ယောကျာ်းလေးတယောက်ကိုစိတ်ဝင်စားရင် မိန်းကလေးတွေလုပ်လေ့ရှိတဲ့ရေလာမြောင်းပေးနည်းများ

shutterstock/By Dragon Images

ယောင်္ကျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ကြိုက်နေပြီဆိုရင်တော့ အပြင်ထွက်ဖို့ ခေါ်ဒိတ်မှာပါ။ဒါပေမဲ့ မိန်းကလေးတွေက ယောင်္ကျားလေးကို တိုက် ရိုက်မဖွင့် ပြောကြပါဘူး။(ဖွင့်ပြောတဲ့ မိန်းကလေး တော့ ကျွန်တော် တွေ့ဖူးပါတယ်)မိန်းကလေးအများစု ဟာ ယောင်္ကျားလေးတွေကို ရေလာမြောင်းပေးသွယ်ဝိုက်လုပ်တတ်ကြပါတယ်။ယောင်္ကျားလေး အများစုကတော့ ဒီလိုမျိုးတွေ ရေလာမြောင်းပေးတွေကို အလိုအလျောက် သိစိတ်နဲ့ကို နားလည်ကြပါတယ်။ဘာပဲဖြစ်ဖြစ် အခုဒီမှာတော့ သေချာအောင် မိန်းကလေးတစ်ယောက်က သင့်ကို စိတ်ဝင်စားနေပြီဆို လုပ်တတ်တဲ့ ရေလာမြောင်းပေး အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။သင့်ကို အရင်ဆုံး စကားလာပြောမယ်။

shutterstock/By BlueSkyImage

ဒီအချက်ကတော့ အသိသာကြီးပဲ။ဘယ်လို Relationships  ဖြစ်ဖြစ် ဆက်သွယ်မှု တစ်ခုကပဲစရတာပါ။အွန်လိုင်းမှာပဲ ဖြစ်ဖြစ် အပြင်မှာပဲ ဖြစ်ဖြစ် သင့်ကို စကားလာစပြောတာကတော့ အလွန်သိသာလှတဲ့ ရေလာ မြောင်းကြီးတစ်ခု ဖြစ်ပါတယ်။

READ
ကားပေါ်မှာ ချစ်တင်းနှောနေစဉ် မြစ်ထဲပြုတ်ကျသေဆုံးသွားတဲ့ ရုရှားစုံတွဲ

၂။Social Media Post တွေကို သူအမြဲတမ်းကြည့်ဖြစ်တယ်။

သင့်က စာရေးကောင်းတဲ့ သူတစ်ဦး၊ဒါမှမဟုတ် စိတ်ဝင်စားစရာ တစ်ခုခုတင်ထားလို့ သူက Like ပေးသွားရင်တော့ ရေလာမြောင်းပေးလုပ်တယ်လို့ ယူဆလို့မရဘူးပေါ့။ဒါပေမဲ့ ဘာမှမဟုတ်တာက အစ စိတ်ဝင်စားနေတယ်ဆိုရင်တော့ မိန်းကလေး တစ်ယောက်က သင့်ကို စိတ်ဝင်စားနေပါတယ်။

၃။သင့်ကို ချက်ခြင်း အရေးလုပ်တယ်။

စာပို့တာပဲဖြစ်ဖြစ်၊ဖုန်းခေါ်တာပဲ ဖြစ်ဖြစ်သင့်ကို ချက်ခြင်း ပြန်ပို့တယ်ဆိုရင် သင့်ကို ကြိုက်နေတယ် ဆိုတာတော်တော်သေချာနေပါပြီ။

၎။တခြားယောင်္ကျားလေးတွေနဲက အဆက်အဆံ သိပ်မလုပ်ဘူး။

မြန်မာကားတွေမှာသာ ရည်းစားပြိုင်လုကြတာ ရှိပေမဲ့ အပြင်မှာ ယောင်္ကျားလေးတွေက ကောင်မလေးတစ်ယောက်ကို ပြိုင်လိုက်ခဲပါတယ်။ဒါကြောင့် မိန်းကလေးတစ်ယောက်က သင့်ကိုနှစ်သက်နေပြီဆို သင်အထင်လွဲမှာဆိုးတဲ့အတွက်ကြောင့် သူ့ရည်းစားဟောင်းတွေပဲ ဖြစ်ဖြစ် ၊တခြား ယောင်္ကျားလေးတွေပဲ ဖြစ်ဖြစ် သိပ်မတွဲပြပါဘူး။

READ
အနီးကပ်လုပ်ကြံမှုတွေအတွက် အချောအလှစစ်သမီးများကိုလေ့ကျင့်ပေးနေတဲ့မြောက်ကိုရီးယား

၅။သင်ကို မျက်လုံးချင်း ဆိုင်ကြည့်ပြီးကြည့်တယ်။

မျက်လုံးချင်းဆိုင်ဖို့ကလည်း တယ်မလွယ်ပါဘူး။ရုတ်တရက် မျက်လုံးချင်းဆိုင်နေတာပဲဖြစ်ဖြစ် ၊တစ်ယောက်ယောက်က သင့်ကို စိုက်ကြည့်နေမှ ဆိုင်တတ်တာမျိုးပါ။လျှပ်တပြတ် ဆိုင်တာမျိုး မဟုတ်ဘဲ သူမက သင့်ကို စိုက်ကြည့်နေတယ် ဆိုရင်တော့ …….။

၆။သင့်အကြောင်းတွေကို စိတ်ဝင်စားတတ်တယ်။

ဒါကလည်းရှင်းပါတယ်။သင့်ရဲ့ အကြိုက်ဆုံးအစားအစာ၊ရုပ်ရှင်၊သီချင်း စတဲ့ အသေးစိတ်တွေမှတ်ထားမှတော့ သင့်ကို နှစ်သက်နေလို့ပဲ ဖြစ်ပါတယ်။

၇။သူမအကြောင်းတွေ ပြောပြတတ်တယ်။

shutterstock/By Ivanko80

သူမရဲ့ ဒုက္ခတွေ၊အိပ်မက်တွေ၊စတာတွေကို သင့်ကို ရင်ဖွင့်ပြတတ်တယ်ဆို သင့်ကို ယုံကြည်ပြီး သင်နဲ့ဆိုရင် သက်တောင့်သက်သာ ခံစားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Ref : Love Panky

SHARE