ချစ်သူ စိတ်ကောက်နေတဲ့အခါ မကျွေးသင့်တဲ့ အစားအသောက် (၅) မျိုး

ကိုယ့်ကောင်မလေးက ကိုယ့်ကို စိတ်ကောက်နေပါပြီတဲ့။ ကိုယ့်မှာ ချော့ချင်လို့ နည်းလမ်းမျိုးစုံ သုံးပေမယ့်လည်း မရ။ နောက်ဆုံးကြတော့မှ မုန့်သွားစားကြမယ် ဆိုပြီး စိတ်ပြေသွားပါလေရော။ အဲဒီအချိန်မှာ ကိုယ်သွားစားဖို့ ရွေးချယ်တဲ့ မုန့်၊ ဒါမှမဟုတ် စားစရာက မှန်ကန်မှ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် စိတ်ကောက်တဲ့ အဆင့်ပါ မဟုတ်ပဲ စိတ်ဆိုးတဲ့အဆင့်တွေ ဘာတွေအထိ ရောက်သွားနိုင်တယ်။ ဘာကြောင့်လဲ။ ဒီ အစားအစာတွေနဲ့ စိတ်ကောက်တာက ဘယ်လို ပတ်သက်နေလဲဆိုတာ သိချင်ရင် ဖတ်ကြည့်လိုက်နော်။

The Spruce Eats

(၁)။ ပူတဲ့၊ စပ်တဲ့ အစားအသောက်မျိုးတွေ

………………………………………

စိတ်ထဲမှာ အဆင်မပြေ ဖြစ်နေချိန်ဆိုရင် ပူတဲ့ စပ်တဲ့ အစားအစာတွေက ပြင်းထန်တဲ့ ခံစားမှုကိုရဖို့ တွန်းအားပေးပါလိမ့်မယ်။ နေပူနေတဲ့ အချိန်မျိုးဆိုရင် ပိုဆိုးမယ်။ နေက ပူရတဲ့ကြားထဲ မုန့်တီက ပူပူစပ်စပ်ကြီးဖြစ်၊ သင်္ဘောသီးထောင်းဆိုရင်လည်း စပ်လွန်းလို့ ချွေးတွေပါပြန်။ ဖရိုဖရဲတွေ ဖြစ်ကြမှာပါ။ အဲဒီအချိန်မျိုးဆိုရင် စကားလေး နည်းနည်းထပ်မှားတာနဲ့ ကုလသမဂ္ဂက ၀င်ဖြေရှင်းပေးရတဲ့အထိ ကိစ္စတွေ ကြီးသွားပါလိမ့်မယ်။ ဒါကြောင့် စိတ်ကောက်နေတဲ့ အချိန်မှာ ဒီလို အစားအစာတွေ မကျွေးမိအောင် ရှောင်ပါ။

Her World

(၂)။ စားရခက်တဲ့အစားအစာတွေ

…………………………………………

စားရခက်တဲ့ အစားအစာတွေအကြောင်း တွေးလိုက်ရင် Admin မျက်စိထဲမှာ ဂဏန်းကို ပြေးမြင်မိတာပါပဲ။ ဂဏန်းအသေးတွေက ပြဿနာမရှိပေမယ့် ဂဏန်းအကြီးကြီးတွေကို စားရမယ့် အချိန်ကျရင်တော့ ပြဿနာရှိလာနိုင်ပါတယ်။ အထဲက အသားတွေကို စားရဖို့ ဖဲ့လိုက်ရမယ့်ဖြစ်ချင်း။ လက်မ ဆိုရင်လည်း လက်မကို ခွဲဖို့ အားတွေသုံးရမယ်၊ မရရင် ဒေါသက ထွက်မယ်။ အလုပ်ရှုပ်မယ်။ ပင်ပန်းမယ်။ ဒီလိုအချိန်မှာလည်း ဒေါသက ငယ်ထိပ် ရောက်လာတတ်ပြီး ခုနတုန်းက စိတ်ကောက်ထားတာနဲ့ ပြန်ပေါင်းမိ သွားနိုင်ပါလိမ့်မယ်။ ဒီတော့ စားရခက်တဲ့ အစားအစာမျိုးကို မကျွေးတာ အကောင်းဆုံးပါ။ စကားမစပ်….ကိုယ်က ခွာပေးနိုင်မယ်၊ စားဖို့အဆင်သင့် လုပ်ပေးနိုင်မယ်ဆိုရင်တော့ အမှတ်ပြည့်ပေါ့လေ…။

READ
ရန်ဖြစ်တဲ့စုံတွဲတွေအချစ်ရေး ပိုမိုခိုင်မြဲရခြင်း အကြောင်းအရင်း( ၅ )ချက်
Popsugar

(၃)။ ခဏလေးနဲ့ကုန်သွားမယ့်အစားအစာမျိုး

……………………………………………………….

ခဏလေးနဲ့ ကုန်သွားမယ့် အစားအစာမျိုးကလည်း စိတ်ကောက်တဲ့အချိန်မှာ မကျွေးသင့်တာ အမှန်ပါ။ အဲဒီအချိန်မျိုးမှာ သူတို့ပါးစပ်ကို များများ အလုပ်ပေးနိုင်မှ ကိုယ့်ကို စကားပြောတဲ့အချိန် နည်းနိုင်သမျှ နည်းအောင် လုပ်နိုင်မှ သူတို့ရဲ့ စိတ်ကောက်တဲ့  Tempo က လျော့သွားမှာပါ။ ဒီလိုမှမဟုတ်ပဲနဲ့ ခဏလေးနဲ့ ကုန်သွားမယ့် အစားအစာမျိုး သွားကျွေးမိရင်တော့ စားစရာကုန်သွားတာနဲ့ စိတ်ကောက်ရခြင်း အကြောင်းဆီကို စကားအစ ပြန်ကောက်ပါလိမ့်မယ်။ ဒီလိုဆိုရင် နောက်တစ်ခေါက် ထပ်ချော့ဖို့ ကြိုးစားရင်း အလုပ်ရှုပ်ရဦးမှာပါ။

(၄)။ ဈေးပေါတဲ့အစားအစာမျိုး

……………………………………..

စိတ်ကောက်တာချော့ဖို့ မုန့်ကျွေးမယ်ဆိုရင် ဘယ်တော့မှ ဈေးပေါတဲ့ အစားအစာမျိုး မကျွေးမိပါစေနဲ့။ စိတ်ကောက်ပါတယ်ဆိုမှ လမ်းဘေးက (၅၀၀) တန် မုန့်ဟင်းခါးသွားစားရအောင် ဘာညာ လုပ်မိရင် သူတို့ကို တန်ဖိုးမထားဘူးဆိုပြီး စိတ်ကောက်တဲ့ အဆင့်မြင့်သွားနိုင်ပါတယ်။ ဒီတော့ တန်ဖိုးအရမ်းကြီးတာကြီး မဟုတ်ရင်တောင် တန်ဖိုးသိပ်မနိမ့်တဲ့ အစားအစာမျိုးကျွေးပါ။ ဘာရယ်ညာရယ်တော့ မဟုတ်ဘူး ….. လူရှိန်တာပေါ့။

READ
ယောက်ျားတွေ အိမ်ထောင်ရေးကို စိတ်ပျက်ကွာရှင်းချင်လာရတဲ့ အကြောင်းအရင်း
The Wine Feed

(၅)။ မူးရစ်စေမယ့်ဟာတွေ

………………………………..

စိတ်ကောက်နေတဲ့အချိန်မှာ ကော့တေးလ် တို့ ၊ ၀ိုင် တို့ လို မူးစေမယ့်ဟာတွေနဲ့ မပြုစုမိပါစေနဲ့။ အကြောင်းက အဲဒါတွေသောက်ပြီး မူးလာတဲ့အခါ အရစ်ခံရမှာက သင်ကိုယ်တိုင် ဖြစ်လို့ပါပဲ။ မမူးဘူးဆိုလည်း မူးချင်ယောင်ဆောင်ပြီး ရစ်ပါလိမ့်မယ်။ ခုနတုန်းက စိတ်ကောက်ပြီး မကျေမနပ်ဖြစ်ခဲ့ရတာကို မူးတဲ့အကွက်သုံးပြီး ပြန်ရစ်မှာပါ။ အဲဒီနေရာကနေ ထွက်ပြေးချင်လောက်တဲ့အထိ ဖြစ်လာနိုင်တာမို့ စိတ်ကောက်ပြေတာကိုချော့ဖို့အတွက် မူးရစ်စေနိုင်တဲ့ဟာတွေကို ရှောင်ပါ။

 

အကြံပေးချက် *** ဒါကတော့ အထူးအကြံပေးချက်ပါ။ Admin အတွေ့အကြုံအရ ဆိုရင်တော့ ကြာကြာလည်းစားလို့ရတယ်၊ လွယ်လွယ်လည်း စားလို့ရတဲ့ အစားအစာကို ညွှန်းပေးလို့ရပါတယ်။ အဲဒါက မုန့်ဖက်ထုပ် ပါ။ စားလိုက်ရင် ကပ်စီးစီးနဲ့ ပါးစပ်ထဲမှာ ကပ်နေမှာဖြစ်ပြီး ကိုယ့်ကို စကားလည်း ပြောနိုင်မှာ မဟုတ်ပါဘူး။ ခွာရတာလည်း လွယ်ပါတယ်။ တစ်ခုရှိတာက မုန့်ဖက်ထုပ်က ဈေးနည်းနေတာပဲ။ အဲဒီတော့ ဟိုကလာတဲ့            မုန့်ဖက်ထုပ်၊ ဒီကလာတဲ့  မုန့်ဖက်ထုပ် ဆိုပြီး ညာကျွေးပေါ့…။ LOL

Linn

SHARE