ပရိသတ်အများစု မသိကြတဲ့ Margot Robbie ရဲ့ စိတ်ဝင်စားစရာ ဘ၀အကြောင်း

ဒီတစ်ခါမှာတော့ Shwemom စာဖတ်သူတွေ အတွက် အမျိုးသားထုတွေရဲ့ အသည်းစွဲ  Harley Quinn (သို့) မင်းသမီးချော Margot Robbie ရဲ့ စိတ်ဝင်စားစရာ ကောင်း တဲ့ ဘ၀ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။Margot Elise Robbie  ကေ တာ့ သြစ တြေးလျ မင်းသမီးပါ။(၁၉၉၀)ဇူလိုင် (၂)ရက်နေ့မှာ မွေးဖွားခဲ့သူပါ။သူမ ကတော့ မင်းသမီး တစ်ယောက် အဖြစ်ရော ရုပ်ရှင်ထုတ်လုပ်သူ အဖြစ် ပါ ရပ်တည်နေသူပါ။ Academy Award ၊ Golden Globe  ၊ BAFTA ပွဲမှာ nomination တွေ အများကြီး ရခဲ့ဖူးသူပါ။ဒါ့အပြင် (၂၀၁၇)ခုနှစ်မှာတော့ Time magazine ကနေ ဖော်ပြတဲ့ 100 most influential people စာရင်းမှာ ပါဝင် ခဲ့ပါတယ်။

pinterest

#အသက်ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့ဖူး

pinterest

အမျိုးသမီး အများစုကတော့ သူတို့ရဲ့ အသက်ကိစ္စနဲ့ပတ်သက်လာရင် အထိမခံကြတာ များပါတယ်။သူတို့ အသက် ဘယ်နှစ်နှစ်လဲ ဆိုတာကို အမှန်အတိုင်းဝန်မခံကြတာမျိုးတွေ တောင်ရှိပါတယ်။  Margot Robbie လည်း အသက် ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ့ ဖြစ်ခဲ့ဖူးပါတယ်။(၂၀၀၈)ခုနှစ် သူမရဲ့ အသက် (၂၃)နှစ်တုန်းက အင်တာဗျူး တစ်ခုကနေ စခဲ့တာလို့ ပြောလို့ရပါတယ်။အဲ့ဒီမှာ သူမရဲ့ အသက်က (၃၀-၃၁) လောက်ဆိုတဲ့ ပုံစံမျိုးနဲ့ ရေးသားခဲ့ပါတယ်။တစ်ခြားအင်တာဗျူးတစ်ခုမှာဆိုရင်သူမရဲ့ တကယ့်မွေးတဲ့ နှစ်က (၁၉၉၀) မဟုတ်ဖူး ဆိုပြီး ရေးသားခဲ့တာမျိုးေ်တွပါ ရှိခဲ့ပါတယ်။

# Circus ကျောင်းတတ်ခဲ့ဖူး

pinterest

မိန်းကလေးတော်တော်များများက အက၊ဂီတ၊အချက်အပြုတ်အ..အစရှိတဲ့ အရာတွေ ကို အပို Activity တစ်ခု အနေနဲ့ ရွေးချယ်ကြပါတယ်။ဒါပေမယ့် ပရိသတ်အချစ်တော် Harley Quinn လေး ကတော့ ငယ်ငယ်တည်းက သူမရွေး တဲ့ အရာက သူများထက်ထူးပါတယ်။ဆပ်ကပ် ကျောင်းကို တက်ခဲ့တာပါ။အသက်(၈) နှစ် လောက် တုန်းက ဆပ်ကပ်ကျောင်းကို သွားပြီး တက်ခဲ့ဖူးပါတယ်။

#Body အလှနဲ့ပတ်သက်ရင် ဆုတောင်းကောင်းသူ

pinterest

Margot Robbie တစ်ယောက် ဒီလို မိုက်တဲ့ Body မျိုးကို ဘယ်လိုထိန်းသိမ်းသလဲ ဆိုတာကို သိချင် တဲ့ သူ တွေ ရှိမှာပါ။ဒါပေမယ့် သူမပြောတဲ့ စကားကို ကြားရင်တော့ သေချာပေါက်အံ့သြမှာပါ။သူမဟာ ကျန်းမာရေးနဲ့ ညီညွတ် အောင် စားသောက်တတ်သူမဟုတ်ပါဘူး။သူမဟာ ဘယ်တုန်းကမှ Diet Plan တွေကို လိုက်မလုပ်တတ်သူလို့ သိရပါတယ်။ဒါ့အပြင် ဘာဂါ၊ဘီယာ၊အကြော်အလှော်တွေကတော့ အကြိုက်စားစားတတ်သူ ပါ။ဝိုင်တစ်ခွက်၊အသုပ် တစ်ပွဲလောက်နဲ့ သူမရဲ့ ညစာကို ဘယ်လိုမှ မတင်းတိမ်တတ်သူလို့ ဆိုထားပါတယ်။ဒါပေမယ့် ဘီကီနီဝတ်တော့ မယ့် အခါမျိုးမှာဆိုရင်တော့ (ဘီကီနီနဲ့လှနေဖို့) မုန်လဥ၀ါကို စားတတ်တယ်၊စားရတာကိုလည်း ကြိုက်တယ်လို့ ဆိုပါတယ်။

#အနုပညာလောကို စရောက်ခဲ့ပုံ

pinterest

Margot Robbie ကတော့ The Wolf of Wall Street ဇာတ်ကားနဲ့ လူသိများခဲ့သူပါ။သူမရဲ့ အနုပညာဘ၀ အစကတော့ လူမှုဘ၀သရုပ်ဖော်ဇာတ်လမ်းတွဲ တစ်ခုကနေ စခဲ့တာပါ။ Neighbors လို့ လူသိများပြီး သြစာတေါ်လျ မှာ ပြသခဲ့တာပါ။ Neighbors ကတော့ သြစီ Movie Star တွေ ..Russell Crowe ၊ Liam Hemsworth  တို့ရဲ့ အနုပညာဘ၀အကြောင်းကို ဖော်ပြထားတဲ့ ဇာတ်ကားလေးပါ။သူမကတော့ ဧည့်သည်အဖြစ်နဲ့ ပထမဆုံး ပါဝင် ခွင့် ရခဲ့ပြီး နောက်ပိုးမှာတော့ ထုတ်လုပ်သူတွေက သူမကို သဘောကျလို့ အမြဲတမ်းပါဝင် ပါဆိုပြီး (၃)နှစ်စာချုပ် ချုပ် ဆိုခဲ့ပါတယ်။

READ
ရေကူးဝတ်စုံလေးနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံကို ဖမ်းစားလိုက်ပြန်တဲ့ ဘေဘီမောင်

#Wolf of Wall Street ရိုက်ရင်း အရက်သောက်ပြီး ရဲဆေးတင်ခဲ့ရ

pinterest

Wolf of Wall Street  ဇာတ်ကားရိုက်ရင်းနဲ့ သူမရဲ့ မိမွေးတိုင်းဖမွေးတိုင်း Body ကို ထုတ်ပြရတဲ့ အခန်းမှာတော့  သရုပ်ဆောင်ဖို့ တကယ့်ကို အဆင်မပြေ ဖြစ်ခဲ့ပါတယ်။အရင်ကလည်း ဒါမျိုး အတွေ့အကြုံမရှိတော့ အရမ်းကို စိတ်လှုပ်ရှား နေခဲ့ ပါတယ်။ဒါကြောင့်လည်း ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်က သူမရဲ့ စိတ်တွေ တည်ငြိမ်သွားဖို့ အရက်တိုက်ခဲ့ပါတယ်။အရက် (၃) ခွက်လောက် မော့လိုက်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး စိုးရိမ်စိတ်တွေ ပျောက်သွားခဲ့တယ်လို့ Robbie က ၀န်ခံခဲ့ပါတယ်။

#The Wolf of Wall Street အပြီးမှာ ကားရိုက်တွေ အများကြီး ကမ်းလှမ်းခံခဲ့ရ

pinterest

The Wolf of Wall Street ဇာတ်ကားနဲ့ အရမ်းကို နာမည်ကြီးခဲ့တဲ့ သူမဟာ နောက်ပိုင်းမှာတော့ ဇာတ်ကား တွေ အများကြီး ကမ်းလှမ်းခံခဲ့ရပါတယ်။Suicide Squad ထဲက Harley Quinn ဇာတ်ကောင် အတွက် အပြင် တခြား ကာတွန်းဇာတ်ကောင်တွေ အများကြီးမှာ ပါဝင်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။Fantastic Four ထဲက Sue Storm ဇာတ်ကောင် အတွက် လည်း Kate Mara ကို မကမ်းလှမ်းခင် သူမကို ကမ်းလှမ်းခဲ့ပါတယ်။

#Harley Quinn ကို မုန်းသူ

pinterest

Harley Quinn နဲ့ Margot Robbie ဆိုတာ လုံးဝကို ခွဲခြားလိုပ မရပါဘူး။ဒါဟာ သူမကို လျှမ်းလျှမ်း တောက် နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကောင်ပါ။ ဒါပေမယ့် သူမကိုယ်တိုင်က Harley Quinn ကို မကြိုက်ဖူးလို့ သိရပါတယ်။ Joker ရဲ့ ချစ်သူ Harley Quinn ကလည်း ရန်လိုစိတ်ရှိတဲ့ စိတ်ဝေဒနာရှင် (psychopath) တစ်ယောက် ပါ။Margot Robbie ကတော့ Harley Quinn  နဲ့ သူမရဲ့ တကယ့်အပြင်က ပုံစံနဲ့က လုံးဝကို ဆန့်ကျင်ဘက် လို့ ဆိုပါတယ်။ ဒါပေမယ့် သရုပ်ဆောင် အလုပ်ကို လုပ်နေတဲ့ အနုပညာရှင်တစ်ယောက် ပီသစွာနဲ့ သူမရဲ့ ဇာတ်ကောင်ကိုတော့ ပီပြင်အောင် အသက်သွင်းနိုင်ခဲ့ပါတယ်။

READ
“ဇွတ်ကျား”မှာ မောင်ဖြစ်သူ ပါဝင်ကြောင်း ထုတ်ပြောလိုက်တဲ့ ပက်ထရစ်ရှာ

#Playboy မဂ္ဂဇင်းရဲ့ ထုတ်ဝေသူက သူမကို ငွေပုံပေးပြီး ကမ်းလှမ်းခဲ့ဖူး

pinterest

The Wolf of Wall Street မှာ ပါဝင်ခဲ့တဲ့ သူမရဲ့ ဇာတ်ကောင်ပုံစံ၊သရုပ်ဆောင်ချက်တွေ ကြောင့် Margot Rob bie တစ်ယောက် သွေးတိုးစမ်းခံခဲ့ရဖူးပါတယ်။သူမကို Playboy မဂ္ဂဇင်းရဲ့ ထုတ်ဝေသူ Hugh Hefner က  သူမကို ပိုက်ဆံ တွေ အများကြီး သူ့ရဲ့ မဂ္ဂဇင်းမှာ ပါဝင်ပေးဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ် ကို အနုပညာ အတွက်ပဲ လှစ်ဟပြနိုင်မယ်၊တခြား ဘာအကြောင်းကြောင့်မှ လှစ်ဟမပြဘူးဆိုတဲ့ သူမရဲ့ ခိုင်မာ တဲ့ စိတ် ကြောင့် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။သူမရဲ့

#Will Smith နဲ့ သတင်းထွက်ခဲ့ဖူး

pinterest.

Will Smith က Jada Pinkett Smith တို့ဟာ (၁၉၉၇)ခုနှစ်တည်းက လက်ထပ်ခဲ့တာပါ။ဟောလိဝုဒ်ရဲ့ စံပြ စုံတွဲပါ။ဒါပေမယ့် သူတို့ချစ်ခရီးလမ်းကြားမှာ ကောလာဟလသတင်းတွေ အများကြီး ထွက်ပေါ်ခဲ့ ဖူးပါတယ်။ Margot Robbie  နဲ့ Will Smith  လည်း သတင်းထွက်ခဲ့ဖူးပါတယ်။Focus ဇာတ်ကားအတွက် Margot Robbie  ကလူ ရွေးခံခဲ့တုန်းက Will Smith နဲ့ တွဲပြီး ခေါင်းဆောင်မင်းသမီး အဖြစ်သရုပ်ဆောင်ဖို့ မ၀ံ့မရဲဖြစ်ခဲ့ဖူးပါတယ်။ဒါပေမယ့် အဲ့ဒီလို အနေအထားကနေ ချက်ချင်းကြီး အရမ်းကို ရင်းနှီးသွားခဲ့ပါတယ်။သူတို့နှစ်ဦးက အပေါ်အကျီင်္တွေကို လှန် ပြီး ရိုက်ထား တဲ့ ပုံတွေ ထွက်ပေါ်ခဲ့အပြီးမှာ အခုလိုသတင်းတွေပေါ်ပေါက်ခဲ့တာပါ။ Mrs. Smith ကတော့ ခင်ပွန်း ဖြစ်သူ နဲ့ တွဲဖက်သရုပ်ဆောင် Margot  တို့ရဲ့ ဆက်ဆံရေးကို နည်းနည်းစိုးရိမ်ပူပန်ခဲ့ရသေးတယ်လို့ သတင်းတွေ ထွက် ပေါ်ခဲ့ပါတယ်။

#သူမရဲ့ အဖိုးအဖွားတွေက The Wolf of Wall Street ကို မကြည့်ကြ

pinterest

Margot ရဲ့ အဖိုးအဖွားတွေကတော့ သူမပါဝင်ထားတဲ့  The Wolf of Wall Street ဆိုတဲ့ ဇာတ်ကား ကို လုံးဝ မကြည့်ကြဖူးလို့ သိရပါတယ်။အင်တာဗျူးတစ်ခုမှာတော့ Margot ရဲ့ မေမေ ကတော့ သူမအတွက်တော့ The Wolf of Wall Street ထဲက သမီးဖြစ်သူရဲ့ ဗလာကျင်းဇာတ်ဝင်ခန်းတွေကတော့ သူမအတွက်တော့ ပြဿနာ မရှိပေမယ့် Margot ရဲ့ ဖိုးဖိုးဖွားဖွားတွေကတော့ ဒါကို လက်မခံနိုင်ဘူးလို့ သိရပါတယ်။ The Wolf of Wall Street ကို လုံးဝ မကြည့်ကြဘူးလို့ သိရပါတယ်။

pinterest

Source  : moneyin

SHARE