လေယာဉ်ပေါ်မှာ အခမဲ့ရနိုင်တဲ့အရာများ

လေယာဉ်ခရီးစဉ်တော်တော်များများမှာ အောက်ပါအစီအစဉ်တွေကို အခမဲ့ရယူနိုင်ပါတယ်။ သို့သော် အချို့သော လုံခြုံ
ရေးတင်းကြပ်တဲ့ လေကြောင်းလိုင်းနဲ့ စာရိတ်လျှော့ချနေတဲ့ လေကြောင်းလိုင်းမျိုးမှာတော့ ရချင်မှ ရနိုင်မှာပါ။ ဒါပေမယ့်
ခရီးသည်ရဲ့ အခွင့်အရေးအရ တောင်းကြည့်နိုင်ပါတယ်။

(၁) ကလေးများအတွက် Wing Pin

ကလေးတွေအတွက် Wing Pin လေးတွေကို အမှတ်တရ တောင်းလို့ရပါတယ်။ ကလေးကိုယ်တိုင် လေယာဉ်စီးနင်းတဲ့
အခါမျိုးမှာသာ တောင်းလို့ရပါတယ်။

(၂) အခြေခံအိမ်သုံးဆေးဝါး/ဆရာဝန်

နေမကောင်း ဖျားနာဖြစ်တဲ့အခါ အခြေခံအိမ်သုံးဆေးဝါးတွေ တောင်းယူနိုင်ပါတယ်။ ဒီလိုမှ မသက်သာရင် ဆရာဝန်ခေါ်
ပေးဖို့/အသက်အန္တရာယ်အခြေအနေ စိုးရိမ်ရရင် လေယာဉ်ကို အနီးဆုံးလေဆိပ်မှာ အရေးပေါ်ဆင်းပေးဖို့ တောင်းဆိုနိုင်
ပါတယ်။ အဲဒီကမှတဆင့် ဆေးဆက်ကုနိုင်ပါတယ်။

(၃) ဖျော်ရည်အပို

သောက်စရာ ကော်ဖီနဲ့ အဖျော်ယမာကာ ဝေငှတဲ့အခါ တစ်ခွက်လောက်နဲ့ သောက်ရတာ အားမရရင် ရှက်စရာမလိုပါဘူး။
နောက်ထပ်တစ်ခွက်လောက် တောင်းပြီး သောက်နိုင်ပါတယ်။ များသောအားဖြင့်တော့ လေကြောင်းလိုင်းတိုင်း ဒီကိစ္စကို
မတွန့်တိုကြပါဘူး။

READ
အခြားကမ္ဘာရဲ့ဝင်ပေါက်လို့ သမုတ်ကြတဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ စကော့တလန်

(၄) အစားအစာတွက် နောက်တစ်ကြိမ်

အစားအစာလည်း ထိုနည်း၎င်းပါဘဲ။ စားရတာ သိပ် တင်းတိမ်မှုမရှိရင် နောက်တစ်ကြိမ် တောင်းနိုင်ပါတယ်။ လေ
ကြောင်းလိုင်းတော်တော်များများကတော့ ခဏစောင့်ပါရှင်-လို့ ပြောပြီး အခြားခရီးသည်တွေကို အစားအသောက် ဆက်
ဝေလေ့ရှိပြီး ပြီးမှအစာအပိုတောင်းတဲ့သူဆီကို ပြန်လာကာ ၀န်ဆောင်မှု ပေးလေ့ရှိပါတယ်။ အချို့ခရီးသည်တွေက အစား
အစာကို မစားဘဲ ငြင်းဆန်တာမျိုးတွေ ရှိတော့ ပိုသမျှကို ထပ်မံတောင်းဆိုသူတွေအတွက် ၀န်ဆောင်မှုပေးပါတယ်။

(၅) ခုံအနေအထား ပြင်ဆင်ပေးဖို့

ကိုယ် ထိုင်ရတဲ့ ခုံက သိပ် အဆင်မပြေတဲ့အခါ အနေအထားကို ပြင်ပေးဖို့ တောင်းဆိုလို့ရပါတယ်။ များသောအားဖြင့်
တော့ လေယာဉ်ပေါ်မှာ တစ်ခုခု ပြောဆိုလိုတဲ့အခါ ညာဘက်လက်ကိုအစုံလိုက်ထောင်က သင်္ကေတပြလေ့ရှိပါတယ်။

(၆) ကလေးကို စောင့်ရှောက်ဖို့

မိမိက ရေအိမ်/ဆေးလိပ်သောက်ခန်းကို သွားလိုတဲ့အခါမှာ ကိုယ့်ရဲ့လူမမယ် ကလေးကို ခဏတာစောင့်ရှောက်ဖို့ လေ
ယာဉ်မယ်ကို အကူအညီတောင်းခံနိုင်ပါတယ်။

READ
တခြားနိုင်ငံတွေနဲ့မတူပဲ တမူထူးခြားစွာကွဲထွက်နေတဲ့ဂျပန်နိုင်ငံရဲ့ဓာတ်ပုံများ

(၇) လေယာဉ်မှူးရဲ့အခန်းကိုလေ့လာခွင့်

လေယာဉ်မှူးရဲ့အခန်းကို လေ့လာလိုကလည်း လေ့လာခွင့် တောင်းနိုင်ပါတယ်။ ခရီးသည်တင် လေယာဉ်တော်တော်များ
များကတော့ ဒီအချက်ကိုငြင်းဆန်လေ့ရှိကြပါတယ်။ ဒါပေမယ့် အချို့လေကြောင်းလိုင်းမှာရှိတဲ့ လေယာဉ်မှုတွေကတော့
ဒီအချက်မျိုးကို လိုလိုချင်ချင် လက်ခံလေ့ရှိတယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

shwemom

source : smartertravel.com

SHARE