Kate Winslet အကြောင်း သင်မသိသေးတဲ့ အချက် ( ၉) ချက်

Image:twitter/@winsletdaily

Kate Winslet ဆိုတဲ့ နာမည်ကို မြင်လိုက်တာနဲ့ လူတော်တော်များများက ‘Titanic’ ဇာတ်ကားထဲက Rose ကို ပြေး မြင်မိကြမှာပါ။ အဲ့ဒီဇာတ်ကားကတော့ သူမကို အရမ်း နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။ ပရိသတ် တွေ ချစ်တဲ့ Rose ကတော့ အခုဆိုရင် အသက် (၄၄)နှစ်ရှိနေပါပြီ။အခုချိန်ထိလည်း လှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှ တွေကို ပိုင်ဆိုင်ထားနေစဲပါ။Kate Winslet နဲ့ ပတ်သက်ပြီး ပရိသတ်တစ်ချို့ မသိသေးတဲ့ တစ်ချို့ အရာလေးတွေကို ဖော်ပြ ပေးချင်ပါတယ်။

သူမရဲ့ မွေးနေ့၊အရပ်၊ကြွယ်ဝမှု

Image:twitter/@winsletdaily

Kate Winslet ကိုတော့ (၁၉၇၅)ခုနှစ် အောက်တိုဘာ (၅)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။အင်္ဂလန် က Berkshire ဆိုတဲ့  ကောင်တီမှာ မွေးဖွားခဲ့တာပါ။သူမရဲ့ မေ မေကတော့ ကလေးထိန်းနာနီ၊စားပွဲထိုး အလုပ်ကို လုပ်ပါတယ်။ အဖေ ကတော့ ရုန်းကန်နေရတဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး မိသားစုကို အလုပ်ကြမ်းလုပ်ပြီး ထောက်ပံ့ပေးေ နရသူပါ။Winslet  မှာတော့ ညီအစ်မ နှစ်ယောက်ရှိပါတယ်။Anna နဲ့ Beth ပါ။သူတို့တွေ လလည်း မင်းသမီးတွေ ပါ။မောင် လေးကတော့ Joss ပါ။အရပ်က တော့ (၅)ပေ (၇)လက်မပါ။သူမရဲ့ ပိုင်ဆိုင်မှု ကတော့ အမေရိကန် ဒေါ်လာ (၄၅)သန်းပါ။

ငွေကြေး ချို့တဲ့ တဲ့ မိသားစုမှာ ရုန်းကန်ကြီးပြင်းခဲ့ရ

Image:twitter/@winsletdaily

Winslet အသက် (၁၀)နှစ်မှာတော့ သူမရဲ့ ဖေဖေက လှေစီးရင်းနဲ့ မတော်တဆ ဖြစ်ခဲ့ပါတယ်။ဒဏ်ရာ အများကြီးရခဲ့တာမို့ အလုပ်လုပ်ဖို့ အတွက် အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ဖခင်ဖြစ်သူ အကောင်းအတိုင်းရှိနေချိန်တည်းက ငွေ ကြေး ကျပ်တည်းမှုတွေ ရှိခဲ့တဲ့ သူမတို့ မိသားစု အတွက်တော့ ဒုက္ခတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ငယ်ငယ်တည်းက သရုပ်ဆောင်ပညာကို လေ့လာခဲ့

Image:twitter/@winsletdaily

ငယ်ငယ်တည်းက သရုပ်ဆောင် ပညာကို အင်္ဂလန် က Redroofs Drama School မှာ လေ့လာ သင်ယူခဲ့ တာပါ။ အဲ့ဒီကျောင်းက အေဂျင်စီတစ်ခု လိုမျိုး သရုပ်ဆောင် လူရွေးပွဲတွေ မှာပါ ကျောင်းက ကလေးတွေကို ချိတ် ဆက် ပါဝင် စေတဲ့ ကျောင်းပါ။Kate Winslet  အတွက်တော့ ဒီကျောင်းက အနုပညာခြေလှမ်း အစပါ။အဲ့ဒီ ကနေ မှ  Sugar Puffs အတွက် ကြော်ငြာမှာ ပါဝင် ခွင့်ရခဲ့ပါတယ်။(၁၁)နှစ်သမီးမှာ ကြော်ငြာ ရိုက်ကူးခွင့်ရခဲ့တာပါ။ အသက် (၁၇)နှစ်မှာတော့ TV မီနီစီးရီးတစ်ခုဖြစ်တဲ့ Anglo Saxon Attitudes  မှာ ပါဝင် ခွင့်ရခဲ့ပါတယ်။

READ
ဘစ်ကနီလေးဝတ်ပြီး ဆွဲဆောင်မှုရှိရှိလှနေတဲ့ မထက်

ဒါရိုက်တာ  James Cameron ကို ကျေးဇူးဆပ်ခဲ့ပုံ

Image:twitter/@winsletdaily

ဒါရိုက်တာ James Cameron ကတော့ သူမကို Titanic ဇာတ်ကားထဲမှာ  Rose DeWitt Bukater  ဇာတ်ကောင် နေရမှာ သရုပ်ဆောင်ဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ဒီကားက သူမကို နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး အဲ့ဒီ အတွက် လှပတဲ့ ပန်းစည်းပို့ ပေးခဲ့ပါတယ်။

တိုက်တင်းနစ်ဇာတ်ကားမှာ အ အေးဒဏ်ကို ပိုခံစားခဲ့ရသူ

Image:twitter/@winsletdaily

တိုက်တင်းနစ်ဇာတ်ကားကို ကြည့်ဖူးသူတိုင်းသိကြမှာပါ။ဒီဇာတ်ကားထဲမှာ  Winslet  တစ်ယောက် ရေထဲမှာ ပြေးလိုက်၊လွှားလိုက်နဲ့ တစ်ချိန်လုံး ပင်ပန်းနေခဲ့ရပါတယ်။နောက်တစ်ချက်ကတော့ သူမဟာ ဒီဇာတ်ကားထဲမှာ အအေးဒဏ်ကို အခံစားရဆုံးပါ။ဘာကြောင့်လဲ ဆိုရင်တော့ ဒီဇာတ်ကားထဲမှာ Wetsuit မ၀တ်တဲ့ တစ်ဦးတည်းသော သရုပ်ဆောင် ဟာ Winslet ပါ။အဲ့ဒါကြောင့်ပဲ ကိုယ်ပူရှိန် အလွန်အမင်းကျဆင်းတဲ့ ရောဂါ ကိုပါ ခံစားခဲ့ရပါတယ်။

တိုက်တင်းနစ်ကြောင့် သူမရလိုက်တဲ့ အဖိုးဖြတ်မရတဲ့ လက်ဆောင်

Image:twitter/@winsletdaily

တိုက်တင်းနစ်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ရလိုက်တဲ့ အတွက် သူမရလိုက်တဲ့ တန်ဖိုးအကြီး မားဆုံး လက်ဆောင် တစ်ခုရှိပါတယ်။အဲ့ဒါကတော့  Leonardo DiCaprio နဲ့ သူမရဲ့ friendship ပါ။(၁၉၉၇) တိုက်တင်း နစ်ဇာတ်ကားတည်းက ခင်လာခဲ့ကြတဲ့ သူတို့ တွေဟာ အခုချိန် ထိ သူငယ်ချင်းကောင်း မိတ်ဆွေ ကောင်း အဖြစ် ဆက်ပြီး ခင်မင်နေကြတုန်းပါ။လူတိုင်းအားကျရတဲ့ friendship ပါ။

READ
ချစ်သူမမ ဘေဘီမောင်အတွက် အလှဆုံးဓါတ်ပုံလေးတွေ ရိုက်ပေးခဲ့တဲ့ သားဂန်း

 လူတွေတလွဲ ထင်နေတဲ့ သူမရဲ့ ဆံပင်အရောင်

Image:twitter/@winsletdaily

လူတော်တော်များများက သူမရဲ့ ဆံပင်အရောင်နဲ့ ပတ်သက်ပြီး အထင်မှားနေကြပါတယ်။တိုက်တင်းနစ်ဇာတ်ကားထဲ ကလို အနီရောင်က သူမရဲ့ တကယ့်ဆံပင်အရောင် မဟုတ်ပါဘူး။တကယ့်ဆံပင် အရောင်က ရွှေရောင် အ ဖျော့ပါ။

Eowyn ဇာတ်ကောင်ကို ငြင်းပယ်ခဲ့

Image:twitter/@winsletdaily

သူမကို Lord of the Rings: The Two Towers ဆိုတဲ့ ဇာတ်ကားထဲက Eowyn ဇာတ်ကောင် အတွက် ကမ်းလှမ်းခဲ့ဖူးပါတယ်။ဒါပေမယ့် သူမက အဲ့ဒီ ဇာတ်ကောင်ကို ငြင်းပယ်လိုက်တဲ့ အတွက် Miranda Otto က အဲ့ဒီ ဇာတ်ကောင် ကို သရုပ်ဆောင်ခွင့်ရခဲ့တာပါ။

အိမ်ထောင်ရေး

Image:twitter/@winsletdaily

အိမ်ထောင်ကတော့(၃)ဆက်ပါ။ယောက်ျားသုံးယောက် ကလေးသုံးယောက်ပါ။ပထမဆုံး ယောက်ျားကတော့ ဒါရိုက်တာ James Edward Threapleton ပါ။ (၁၉၉၈)မှာ လက်ထပ်ခဲ့ ပါတယ်။ဒါပေမယ့် အိမ်ထောင်ရေးက (၂၀၀၁)မှာ ပြိုကွဲ သွားခဲ့ပါတယ်။နောက်တစ်ယောက်ကတော့  Sam Mendes ပါ။ဒါရိုက်တာပါ။(၂၀၀၃)မှာ လက်ထပ်ပြီး (၂၀၁၁)မှာ ကွာရှင်းခဲ့ပါတယ်။တတိယမြောက်ကတော့ Edward Abel Smith ပါ။(၂၀၁၂)မှာ လက်ထပ် ခဲ့ပါတယ်။(၂၀၁၁)မှာ စတွေ့ခဲ့ကြတာပါ။သူတို့ရဲ့ ဖူးစာကတော့ Kate  က Necker  ကျွန်းကို အပန်းဖြေခရီး ထွက် လာရက စခဲ့တာပါ။သူမ တည်းတဲ့ Resort ကတော့ Ned ရဲ့ ဦးလေး ပိုင်တဲ့ Resort ပါ။(၂၀၁၃)မှာတော့ သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးကို ရခဲ့ပါတယ်။

Image:twitter/@winsletdaily

Source:Wiki

 

SHARE