Michele Morrone အ ကြောင်း သင်မသိသေးတဲ့ အချက်(၆)ချက်

Image:IG/ Michele Morrone

Michele Morrone  က တော့ သရုပ်ဆောင်လောကထဲ ရောက် နေတာ ငါးနှစ်လောက်ရှိနေပါပြီ။သူ့ရဲ့ ဇာတ်ကား 365 Days က တော့ လက် တ လောမှာ တော်တော် လေး နာမည်ကြီး နေပါတယ်။ဒီဇာတ်ကားကိုတော့ Netflix မှာ ပြသ ခဲ့ပါတယ်။Michele Morone အ ကြောင်း ပရိသတ်တွေ မသိ သေးတဲ့ အချက် တစ်ချို့ကို ဖော်ပြ ပေးချင်ပါ တယ်။

Bio

 

View this post on Instagram

 

“I believe i’m in Hell, therefore I am” Arthur Rimbaud . Pic. By my brother @raffaelecerracchio

A post shared by Michele Morrone (@iammichelemorroneofficial) on


Michele Morone  ကိုတော့ (၁၉၉၀)ခုနှစ် အောက်တိုဘာ (၃) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။အီတလီ နိုင်ငံ Meleg nano မှာ မွေးတာပါ။အစ်မ (၃)ယောက်နဲ့ အစ်ကို တစ်ယောက်ရှိပါတယ်။သူ့ အ ဖေ က တော့ ဆောက်လုပ်ရေး ၀န်ထမ်း ဖြစ်ပြီး သူ့ အသက် (၁၂)နှစ် သားတည်းက ကွယ်လွန်ခဲ့တာပါ။

ပြဇာတ် မင်းသားဘ၀ ကေ န စခဲ့

 

View this post on Instagram

 

“Dark Room” . March 1st 2020 Palladium Warsaw. I’ll be waiting for you! . .M.

A post shared by Michele Morrone (@iammichelemorroneofficial) on

Michele Morone   က တော့ အီတလီနိုင်ငံ Teatro Fraschini Di Pavia မှာ Theater ကို လေ့လာ ခဲ့တာ ပါ။ပြဇာတ်တွေ မှာ သရုပ် စ ဆောင်ရင်းနဲ့ပဲ အနုပညာ လောကထဲ ရောက်လာခဲ့တာပါ။နည်းနည်း အ တွေ့ အကြုံ ရ လာတဲ့ အခါ မှာတော့ ခေါင်းဆောင် နေရာက နေ ရလာခဲ့ပါတယ်။

သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားများ


(၂၀၁၂)မှာတော့ ‘E la vita continua’ ရဲ့  ခေါင်းဆောင် မင်းသား အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။တခြား ဇာတ်ကားတွေ အ နေနဲ့ က တော့ Come un Delfino, Renata Fonts, Squad 6, Medici.   တို့ မှာ သရုပ်ဆောင်ခဲ့ပါတယ်။(၂၀၁၆) မှာတော့အီတလီ ဗားရှင်း ‘Dancing with the Stars’  မှာ ပါဝင် ခဲ့ပြီး ဒုတိယ နေရာ ရ ခဲ့ပါတယ်။(၂၀၁၉)မှာတော့ Luigi in ‘Bar Joseph’ မှာ ပါဝင် ခဲ့ပါတယ်။

READ
ခင်မင်ရင်းနှီးသူတွေရဲ့birthday surprise ကြောင့်ပျော်ရွှင်ခဲ့ရတဲ့ မွေးနေ့ရှင်လေး သင်ဇာဝင့်ကျော်

ဂီတ ပိုင်းမှာပါ တော်

Michele Morrone က တော့ ဂစ်တာ တီး တဲ့ နေရာမှာ ရော သီချင်း ဆိုတဲ့ နေရာမှာပါ ထူးချွန်သူပါ။သူ့ရဲ့  ဇာတ်ကား 365 Days ထဲက “Feel It” သီချင်း က တော့ သူ့ရဲ့  နာမည်ကြီးသီချင်းတွေ ထဲက တစ်ပုဒ်ပါ။Dark Room ဆိုတဲ့ အယ်ဘမ် လည်း ထွက်ခဲ့ ဖူးပါတယ်။အဲ့ဒီအယ်ဘမ်ထဲက “Hard For Me”, “Watch Me Burn”, “Do it Like That”, “Rain in The Heart”  ဆိုတဲ့ သီချင်း တွေ ကလည်း နာမည်ကြီး ပါတယ်။ကိုယ်ပိုင် YouTube Channel လည်း ရှိပါတယ်။သူ့ရဲ့ “Feel It” ဆိုတဲ့ MV ကို ဆိုရင် ကြည့်တဲ့ သူ (၁၉)သန်း တောင်ရှိခဲ့ပါတယ်။

READ
Fan တွေ မဲ ပေးရွေးချယ်လိုက်တဲ့ အချောဆုံး ကိုရီးယားမင်းသား စာရင်း

သားနှစ်ယောက်ရှိ

 

View this post on Instagram

 

Ho messo al mondo due vite. #nothingelsematters

A post shared by Michele Morrone (@iammichelemorroneofficial) on

အိမ်ထောင်ကျ ဖူးပါတယ်။နာမည်ကြီး ဒီဇိုင်နာ Rouba Saadeh နဲ့ လက်ထပ်ခဲ့တာပါ။(၂၀၁၄)မှာ လက်ထပ်ခဲ့ ပြီး Marcus Morrone နဲ့  Brando Morrone ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။အိမ် ထောင်ကေ တာ့ (၂၀၁၈)မှာ ကွာရှင်းခဲ့ပါတယ်။

ကွာရှင်းပြီးနောက် မွဲ တေ ပြီး စိတ်ကျ ရောဂါခံစားခဲ့ရ

 

View this post on Instagram

 

Sun☀️Beach and Rock’n’roll

A post shared by Rouba Saadeh (@roubasaadeh) on

ကွာရှင်းပြီး နောက်ပိုင်းမှာ စိတ်ကျ ရောဂါ ခံစားခံခဲ့ရတယ်လို့ ဆိုပါတယ်။စိတ်ဓါတ်တွေ ကျ၊ ဘာမှ လုပ်ချင် ကိုင်ချင် စိတ် မရှိ တော့ တာ ကြောင့် ရွာ လေးတစ်ရွာကို သွားပြီး ဥယျာဉ်မှူး လုပ်ခဲ့ပါတယ်။လက်ထဲမှာလည်း ပိုက်ဆံ မရှိ တော့ တာကြောင့် ရွာ ကိုပဲ သွားပြီး အပင်စိုက်စားဖို့ လုပ်ခဲ့ရတာပါ။”ဒါ ပေမယ့် ဘ၀ ထူးဆန်းတယ်ဗျာ့။ကံ နိမ့် နေတဲ့ အချိန်မျိုးမှာ ကိုယ့်ဘ၀ အတွက်  မှန်ကန် တဲ့ ရထားက ကိုယ့် ရှေ့ ရောက်လာတယ်။ကိုယ့်ဘက်က သာ Strong ဖြစ်နေရင် ဒီ အခွင့် အ ရေးကို ရ အောင် ယူနိုင်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ကြပါ။အမြဲတမ်း အတွက်…” လို့ ပြောခဲ့ပါတယ်။

#SHWEMOM(ref;wiki)

SHARE