့ရတတ်တဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။

ကြင်နာတတ်မှု

shutterstock/ Prostock-studio

ယောကျာ်းလေးတစ်ယောက်က ရုပ်ချောသည်ဖြစ်စေ၊ ရုပ်မချောဘူးပဲ ဖြစ်စေ သူ့ဆီမှာ တစ်ဖက်သားအပေါ် ကြင်ကြင်နာနာ ဆက်ဆံတတ်တဲ့ စိတ်ဓာတ်လေးရှိတာကိုက မိန်းကလေးတစ်ယောက်ဆီမှာ တော်တော်လေး အမှတ်ရနေပါပြီနော်။ မိန်းကလေးတွေက သူတို့အပေါ် ကြင်နာတတ်တဲ့ ယောကျာ်းလေးတွေကို သဘောကျတတ်သလို နွေးထွေးကြင်နာမှုကို ဖော်ပြတတ်တဲ့ သူတွေကို စိတ်ဝင်စားလေ့ရှိကြပါတယ်။

ဦးဆောင်နိုင်စွမ်းရှိမှု

shutterstock/ Gutesa

ယောကျာ်းလေးတစ်ယောက်မှာ ဦဆောင်နိုင်စွမ်းစွမ်းရည်ကတော့ မရှိမဖြစ် ရှိသင့်တယ်လို့ထင်ပါတယ်။ ဒီလို ဦးဆောင်နိုင်စွမ်းမြင့်မားတဲ့ ယောကျာ်းလေးတွေက မိန်းကလေးတွေရဲ့ အမြင်မှာ အရမ်းကိုကြည့်ကောင်းပြီး အားကိုးချင်စရာကောင်းတယ်လို့ ထင်မိတတ်ကြပါတယ်။

READ
မိုဘိုင်းဖုန်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ အရေပြားပြဿနာ(၅)မျိုး

ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု

ပေါင်းသင်းဆက်ဆံရေးအရာမှာ အဆင်ပြေတဲ့ ယောကျာ်းလေးတွေက မိန်းကလေးတွေရဲ့အမြင်မှာတော့ ဆွဲဆောင်မှုရှိတဲ့သူတွေဖြစ်ကြပါတယ်။ ဒီလိုယောကျာ်းလေးတွေက ဘယ်နေရာ၊ ဘယ်သူနဲ့မဆို ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ ပြောစရာမလိုအောင် တော်နေတာက မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိစေတာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု

shutterstock/ javi_indy

ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတိုင်းက ဆွဲဆောင်မှုရှိပြီး အထင်ကြီးလေးစားစရာ ကောင်းနေတတ်တာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနေတတ်တဲ့ ယောကျာ်းလေးတွေဟာလည်း မိန်းကလေးတစ်ယောက်ရဲ့အမြင်မှာ အရမ်းကိုနှစ်လိုဖွယ် ကောင်းပါတယ်။

ဟာသဥာဏ်ရှိခြင်း

shutterstock/ GaudiLab

မိန်းကလေးတွေက သူတို့ကို ရယ်မောစေတဲ့သူ၊ သူတို့ကို ပျော်ရွှင်အောင်လုပ်ပေးတဲ့ ယောက်ျားလေးတွေကို ပိုသတိထားမိတတ်ကြပါတယ်နော်။ ဒါကြောင့် ဟာသဥာဏ်ရွှင်တဲ့ ယောကျာ်းလေးတွေကတော့ မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုအခံရဆုံး ယောကျာ်းလေးတွေထဲမှာ ပါဝင်လို့နေပါတယ်။

Khin

SHARE