နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားနေတဲ့ Jacob Elordi ရဲ့ အကြောင်း

နှုတ်ခမ်းနီမလေးတွေကြားမှာ အရမ်းအရမ်းကို ရေပန်းစားနေတဲ့ The Kissing Booth ဆိုတဲ့ ဇာတ်ကားထဲက မင်း သားချောလေးရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။Body ခပ်မိုက်မိုက်၊ညှို့အားပြင်းအကြည့်တွေနဲ့ မိန်းကလေး တွေကြားမှာ နာမည်ကြီးနေတဲ့မင်းသားချောရဲ့ နာမည်ကတော့ Jacob Elordi ပါ။သြစတြေးလျ မင်းသားချောပါ။The Kissing Booth ဇာတ်ကားထဲက Noah  ဆိုတဲ့ ဇာတ်ကောင် ကတော့ သူ့ကို အရမ်းအရမ်းကို နာမည်ကြီးစေခဲ့ပါ တယ်။

Penguin Teen

#Jacob Elordi ရဲ့ အသက်နဲ့ မွေးရပ်မြေ

pinterest

(၁၉၉၇)ခုနှစ် ဇွန်(၂၆)မှာ မွေးဖွားခဲ့သူပါ။Cancer ရာသီဖွားပါ။သြစတြေးလျနိုင်ငံ Brisbane မြို့မှာ မွေး ဖွား ကြီးပြင်းခဲ့သူပါ။လက်ရှိမှာတော့ အမေရိကန်မှာ နေနေပါတယ်။

#Jacob Elordi ရဲ့ အရပ်

pinterest

Kissing Booth ဇာတ်ကားထဲက Noah ရဲ့ မိုးထိုးနေတဲ့ အရပ်ကြီးနဲ့ Body အမိုက်စားကို ဇာတ်ကားကြည့်ဖူးတဲ့ မိန်းကလေးပရိသတ်တွေ သေချာပေါက်သတိထားမိကြမှာပါ။Jacob Elordi ရဲ့ အရပ်အမြင့်ကတော့ (၆)ပေ (၃) လက်မပါ။

#Jacob Elordi ရဲ့ နာမည်ကြီးဇာတ်ကား

IMDb

Jacob Elordi  ကိုနာမည်ကြီးစေခဲ့တဲ့ ဇာတ်ကားကတော့ ပရိသတ်တွေ သိထားပြီးတဲ့ အတိုင်းပါပဲ။ဟုတ်ပါတ ယ်။The Kissing Booth ပါ။Netflix ရဲ့ ဆယ်ကျော်သက်ဒရမ်မာဇာတ်ကား Kissing Booth မှာ Noah Flynn နေရာကနေ သရုပ်ဆောင်ပြီး အရမ်းအရမ်းကို နာမည်ကြီးခဲ့တာပါ။

READ
(၁)လလောက်နားပြီးတာနဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပါမယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို

#တက်ကြွလှုပ်ရှားသူ

pinterest.

Jacob Elordi ကတော့ အမေရိကန်က မဟုတ်ပေမယ့် တက်ကြွလှုပ်ရှားမှုတွေမှာလည်း ရဲရဲဝံ့ဝံ့ပါဝင်တတ်သူပါ။ March for Our Lives ဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ဒီပွဲကတော့ သေနတ်ကိုင်ဆောင်မှုကြောင့် ဖြစ်ပေါ် လာတဲ့ ရက်စက်တဲ့အကြမ်းဖက်မှုလုပ်ရပ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းသားတွေက ဦးဆောင်ပြုလုပ်တဲ့ ဆန္ဒပြပွဲပါ။

#ဆိုင်ကယ်စီးတဲ့နေရာမှာ ဆရာကြီး

pinterest

Kissing Booth ထဲမှာက လူစားထိုးတာ မဟုတ်ပါဘူး။သူကိုယ်တိုင်တကယ်ပဲ စီးတာပါ။Kissing Booth ဇာတ်ကား အတွက် ဆိုင်ကယ်စီးတတ်အောင် သင်ခဲ့တာပါ။

#ဆိုရှယ်မီဒီယာအကောင့်ကတော့…………..

pinterest

Jacob Elordi  မှာ တစ်တာအကောင့်ရှိပါတယ်။(@JacobElordi) ပါ။ဒါပေမယ့် တွစ်တာမှာတော့ ဘာဘာညာညာတင်တာမျိုးမရှိပါဘူး။Instagram ကိုတော့ (၂၀၁၇) ဧပြီမှာ စပြီး သုံးခဲ့ပါတယ်။ အကောင့် နာမည်ကတော့ (@jacobelordi) ပါ။

#Fan တွေကို အမိုက်စားနည်းနဲ့ ကျေးဇူးတင်ကြောင်းပြောခဲ့ဖူး

PopBuzz

Jacob ကတော့ သူ့ကို အားပေးကြတဲ့ ချစ်ကြတဲ့ ပရိသတ်တွေကို အမိုက်စားနည်းနဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြ ခဲ့ဖူးပါတယ်။အဲ့ဒါကတော့ သူ့ရဲ့ Instagram Story မှာပါ။Mirror Selfie ပုံကို တင်ခဲ့ပါတယ်။မှန်တစ်ခုလုံး မှာတော့  အားပေးတဲ့ fan တွေကို ကျေးဇူးတင်တဲ့ အကြောင်း ရေးသားထားပါတယ်။

READ
ကိုယ်ဝန်လရင့်မှ ပိုလှလာတဲ့ သဉ္ဇာနွယ်ဝင်း

#သူကြိုက်တဲ့ သရုပ်ဆောင်တွေ

pinterest

သူကြိုက်တဲ့ သရုပ်ဆောင်တွေကတော့ James Dean နဲ့  Marlon Brando ပါ။သူ့ရဲ့ IG ကို တစ်ချက်ရှိုးလိုက်ရင် တော့ သူရဲ့ အကြိုက်တွေကို တခါတည်းတန်းမြင်ရမှာပါ။James Dean နဲ့  Marlon Brando တို့ကတော့ Jacob Elordi ရဲ့ News feed မှာ မကြာခဏပေါ်လာတတ်ပါတယ်။

 #အချစ်ရေး…………

pinterest

အချစ်ရေးကတော့ Single မဟုတ်ပါဘူး။ချစ်ရမယ့် ကောင်မလေးရှိပါတယ်။သူ့ကောင်မလေး ကတော့ တခြားသူ မဟုတ်ပါဘူး။ Kissing Booth ဇာတ်ကားထဲက မင်းသမီးလေး Joey King ပါ။ဇာတ်ကားအတူ ရိုက်ရင်း နဲ့ ချစ်ကြိုက်သွားကြတာပါ။

#ချမ်းသာကြွယ်ဝမှု

pinterest

Jacob Elordi’ ရဲ့ ချမ်းသာကြွယ်ဝမှုကိုလည်း ပရိသတ်တွေက သိချင်ကြမှာပါ။သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ကန်ဒေါ်လာ (၅)သိန်းပါ။ The Kissing Booth ကြောင့် နာမည်ကြီးလာတဲ့ Jacob Elordi’  ရဲ့ ၀င်ငွေကတော့ မကြာခင်မှာ ဒီ့ထက်ပိုပြီး အများကြီးတိုးပွားလာအုံးမယ်လို့ မျှော်လင့်ရပါတယ်။

IMDb

Source popbuzz

SHARE