မနက်ခင်းတွေကို လန်းဆန်းစွာ ဖြတ်သန်းနိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်

လူငယ်အများစုအပါအဝင် ယနေ့ခေတ်လူတွေ လုပ်တတ်ကြတဲ့ အကျင့်တစ်ခုကတော့ နောက်ကျမှ အိပ်ပြီး စောစောထကြတာပါ။ တစ်ရက်နှစ်ရက်နဲ့တော့ မသိသာပေမယ့် ရေရှည်အတွက်ဆိုရင်တော့ ကျန်းမာရေး ထိခိုက်လာနိုင်တဲ့ အလေ့အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများက ညဘက်ဆို ဖုန်းပွတ်ကာ အိပ်ယာဝင်နောက်ကျတတ်ကြပြီး မနက်ကျ အလုပ်ကို စောစောထသွားရတတ်ကြတော့ လူတွေက မနက်ခင်းတွေဆို ကော်ဖီကူရ၊ အားဖြည့်အချိုရည် ကူရနဲ့ မလန်းမဆန်းတွေ ဖြစ်နေတတ်ကြပါတယ်။

ဒါကြောင့် ဒီတစ်ခါ Shwemom ပရိသတ်ကြီးအတွက် မနက်ခင်းတွေကို လန်းဆန်းစွာ ဖြတ်သန်းနိုင်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Shutterstock

(၁) ဘာမှမစဉ်းစားဘဲ အကောင်းမြင်စိတ်နဲ့ နိုးထပါ.. လူတွေက မနက်အိပ်ယာနိုးပြီဆိုတာနဲ့ ငါဒီနေ့ ဘာတွေလုပ်စရာရှိတယ်၊ ဘာတာဝန်တွေ ရှိနေတယ်၊ မနေ့က ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ အတွေးတွေကို တွေးမိတတ်ကြပါတယ်။ ဒါဟာ အိပ်ယာထဲက မထွက်ခင်ကတည်းက ကိုယ့်ကိုယ်ကို စိတ်ဖိစီးစေတဲ့ အကျင့်ပါပဲ။ အိပ်ယာနိုးနိုးချင်း ဘာမှမစဉ်းစားပါနဲ့။ အရင်ဆုံး အသက်ကို သေချာရှူထုတ် ရှူသွင်းလုပ်ပါ။ အညောင်းဆန့်ပါ။

READ
သင့်ကိုပိုပြီးထက်မြက်လာစေနိုင်တဲ့ ဝါသနာ(၁၀)မျိုး

(၂) အိပ်ယာနိုးနိုးချင်း အရင်ဆုံး သုံးဆောင်သင့်တာကတော့ သောက်ရေသန့်ဖြစ်ပါတယ်။ ရုံးသွားရင် အိပ်ငိုက်မနေစေဖို့ လက်ဖက်ရည်တွေ၊ ကော်ဖီတွေ သောက်တတ်ကြပါတယ်။ မသောက်နဲ့လို့ မပြောပါဘူးနော်။ ဒါပေမယ့် အိပ်ယာနိုးနိုးချင်းတော့ လစ်ဟာနေတဲ့ အစာအိမ်အတွက် ကဖိန်းကို သောက်သုံးဖို့ မသင့်တော်ပါဘူး။ ရေကို အရင်ဆုံးသောက်ပေးပါ။ ပြီးမှ အခြားမနက်စာ တစ်ခုခုနဲ့ ကော်ဖီ/လက်ဖက်ရည်တို့ကို တွဲဖက်သုံးဆောင်နိုင်ပါတယ်။

Shutterstock

(၃) ညဘက် စောစောအိပ်ပြီး မနက် စောစောထပါ.. ဒီအချက်ကတော့ အထူးတလည် ရှင်းပြစရာလိုမယ်မထင်ပါဘူးနော်။

(၄) မနက်နိုးနိုးချင်း ပြင်ဆင်စရာတွေကို ကတိုက်ကရိုက်မလုပ်ပါနဲ့.. မနက်ခင်းမှာ သင်လုပ်ချင်တာတွေပဲ လုပ်ရတယ်ဆိုရင်တောင် စက်ရုပ်တစ်ရုပ်လို တစ်ခုပြီး နောက်တစ်ခု ဆက်တိုက် မနားတမ်းလုပ်စရာ မလိုပါဘူး။ မနက်ခင်းရဲ့ နေရောင်ခြည်ကို သေချာခံစားပြီး သဘာဝတရားကို သတိထားကြည့်ပါ။ သင့်ရဲ့ စိတ်တွေ ကြည်လင်လာပါလိမ့်မယ်။

Shutterstock

(၅) ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ.. လေ့ကျင့်ခန်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ လူတွေအားလုံး သိကြပါတယ်။ မနက်ခင်းတွေမှာ လွယ်ကူတဲ့ လေ့ကျင့်ခန်းလေးတွေကို မိနစ်အနည်းငယ်မျှ လုပ်ပေးသင့်ပါတယ်။ နေ့တိုင်းမဟုတ်ရင်တောင် သတ်မှတ်ထားတဲ့ ပုံမှန်လေ့ကျင့်ခန်း လုပ်ချိန်တွေ ထားရှိသင့်ပါတယ်။

READ
နိုင်အာဂါရာရေတံခွန်ကို ဖြတ်ပြီးစီးနင်းနိုင်တော့မယ့် သည်းထိတ်ရင်ဖို ကောင်းကင်ကြိုးတန်း

Ref: Relrules

SHARE