Nick Vujicic အကြောင်း သင် သိထားသင့်တဲ့ အချက် (၉) ချက်

Image from Nick Vujicic's IG

Nick Vujicic ကတော့ ကမ္ဘာကျော် motivational speaker တစ်ယောက်ပါ။လူသာမန်နဲ့ မတူ တဲ့ မပြည့်စုံတဲ့ သူ့ရဲ့ ဘ၀ကို လုံးဝ စိတ်ဓါတ်မကျပဲ ဘ၀ကို အကောင်းဆုံး ရှင်သန်နေထိုင်သူပါ။စိတ်ဓါတ် ကျနေတဲ့ အချိန်၊ ဘ၀ကို လက်မြှောက် အရှုံးပေးချင်နေတဲ့ အချိန်တွေ ဆိုရင် Nick Vujicic ရဲ့ Speech တွေကို နားထောင် ကြည့်ပါ။တကယ့်ကို စိတ်ဓါတ်အင်အားဖြစ်စေပါတယ်။ Nick Vujicic နဲ့ ပတ်သက်ပြီး Showemom စာဖတ်သူ တွေ သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁)သူ့ရဲ့ Bio

Image from Nick Vujicic’s IG

နာမည်အရင်းကတော့ Nicholas James Vujicic ပါ။ခရစ်ယာန်တရားဟောဆရာ၊ motivational speaker တစ်ယောက်ပါ။ၾသစေၾတးလ် လူမ်ိဳးပါ။phocomelia လို့ ခေါ်တဲ့ ရှားပါးတဲ့ ပုံမှန်မဟုတ်တဲ့  ရောဂါ လက္ခဏာ နဲ့ မွေး ဖွားခဲ့သူပါ။လက်နဲ့ ခြေထောက်မပါပါဘူး။ သြစတြေးလျ နိုင်ငံ Melbourne မြို့မှာ 4 December 1982  ခုနှစ်က မွေးဖွားခဲ့တာပါ။

(၂)ငယ်ငယ်တည်းက ဘ၀နာခဲ့ရသူ

Image from Nick Vujicic’s IG

ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ မွေးဖွားလာတဲ့ သူ့ရဲ့ ငယ်ဘ၀ဟာ ဘယ်လိုမှ မလှပနိုင်ဘူးဆိုတာကို ခန့် မှန်း မိ ကြ မှာပါ။ဒီလို အခြေအနေနဲ့ မွေးလာလို့  သူနာပြုတွေက အမေရင်းဖြစ်သူဆီကို ကလေးခေါ်လာပေမယ့် ကလေးကို ကြည့်ဖို့  အမေကိုယ်တိုင်ကတောင် ငြင်းခဲ့ပါတယ်။ဒါပေမယ့်လည်း မိဘတွေ မို့ နောက်ဆုံးမှာတော့ သားဖြစ်သူရဲ့ တကယ့် အခြေအနေမှန်ကို လက်ခံပေးခဲ့ပါတယ်။ဘုရားသခင်ရဲ့ အလိုတော် တိုင်းပဲ ဆိုပြီး အရှိကို အရှိအတိုင်း လက် ခံ ပေးခဲ့ပါတယ်။

(၃)တစ်မိနစ်မှာ စာလုံးရေ (၄၅)လုံးရိုက်နိုင်

မွေးတုန်းကတော့ ပါတဲ့ ခြေထောက်အသေးလေးက ပူးနေခဲ့ပါတယ်။ဒါပေမယ့် ပူးနေတာကို ခွဲ စိတ် ပေးခဲ့တာပါ။ဒီလို ခွဲ ပေးလိုက်တဲ့ အတွက် ခြေချောင်းလေးတွေကို သုံးပြီး စာရွက်လှန်တာ နဲ့ တခြားအရာတွေကို အဆင်ပြေ ပြော လုပ် နိုင်ခဲ့ပါတယ်။ဝှီးချဲ၊ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းသုံးတာတွေကို ကိုယ်တိုင်လုပ်နိုင်ခဲ့ပါတယ်။သူကတော့ သူ့ရဲ့ခြေ ချောင်းေ လးတွေကို ကြက်ရဲ့ဒူးဆစ်ပိုင်း(chicken drumstick) ဆိုပြီး ခေါ်ပါတယ်။အဲ့ဒါလေေးတွေက ဘယ်လောက် ထိ အသုံးဝင်သလဲဆိုရင် တစ်မိနစ်မှာ စာလုံးရေ (၄၅)လုံးရိုက်နိုင်ပါတယ်။ဖုန်းဖြေနိုင်သလို ၊တင်းနစ်ဘောလုံးကို ခပ် ဝေး ဝေးရောက်အောင် ကန်နိုင်ပါတယ်။

READ
ဖအေတစ်ခု,သားတစ်ခုဘဝမှာ ကြုံရာကျပန်းလုပ်ရင်း ဘွဲ့တစ်ခု ရယူနိုင်ခဲ့တဲ့ဖခင်

(၄)အနိုင်ကျင့်ခံ၊လှောင်ပြောင်ခံ ငယ်ဘ၀ကို ဘယ်လို ကျော်ဖြတ်ခဲ့လဲ..?

ဒီလို အခြေအနေနဲ့ မွေးလာတဲ့ ကလေးတစ်ယောက်က သူ့ရဲ့ ငယ်ဘ၀ကို ဘယ်လောက်ထိ ခက်ခက် ခဲခဲ  ဖြတ်သန်း ရမလဲ ဆိုတာကို တွေးကြည့်ရုံနဲ့ တင်သိနိုင်ပါတယ်။ဟုတ်ပါတယ်။Nick Vujicic ရဲ့ ငယ်ဘ၀က အလှောင် ပြောင်ခံ၊ အနိုင် ကျင့်ခံ ခဲ့ရပါတယ်။ဆယ်ကျော်သက် ဘ၀နဲ့ ငယ်ငယ်တုန်းက ဆိုရင် ခဏခဏ Bully အလုပ် ခံ ရပါတယ်။ ဒီလို အခြေအနေမှာ သူ့ရဲ့ ကယ်တင်ရှင်က သူ့ အမေပါ။မသန်စွမ်းဖြစ်ခဲ့ရတဲ့ အမျိုးသား တစ်ယောက် အကြောင်း ရေးထား တဲ့ သတင်းစာကို သားဖြစ်သူကို ပေးခဲ့တာပါ။ဒါလေးက သူ့ဘ၀ အတွက် အင်အားတစ်ခု ဖြစ်ခဲ့ပါတယ်။

(၅)သူ့ရဲ့ ပညာရေး

မသန်ပေမယ့် တကယ့်ကို စွမ်းသူပါ။Vujicic ဟာ သူ့ အသက် (၂၁)နှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ Griffith တက္ကသိုလ်  ကနေ Bachelor of Commerce ရခဲ့ပါတယ်။

(၆)အောင်မြင်မှုဆီကို ဖြည်းဖြည်းချင်းတက်လှမ်းခဲ့

Image from Nick Vujicic’s IG

(၂၀၀၅)မှာတော့ Vujicic က Life Without Limbs ဆိုတဲ့ နိုင်ငံတကာ ကိုယ်ကျိုးမဖက် အဖွဲ့ အစည်းကို ထူထောင် ခဲ့ပါတယ်။သူ့အသက် (၁၇)နှစ်မှာ ထူထောင်ခဲ့တာပါ။(၂၀၀၇)မှာတော့ Attitude is Altitude ဆိုတဲ့ motivational speaking  ကုမ္ပဏီ ကို ထူထောင် ခဲ့ပါတယ်။Vujicic ကတော့ The Butterfly Circus ဆိုတဲ့ ဇာတ်လမ်းတိုလေးမှာ ပါဝင် သရုပ်ဆောင် ခဲ့ဖူးပါတယ်။(၂၀၁၀)မှာတော့  Method Fest Independent Film Festival မှာ Best Actor ဆု ရခဲ့ပါတယ်။ (၂၀၁၁)မှာတော့ Attitude is Altitude ကနေ “Something More” ဆိုတဲ့ Single MV တစ်ခု ထွက်ရှိ ခဲ့ပါတယ်။

(၇)Vujicic  ရဲ့ သူမတူတဲ့ စွမ်းရည်နဲ့ သူ့ရဲ့ မျှော်လင့်ချက်

Image from Nick Vujicic’s IG

သာမန်လူတွေ ထက်ပိုပြီး အသက်အောင့်ထားနိုင်ပါတယ်။(၂)မိနစ်နဲ့ (၁၃) စက္ကန့်လောက် အသက်အောင့် ထား နိုင်ပါတယ်။(၂၀၁၁)တုန်းက ဆွစ်ဇလန်နိုင်ငံ မှာ ကျင်းပတဲ့ World Economic Forum မှာ မိန့်ခွန်း ပြော ခွင့် ရခဲ့ပါတယ်။ Vujicic  ကတော့ ဘ၀မှာ လုံးဝ မျှော်လင့် မထားတဲ့ ဖြစ်ရပ်အဆန်းတွေ လည်း ဖြစ် လာနိုင် တယ်လို့ ယုံကြည်ပါတယ်တဲ့။Miracle ဆိုတဲ့အရာကို ယုံတဲ့ အတွက် သူ့ရဲ့ ဗီရိုထဲမှာ ရှူးဖိနပ် တစ်ရံကို အမြဲ သိမ်းထား ပါတယ်လို့ ပြောခဲ့ပါတယ်။

READ
အားလုံးနဲ့ ဝေးရာမှာ တသီးတသန့်တည်ဆောက်ထားတဲ့ နေချင်စဖွယ် အိမ်ငယ်လေးများ

(၈)သူ့ရဲ့ အချစ်ရေး..

Image – The Christian Post

မပြည့်စုံတဲ့ ဘ၀မှာကြီးပြင်းလာရပေမယ့် အချစ်ရေးမှာတော့ ကံကောင်းပါတယ်။အချစ်စစ်ဆိုတာ တကယ်မရှိဘူးလို့ ပြောနေကြသူတွေအတွက် အချစ်စစ်ဆိုတာ တကယ်ပဲရှိတယ်ဆိုတာကို Nick Vujicic နဲ့ Kanae Miyahara တို့ရဲ့ ချစ်ဇာတ်လမ်းက သက်သေပြနေပါတယ်။Nick နဲ့  Kanae တို့ဟာ (၂၀၁၀)တုန်းက Dallas မြို့မှာ ပြုလုပ်တဲ့ပွဲတစ် ခုမှာ တွေ့ဆုံခဲ့ကြတာပါ။Kanae မှာက Nick နဲ့မတွေ့ခင်တုန်းက တခြားသူရှိခဲ့ဖူးပါတယ်။ အရင်လူနဲ့တုန်းက ပြင်ပရုပ် လက္ခဏာရဲ့ စွဲဆာင်မှုကို ခံခဲ့ရတဲ့ Kanae ဟာ Nick ကိုဟောပြောပွဲမှာတွေ့ရတဲ့အချိန်မှာတော့ အတွင်းစိတ်နှလုံး သားရဲ့ ညှို့ယူစွဲဆောင်မှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ တွေ့စတုန်းက လေးစားစရာကောင်း၊ အပြောအဟောေ ကာင်း တဲ့ Nick အပေါ် စိတ်ဝင်စားခဲ့ပေမယ့် ဒါဟာ သူ့ရဲ့အရည်အချင်းကြောင့် စွဲလမ်းတာလား(သို့) အချစ်လား ဆိုတာကို Kanae ကိုယ်တိုင် ဝေခွဲ မရဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Image from Nick Vujicic’s IG

ဒါပေမယ့် Nick ဘက်ကတော့ ဟောပြောပွဲမှာ Kanae နဲ့ ဆုံလိုက်တဲ့အချိန်မှာပဲ ချစ်မိသွားခဲ့တာလို့ ဆိုပါတယ်။ ဟောပြောနေတဲ့အချိန်မှာတော့ Kanae ကြောင့် ပျံ့လွင့်နေတဲ့ စိတ်ကို အတော်လေးထိန်းချုပ်ယူခဲ့ရတယ် လို့ Nick ကပြန်ပြောပြခဲ့ပါတယ်။“Baby, can I kiss your hands?” လို့ ပြောပြီး သူမရဲ့လက်မှာ ပါးစပ်ကိုသုံးပြီး လက်စွပ် စွပ်ပေးပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။ (၂၀၁၂)ခုနှစ်၊ဖေော် ၀ါရီ (၁၂)မှာတော့ လက်ထပ်ခဲ့ပြီး ကလေး (၄)ယော က်ရှိပါတယ်။အမြွှာကလေးလေးတောင်ပါတယ်။(၂၀၁၇)မှာ အမြွှာ သမီးလေး နှစ်ယောက်ကို မွေးခဲ့တာပါ။

(၉)Nick Vujicic  ဆီကနေ သင်လေ့လာ သင်ယူနိုင်တဲ့ အရာများ

နံပါတ်တစ်ကတော့ ပျော်ရွှင်ပါ။ပျော်တယ်၊၀မ်းနည်းတယ်။ဒါတွေက ခံစားချက် သက်သက်ပါ။ ပျော်မ လား၊၀မ်း နည်း မလား ဒါက သင့်ရဲ့ ရွေးချယ်မှုပါ။သင်ရင်ဆိုင်နေရတဲ့ အခြေအနေက  သင့်ရဲ့ စိတ်ပျော်ရွှင်မှုကို ဆုံး ဖြတ်မပေးနိုင် ပါဘူး။အဓိက က သင့်ရဲ့ ရွေးချယ်မှုပါ။ဘ၀က အရမ်းကို တိုတောင်းလွန်းတယ်။လူ့ဘ၀က အရမ်း ကို ရခဲ ပါတယ်။ အချိန်ကတော့ ကုန်ဆုံးနေမှာပါ။ပျော်နေရင်လဲ အချိန်က သူ့အလိုလို ကုန်ဆုံးနေမှာ။ဝမ်းနည်းနေလဲ ကုန် ဆုံး နေမှာပါ။ ဘယ်လို Feeling တွေနဲ့ ကုန်ဆုံးချင်လဲဆိုတာကိုတော့ သင်ကိုယ်တိုင်ပဲ ရွေးချယ်ပါ။နံပါတ် နှစ် ကတော့ ဆင်ခြေ မေ ပးပါနဲ့။ဘာဖြစ်လို့၊ညာဖြစ်လို့ ဆိုတဲ့ ဆင်ခြေတွေကို မပေးပါနဲ့။Nick Vujicic ကို ကြည့်ပါ။ခြေလက် အင်္ဂါ မရှိ ပေမယ့် ရေကူးနိုင်၊ရေငုပ်နိုင်၊ဂေါ့ဖ်ကစားနိုင်၊ရေလွှာ လျှောစီးနိုင်ပါတယ်။ဘာမမဟုတ်တဲ့ ဆင်ခြေ တွေ ပေးပြီး ဘ၀ကို ဒီအ တိုင်း အရှုံးပေးမှာလား ဒါမှမဟုတ် ပြန် Fight မှာလား သင့်အပေါ်မှာပဲ မူတည်ပါတယ်။NOTHING IS IMPOSSIBLE ………….

#Shwemom(Ref;wikipedia/successresources)

SHARE