တစ်ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူ Greta Thunberg အကြောင်း

[email protected]

Greta Thunberg ဟာ အသက် ၁၆ နှစ်အရွယ်သာရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားမှုမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဦးဆောင်ဦးရွက်ပြုနေခဲ့တဲ့ ဆွီဒင်ကျောင်းသူချာတိတ်မလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နှစ်တုန်းကတော့ Greta Thunberg ဟာ အခုလိုကမ္ဘာကျော်လာဖို့မပြောနဲ့ သူနေတဲ့မြို့မှာတောင် လူတိုင်းနီးပါး သူမကိုမသိခဲ့ကြပါဘူး။ သာမန်သူလိုကိုယ်လို အလယ်တန်းကျောင်းသူလေးတစ်ယောက်ပေါ့။ အခုလိုမျိုး ကမ္ဘာအနှံ့က ခေါင်းဆောင်တွေနဲ့ UN လိုနေရာမျိုးမှာတောင် အဖိတ်ကြားခံရပြီး မိန့်ခွန်းပြောခွင့်ရတဲ့အထိ ကမ္ဘာကျော်သွားတာဟာ ဘယ်လိုကြောင့်လဲ၊ Greta Thunberg ရဲ့ လူသိပ်မသိကြသေးတဲ့ အကြောင်းတွေကရော ဘာတွေရှိဦးမလဲဆိုတာ Country Living မှ ကိုးကားဖော်ပြပေးသွားမှာပါ။

(၁) Instagram မှာ Follower ပေါင်း ၁.၃ သန်းနဲ့ ရပ်တည်နေသူလေးပါ။ IG မှာတော့ သူမပါဝင်လှုပ်ရှားနေတဲ့ campaign တွေ၊ ခရီးသွားတဲ့အကြောင်းအရာတွေ စတာတွေကို တင်လေ့ရှိပါတယ်။

[email protected]

(၂) Greta Thunberg ဟာ ကမ္ဘာမှာ ကျောင်းသားများတက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတဲ့ “Fridays for Future” လှုပ်ရှားမှုကို စတင်ခဲ့သူတစ်ဦးပါ။ ၂၀၁၈ ခုနှစ်တုန်းကဆိုရင် Greta Thunberg ဟာ အက် ၁၅ နှစ်သာသာပဲရှိဦးမှာပါ။ အဲဒီအရွယ်ကတည်းက သူမဟာ သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ဆွီဒင်လွှတ်တော်ရှေ့ ကွင်းပြင်မှာ တစ်ကိုယ်တည်းငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ အဲဒီကနေမှတစ်ဆင့် သူမနေထိုင်ရာမြို့မှ ကျောင်းတွေ၊ နောက် တခြားနိုင်ငံတွေကကျောင်းတွေအထိ ကျောင်းမတက်ဘဲ ဆန္ဒပြတဲ့အလေ့အထလေးဟာ ပျံ့နှံ့သွားရင်း Greta Thunberg ဆိုတာဟာလည်း Fridays for Future လှုပ်ရှားမှုရဲ့ခေါင်းဆောင်၊ လက်တလော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေထဲ လှုပ်ရှားမှုအစိတ်ဆုံးအဖြစ် အသိအမှတ်ပြုခံရရင်း ကမ္ဘာကျော်လာခဲ့ပါတော့တယ်။

READ
Single ဖြစ်ရတာကို လုံးဝမရှက်သင့်တဲ့ အကြောင်းအရင်း(၅)ခု

(၃) Asperger’s syndrome, OCD နဲ့ selective mutism ဆိုတဲ့ စိတ်ဝေဒနာတွေကို Greta Thunberg တစ်ယောက် ခံစားနေခဲ့ရသူတစ်ဦးပါ။ Asperger’s syndrome ဆိုတာကတော့ ကိစ္စတစ်ခုကို တခြားလူတွေထက် ပိုပြီး ခံစားလွယ်တာ၊ ဖက်တွယ်ထားတတ်တာ စတဲ့ စိတ်ခံစားချက်မတရားပြင်းထန်တဲ့ စိတ်ဝေဒနာတစ်ခုဖြစ်ပြီး Obsessive-Compulsive Disorder လို့ခေါ်တဲ့ OCD ကတော့ ဒေါသဖြစ်တာတို့၊ မနှစ်မြို့တာ၊ ဝမ်းနည်းတာ စတဲ့စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင် ဟန်မဆောင်နိုင်ဘဲ အရှိကိုအရှိအတိုင်း မျက်နှာအမူအရာ၊ အပြောအဆို၊ ကိုယ်နေဟန်ထားတို့နဲ့ ထုတ်ဖော်ပြတတ်တဲ့ စိတ်ဝေဒနာမျိုးပါ။ Selective mutism ဆိုတာကတော့ ကလေးတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဝေဒနာတစ်ခုဖြစ်ပါတယ်။ လူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံရတော့မယ်ဆိုတဲ့အခါမျိုးမှာ ခေတ္တ အ သွားသလိုမျိုး စကားပြောလို့မရတော့တဲ့ဝေဒနာမျိုးဖြစ်ပါတယ်။

[email protected]
[email protected]

(၄) Greta Thunberg ဟာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အကြီးအကျယ် စိတ်ဓာတ်ကျခဲ့ဖူးပါတယ်။ ခေတ်အပြောအရဆိုရင်တော့ depression ဝင်ခဲ့ဖူးတယ်ပေါ့။ သူမအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို စတင်သတိထားမိခဲ့တာ အသက် ၈ နှစ်အရွယ်ကတည်းကဖြစ်ပြီး နောက်ပိုင်းမှာ ထဲထဲဝင်ဝင်လိုက်လေ့လာပါတော့တယ်။ အသက် ၁၁ နှစ်အရွယ်ရောက်လာတဲအချိန်မှာတော့ Asperger’s syndrome ကြောင့်ပဲ ဒီပြဿနာတွေပေါ် ခံစားချက်တွေ ပြင်းထန်လာခဲ့ပြီး ကျောင်းလည်းမသွးတော့၊ မစားနိုင်မအိပ်နိုင်နဲ့ ကိုယ်အလေးချိန်ဟာ ၂ လအတွင်း ပေါင် ၂၀ေ ကျာ်လာခဲ့ပါတော့တယ်။

(၅) သူမရဲ့ အကောင်းဆုံးလှုပ်ဆော်မှုစကားစုလေးတစ်ခုရှိပါတယ်။ ဒါကတော့ The Guardian မှာ ရေးသားထားခဲ့တဲ့ စကားလေးပါ။ “Adults keep saying: ‘We owe it to the young people to give them hope.’ But I don’t want your hope. I don’t want you to be hopeful. I want you to panic. I want you to feel the fear I feel every day. And then I want you to act.” လူကြီးတွေကပြောတယ်၊ သူတို့အနေဲ့ လူငယ်တွေကို မျှော်လင့်တွေ ထွန်းတောက်လာစေဖို့ တာဝန်ရှိတယ်တဲ့။ ဒါပေမဲ့ ကျွန်မတို့လူငယ်တွေအနေနဲ့ သူတို့ပေးမယ့်မျှော်လင့်ချက်ကို လိုချင်တာမဟုတ်ဘူး။ အမျှော်အမြင်ရှိဖို့ကို လိုချင်တယ်၊ နောက်ပြီး ကြောက်ရွံ့စိတ်ကိုလိုချင်တာ။ ကျွန်မခံစားနေရတဲ့ ကြောက်ရွံ့စိတ်ကို သူတို့ကိုလည်း ခံစားစေချင်တာ။ နောက်ပြီး အလိုချင်ဆုံးကတော့ အလုပ်နဲ့သက်သေပြတာပဲ။

READ
အိမ်ထောင်မပြုပဲ ကလေးပဲလိုချင်လို့ အငှားကိုယ်ဝန်နဲ့ ကလေးယူခဲ့တဲ့ အမျိုးသား
[email protected]
[email protected]

(၆) Greta Thunberg အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းစဉ်တွေထဲ အားမရဆုံးနိုင်ငံကြီးတစ်ခုကတော့ UK နိုင်ငံပါတဲ့။ ဒါကို ပြီးခဲ့တဲ့ ဧပြီမှာ သူမအနေနဲ့ UK ကို ဖိတ်ကြားခံရတုန်းက ဒဲ့တိုးပြောခဲ့တဲ့စကားပါ။ ဒါကိုလည်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Micheal Gove က “ဟုတ်ပါတယ်၊ ကျွန်တော်တို့ နီးတောင်မနီးစပ်သေးပါဘူး” လို့ ဝန်ခံခဲ့ပါတယ်တဲ့။

(၇) Greta Thunberg တွေ့ဖူးခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကတော့ ဂျာမန်က အကြီအမှူး Angela Merkel, ပြင်သစ်သမ္မတ Emmanuel Marcron, ဥရောပရဲ့ ကော်မရှင်သမ္မတ Jean-Claude Juncker နဲ့ UK က နိုင်ငံရေးသမား Jeremy Corbyn တို့ပဲဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေနဲ့ကတော့ သီးသန့်တွေ့ဆုံခဲ့တာပေါ့။ ပွဲအတူတူတက်ခဲ့ဖူးတဲ့ ခေါင်းဆောင်တွေလည်း အများကြီးရှိလို့နေပါသေးတယ်။

Penny

SHARE