မင်းသမီးချော Claire Danes အကြောင်း သင်မသိသေးတဲ့ အချက်များ

Image:twitter/@ClaireDanesOrg

Claire Danes ဆိုတဲ့ မင်းသမီးချော တစ်ယောက်ရဲ့ အကြောင်းကို Shwemom စာဖတ်ပရိသတ်အတွက် ဖော်ပြ ပေးချင်ပါတယ်။Claire Danes  လို့ ပြောလိုက်ရင်တော့ လူတိုင်းမသိလောက်ပေမယ့် Romeo + Juliet (1996) ဇာတ်ကားထဲက မင်းသမီးချောလေးလို့ ပြောလိုက်ရင်တော့ မသိတဲ့သူမရှိလောက်ပါဘူး။ Leonardo DiCaprio နဲ့ အတူတူ အဲ့ဒီဇာတ်ကားထဲမှာ အတူတွဲ သရုပ်ဆောင်ပြီး ချစ်စရာ အကြည့်လေးတွေနဲ့ ဖမ်းစားခဲ့သူပါ။မင်းသမီးချော Claire Danes နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေကို  ဖော်ပြ ပေးချင်ပါတယ်။

Bio

Image:twitter/@ClaireDanesOrg

Danes ကိုတော့ အမေရိကန်နယူးယော့ခ် စီးတီးက  Manhattan မှာ မွေးဖွားခဲ့တာမို့ မြို့ကြီးပြကြီးမှာ မွေးဖွား ခဲ့တဲ့ မြို့ သူကြီးလို့ ပြောလို့ရပါတယ်။ဧပြီ (၁၂)ရက် (၁၉၇၉)မှာ မွေးဖွားခဲ့တာပါ။သူမရဲ့ အသက်ဟာ အခုဆိုရင် တော့ (၄၀)ရှိနေပါပြီ။မွေးချင်း တစ်ယောက်ရှိပါတယ်။အစ်ကို ဖြစ်ပြီး Asa ဆိုတဲ့ ရှေ့နေပါ။သူမရဲ့  မေမေ ကတော့  sculptor and printmaking artist တစ်ယောက်ဖြစ်ပြီး ဖေဖေ ကတော့ ဓါတ်ပုံဆရာမို့ အနုပညာသွေး တော့ အပြည့်ပါသူပါ။

Image:twitter/@ClaireDanesOrg

ပညာရေး

Danes ကတော့ Lycée Français de Los Angeles  ဆိုတဲ့ Private ကျောင်းကနေ(၁၉၉၇)မှာ ကျောင်းပြီးခဲ့ပါတယ်။(၁၉၉၈)မှာတော့ Yale တက္ကသိုလ်မှာ တက်ရောက်ပညာသင်ခဲ့ပါတယ်။ဒါရိုက်တာ  Oliver Stone က သူ မ အတွက်  recommendation letter ရေးပေးခဲ့ပါတယ်။စိတ်ပညာဆိုက်ကို မေဂျာကို နှစ်နှစ်ကြာ လေ့လာ သင်ယူခဲ့ပြီးနောက်မှာတော့ အနုပညာအလုပ်တွေ ကိ သေချာ ပိုလုပ်နိုင်ဖို့ ကျောင်းထွက်ပစ်ခဲ့ပါတယ်။

အနုပညာခြေလှမ်းအစ

အနုပညာပိုးအပြည့်ပါတဲ့ Danes  ကတော့ (၆)နှစ်သမီးတည်းက အကသင်ခဲ့ပါတယ်။အသက် (၁၀)နှစ်မှာ တော့ Lee Strasberg Theatre and Film Institute မှာ ပညာသင်ခဲ့ပါတယ်။အသက် (၁၁)နှစ်မှာတော့ လူ ရွေးပွဲဝင်ခဲ့ပါတယ်။အသက် (၁၁)နှစ်မှာတော့ ကျောင်းသားဇာတ်ကားတွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။အသက် (၁၂)နှစ်မှာတော့ Writers & Artists talent agency နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ဒီကြားထဲမှာလည်း တောက်လျောက် အနုညာ အလုပ်တွေ လုပ်ခဲ့ပါတယ်။အသက် (၁၅)နှစ်မှာတော့My So-Called Life ဒရမ်မာစီးရီးမှာ ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ Yale ကနေေ ကျာင်းထွက်ပြီး ပညာရေး ထက် အနုပညာကို ဦးစားပေးခဲ့တဲ့ သူမဟာ (၁၉၉၅) လောက် မှာစပြီး အနုပညာ အလုပ်တွေ လုပ်ခဲ့ပါတယ်။(၁၉၉၅)ခုနှစ်မှာတော့ Soul Asylum ရဲ့ “Just Like Anyone,”  ဆိုတဲ့ MV မှ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။အိန်ဂျယ်ဖြစ်နေတဲ့ ဆယ်ကျော်သက်ကောင်မလေး အဖြစ် သရုပ်ဆောင်ခဲ့တာပါ။အဲ့ဒီသီချင်းဟာ ဆိုရင်  Billboard’s Mainstream Rock Tracks ရဲ့ နံပါတ် (၁၁)နေရာကို ရောက်ခဲ့ပါတယ်။

READ
စင်မြင့်ထက်မှာ ပြောလိုက်တဲ့စကားအပေါ် ဒါရိုက်တာစင်ရော်မောင်မောင် ပြန်ဖြေရှင်း

Romeo + Juliet movie

Image:twitter/@ClaireDanesOrg

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Baz Luhrmann က ရိုက်ကူးခဲ့တာပါ။ဒီဇာတ်ကားမှာ  Leonardo DiCaprio နဲ့  Claire Danes တို့က အဓိက သရုပ်ဆောင်ထားတာပါ။ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့တုန်းက Claire Danes ရဲ့ အသက်ဟာ (၁၇)နှစ်လောက်ပဲရှိပါသေးတယ်။တစ်ကားလုံးမှာ ဆံပင်တု စွပ်သရုပ်ဆောင်ခဲ့တာပါ။ရေ အောက်မှာ ရိုက်တဲ့ Scene တွေ အတွက်တော့ အထူးပြုလုပ်ထားတဲ့ ဆံပင်တုကို သုံးခဲ့ရပါတယ်။DiCaprio နဲ့  Danes  တို့ ကတော့ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးဖို့ အချိန်အနည်းငယ်ပဲ ယူခဲ့ရပါတယ်။စရိုက်တဲ့ ပထမဆုံး Scene က Romeo နဲ့ Juliet တို့ တစ်ညအတူနေပြီး ဗလာကျင်းနဲ့ နိုးလာတဲ့ Scene ပါ။

ဖိလစ်ပိုင် ပြည်ဝင်ခွင့် အပိတ်ခံခဲ့ရဖူး

Image:twitter/@ClaireDanesOrg

Brokedown Palace (1998)ကို ရိုက်ကူးပြီးနောက်မှာတော့ Claire Danes တစ်ယောက် သူမရဲ့ အပြော မတတ် မှုကြောင့် ဒုက္ခ ရောက်ခဲ့ရပါတယ်။ဇာတ်ကားရိုက်တုန်းက ဖိလစ်ပိုင်မှာ နေခဲ့ရချိန်မှာ သူမဘယ်လောက် ထိ စိတ် ပျက် ခဲ့ရသလဲ ဆိုတာကို ထုတ်ပြောခဲ့တဲ့ အတွက် ကြောင့် နောက်ဆုံး ဖိလစ်ပိုင် ပြည်ဝင်ခွင့် ပိတ်ခံခဲ့ရပါတယ်။သူမ ပြောလိုက်မိတဲ့ စကားအတွက်လည်း လူသိရှင်ကြား ပြန်တောင်းပန်ခဲ့ပါတယ်။

READ
ရဲရဲတောက် ကျော့ရှင်းလှပနေတဲ့ ပါးချိုင့်မင်းသမီးလေး

Temple Grandin  အတွက် အများကြီး ကြိုးစားခဲ့

Danes ကတော့ Temple Grandin ဆိုတဲ့ ဇာတ်ကားအတွက် အများကြီးကြိုးစားခဲ့ပါတယ်။ Grandin ရဲ့ စာအုပ်နဲ့  Autism နဲ့ ဆက်နွယ်တဲ့ တခြားစာအုပ်တွေ အများကြီးကို ဖတ်ရှုလေ့လာခဲ့ပါတယ်။Danes ကတော့  ဒီကား အတွက် ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ရလဒ် ပြန်ရခဲ့ပါတယ်။Emmy နဲ့  Golden Globe ဆုတွေ ရခဲ့ပါတယ်။

အမျိုးသမီးအခွင့် အရေးအတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့သူ

အနုပညာနယ်ပယ်မှာလည်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ အခုထိ တန်းတူအခွင့် အရေး မရသေးပါဘူး။Danes က (၂၀၀၇-၂၀၁၂) မှာထွက်ရှိခဲ့တဲ့ Top 500 ဇာတ်ကားတွေရဲ့  စကားပြောခန်း (၇၀) ရာခိုင်နှုန်း ဟာ အမျိုးသားတွေ ကပဲ နေရာယူထားပါတယ်။

Image:twitter/@ClaireDanesOrg

သူမရဲ့ အောင်မြင်မဥတွေ

Danes ကတော့ ဆုတွေ အများကြီးရဖူးပါတယ်။Emmy Awards (၃)ဆု၊Golden Globe Awards (၄) ဆု၊Screen Actors Guild Awards နှစ်ဆု ရခဲ့ ဖူးပါတယ်။(၂၀၁၂)မှာတော့ Times ကနေ ဖော်ပြ တဲ့ 100 most influential people in the world စာရင်းမှာ ပါဝင်ခဲ့ပါတယ်။(၂၀၁၅)မှာတော့ Hollywood Walk of Fame မှာ Star ချီးမြှင့်ခံခဲ့ရပါတယ်။

Image:twitter/@ClaireDanesOrg

သူမရဲ့ အချစ်ရေး

Image:twitter/@screenertv

Danes ကတော့ သူမရဲ့ ခင်ပွန်း မင်းသား Hugh Dancy နဲ့ Evening (2006) ဇာတ်ကားမှာ ရုပ်ရှင်ရိုက်ရင် ဆုံ ခဲ့တာပါ။သူတို့နှစ်ယောက်ဟာ (၂၀၀၉)မှာ စေ့စပ်ခဲ့ပါတယ်။လအနည်းငယ်အကြာမှာတော့ လက်ထပ်ခဲ့ပါတယ်။Cyrus ဆိုတဲ့ သားလေးကိုတော့ (၂၀၁၂) ဒီဇင်ဘာ (၁၇)မှာရခဲ့ပါတယ်။

Source:tvovermind/wikipedia

 

SHARE