Henry Golding အကြောင်း သင်မသိသေးတဲ့ အချက် (၇ )ချက်

Image:IG/Henry Golding

Henry Ewan Golding ကတော့ မလေးရှား-အင်္ဂလိပ် သရုပ်ဆောင် ၊ မော်ဒယ်၊အစီစဉ်တင်ဆ က်သူ တစ်ယောက်ပါ။ BBC ရဲ့ The Travel Show တင်ဆက်သူ အဖြစ် (၂၀၁၄)တည်းက စပြီး ဆောင်ရွက် လာခဲ့သူပါ။Crazy Rich Asians ၊ A Simple Favor  ၊ Last Christmas ဇာတ်ကားတို့ နဲ့ နာမည်ကြီးခဲ့သူပါ။

Bio

Image:IG/Henry Golding

Henry Golding ကိုတော့ (၁၉၈၇)ခုနှစ် ဖေဖော်ဝါရီ (၅)ရက်နေ့မှာ မွေးဖွားခဲ့သူပါ။မ လေးရှား အ ရှေ့ပိုင်း Sarawak ပြည်နယ်၊Betong မြို့မှာ မွေးဖွားခဲ့တာပါ။အမေ ကတော့ မလေး ဖြစ်ပြီး အဖေ ကတော့ အင်္ဂလိပ် ပါ။Henry အသက် (၈)နှစ်မှာတော့ အင်္ဂလန်နိုင်ငံ Surrey ခရိုင်ကို ပြောင်းရွှေ့ လာခဲ့ပါတယ်။အသက် (၂၁)နှစ်မှာတော့ Kuala Lumpur ကို ပြန်ပြောင်းလာခဲ့ပါတယ်။

ဆံပင်ညှပ်ဆရာ အဖြစ် အသက်မွေးခဲ့ဖူး

Image:IG/Henry Golding

လန်ဒန်မှာ နေခဲ့တုန်းက လန်ဒန်မှာရှိတဲ့ Sloane  လမ်းပေါ်မှာ ဆံပင်ညှပ်ဆရာ တစ်ယောက် အဖြစ်အသက် မွေး ခဲ့ဖူးပါတယ်။နောက်ပိုင်းမှာတော့ အနုပညာလောကထဲ ၀င်ချင်လို့ မလေးကို ပြန်ပြောင်းလာခဲ့တာပါ။

ကောလိပ်ကျောင်း မတက်ခဲ့ရ

Image:IG/Henry Golding

ကောလိပ် ကျောင်းမတက်ရပေမယ့် အောင်မြင်နေသူတွေ ထဲမှာ Henry Golding ကလည်း တစ်ယောက် အပါအ ၀င်ပါ။မိဘ တွေက သူ့  ကောလိပ် ကျောင်းတက်တာ၊မတက်တာထက် သူဖြစ်ချင်တဲ့အရာကို ပဲ အကောင်းဆုံး ပံ့ပိုး ပေးတယ်လို့ Henry Golding က ပြောခဲ့ဖူးပါတယ်။သူ့ အတွက်ကတော့ တစ်ခုခုကို ကိုယ်တိုင် လက်နဲ့ ထလုပ်လိုက်ရတဲ့ လက်တွေ့ ကျ တာမျိုးကိုပဲ စိတ် ၀င် စားတဲ့ အတွက် ကောလိပ် ပညာရေး လမ်းကြောင်းက သူ့ရဲ့ Career ရည်မှန်းချက်နဲ့ မကိုက်ဘူးလို့ ပြောခဲ့ဖူးပါတယ်။

ကြံ့ခိုင်တဲ့ Body ပိုင်ဆိုင်ထားရတဲ့ လျှို့ဝှက်ချက်

Image:IG/Henry Golding

အားကစားလုပ်ရတာကို ကြိုက်တဲ့ သူပါ။သူ့ရဲ့ Body ကို ကြည့်တာနဲ့ အားကစားလုပ်ပြီး တောင့်တင်း နေတဲ့ Body ဆိုတာ သိသာပါတယ်။ယောဂ၊ပြေးတာ၊စက်ဘီးစီးတာတွေ က သူ့ရဲ့ နေ့စဉ် လှုပ်ရှားမှုတွေ ထဲမှာ ပါဝင်ပါတယ်။

READ
Gym ကစားနေတဲ့ လုလုအောင်ရဲ့ ပုံရိပ်များ

အမေချစ်သား

 

View this post on Instagram

 

Parents on holiday ❤️

A post shared by Henry Golding (@henrygolding) on

သူ့ဘ၀ မှာ သူအနှစ်သက်ဆုံး အမျိုးသမီးကတော့ သူ့ရဲ့ မေမေ ပါလို့ ပြောခဲ့ဖူးပါတယ်။သူ့ရဲ့ IG မှာ ဆိုရင်လည်း မိခင် ဖြစ်သူနဲ့ အတူတွဲ ရိုက်ထားတဲ့ ပုံတွေ အများကြီး တင်ထားပါတယ်။

ဟောလိဝုဒ် အထိ  ခြေဆန့်ခဲ့ပုံ

Image:IG/Henry Golding

မတ် (၂၀၁၇)မှာ တော့ Crazy Rich Asians အတွက် လူရွေးပွဲ ကျင်းပခဲ့ပါတယ်။လူရွေးပွဲပြီးချိန်မှာတော့  Constance Wu နဲ့အ တူ Golding  လည်း ပါဝင် သရုပ်ဆောင်မယ်လို့  ကြေညာခဲ့ပါတယ်။ Golding ရဲ့ ဖော်ရွေမှုနဲ့ ကိုယ်ရည်ကိုယ်သွေးက Crazy Rich Asians ဒါရိုက်တာ Jon M. Chu ရဲ့ အာရုံကို ဖမ်းစား နိုင်ခဲ့တဲ့ အတွက်  ရွေးချယ်ခံခဲ့ရတာပါ။

Image:IG/Henry Golding

Crazy Rich Asians  ကတော့ အမေရိကန် နဲ့ က နေဒါ မှာ (၂၀၁၈) သြဂုတ် မှာ ထွက်ရှိခဲ့ပါတယ်။ကမ္ဘာတစ်ဝန်းမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့ပြီး ၀င်ငွေ တေါ အများကြီး ရခဲ့ပါတယ်။Crazy Rich Asians ရဲ့ အောင်မြင်မှုက  A Simple Favor ၊ Emilia Clarke နဲ့ တွဲပြီး Last Christmas တို့ မှာ ပါဝင် သရုပ်ဆောင်ဖို့ အတွက်  ခြေလှမ်းဖြစ်ခဲ့ပါတယ်။

READ
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို သရုပ်ဖော်ကြမယ့် ဒေါင်း၊ပိုင်ဖြိုးသုနဲ့ အိန်ဂျယ်လမုန်

အိမ်ထောင်ရှိ

Image:IG/Henry Golding

အိမ်ထောင်ရှိပါတယ်။သူ့ရဲ့ ဇနီးကတော့ Liv Lo ပါ။အီတလီ-ထိုင်ဝမ်  presenter  ၊ယောဂ ဆရာမ ပါ။အသက် (၃၀) မတိုင်ခင်မှာ အချစ်ကို ရှာဖွေ တွေ့ရှိခဲ့တာပါ။(၂၀၁၆)တည်းက လက်ထပ်ထားတာပါ။မင်္ဂလာပွဲကို တော့ မိခင်ရဲ့ မွေးရပ် မြေ မလေးရှားမှာ ကျင်းပခဲ့တာပါ။ Liv Lo နဲ့ ကတော့ (၂၀၁၁)New Year မှာ တွေ့ခဲ့တာပါ။(၂၀၁၅)မှာ  စေ့စပ်ခဲ့ပါတယ်။(၂၀၁၆) သြဂုတ်မှာတော့ မလေးရှားနိုင်ငံ Sarawak ပြည်နယ်မှာ လက်ထပ် ခဲ့ပါတယ်။

Source:tvovermind

 

SHARE