Titanic ဇာတ်ကားအကြောင်း သင်မသိသေးတဲ့ အချက်များ

Image:twitter/@TitanicMovie

ဆွတ်ပျံ့လွမ်းမော ဖွယ်ရာ ချစ်ဇာတ်လမ်းနဲ့ သဘောင်္နစ်မြုပ်မှုအကြောင်း ရိုက်ကူးထားတဲ့ တိုက် တင်းနစ်ဇာတ်ကား ကိုတော့ မကြည့်ဖူးတဲ့ သူမရှိလောက်ပါဘူး။ကမ္ဘာကျော်  Titanic ရုပ်ရှင်ဇာတ် ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေ မသိလောက် သေးတဲ့ စိတ်ဝင်စားစရာ အကြောင်းလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

တကယ်တော့ ဇာတ်ကားထဲက Jack ဆိုတဲ့ ဇာတ်ကောင် အတွက် Leonardo  ကို ရည်ရွယ်ခဲ့ တာ မဟုတ်ပါဘူး. စတူဒီယိုဘက်ကနေ မင်းသားနေရာ အတွက် McConaughey ကို လိုလားခဲ့ တာပါ။ဒါပေမယ့် ဒါရိုက်တာ Jamesn Cameron ကတော့ Leonardo ကိုပဲ မင်းသားနေရာ အတွက် လိုလားခဲ့ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်တဲ့ Gloria Stuart ကတော့ (၁၉၁၂)ခုနှစ်က တိုက်တင်းနစ် နစ်မြုပ်မှုမှာ တကယ် အသက်ရှင် ကျန်ရစ်ခဲ့သူပါ။တိုက်တင်းနစ်ရုပ်ရှင်ကားမှာ ပါဝင် ခဲ့တဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူပါ။သူမဟာ အသက်(၈၇)နှစ်မှာ အော်စကာ ဆုပေးပွဲရဲ့ အကောင်းဆုံး ဇာတ်ပို့ ဆု အတွက်  ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။

ဇာတ်ကား ရိုက်ကူးရေး နောက်ဆုံးညကတော့ Nova Scotia  မှာ ရိုက်ကူးခဲ့တာပါ။

Reba McEntire  ကိုတော့ Molly Brown ဖာတ်ကောင် အတွက် ကမ်းလှမ်းခဲ့ပါတယ်။  လက် ခံပြီးခါမှ တခြား Schedule တွေ ကြောင့် ပြန်လည် ငြင်းပယ်ခဲ့ရတာပါ။

Kate Winslet ကတော့ ဒီဇာတ်ကားမှာ Wetsuit မ၀တ်တဲ့ သရုပ်ဆောင်အနည်းငယ်တွေထဲက တစ်ယောက်ပါ။အခုလို ရိုက်ခဲ့တဲ့ အတွက်လည်း အဆုတ်ရောင် ရောဂါကို ခံစားခဲ့ရပါတယ်။

Image:twitter/@TitanicMovie

တိုက်တင်းနစ်ကို (၁၉၁၂ -၁၉၂၀)မှာ တည်ဆောက်ခဲ့တာပါ။တည်ဆောက် ဖို့ အတွက် အမေရိ ကန်ဒေါ်လာ သန်း (၁၂၀-၁၅၀) လောက်ထိ ကုန်ကျ ခဲ့ပါတယ်။ဇာတ်ကားရိုက်ကူးရေး ကုန်ကျ စရိတ်ကတော့ အမေရိကန်ဒေါ်လာသန်းနှစ်ရာပါ။

READ
အပြာရောင် ပွဲတက်ဖက်ရှင်လေးနဲ့ ပရိသတ်တွေရဲ့အကြည့်ကို ဖမ်းစားလိုက်ပြန်တဲ့ ဂျေနော်

တိုက်တင်းနစ်ဇာတ်ကားထဲမှာ Jack ရဲ့  ပန်းချီပုံဆွဲ လက်ရာ တွေကို မှတ်မိကြမှာပါ။ပုံဆွဲ စာအုပ်ထဲက လက်ရာတွေကို ရေးဆွဲ သူကတော့ ဒါရိုက်တာ James Cameron  ပါ။

Image:twitter/@TitanicMovie

Rose တစ်ယောက် ကိုယ်တုံးလုံးနဲ့ပုံတူဆွဲ ခံခဲ့တာကိုလည်း မှတ်မိ ကြအုံးမှာပါ။ပုံဆွဲ တဲ့ အခန်းမှာ ရိုက်ပြ ခဲ့တဲ့ လက်ဟာ လည်း Cameron ရဲ့လက်ပါ။ပုံကို Cameron ပဲ ဆွဲ ပေးခဲ့တာပါ။

သင်္ဘောနစ်တဲ့ အခန်းမှာ Rose ၀တ်တဲ့ အကျီင်္ရဲ့ အရွယ်အစားဟာ Over Size ပါ။ကားထဲမှာ သူမ၀တ်တဲ့ တခြားဂါဝန်Size တွေက (4) ပါ။နောက်ဆုံးသင်္ဘောနစ်တဲ့ အခန်းမှာ ၀တ်တဲ့ Size က (8)ပါ။ရေနစ်တဲ့ အခန်းတွေမှာ ပိုပြီးပင်ပန်းနွမ်းနယ်နေတဲ့ ပုံပေါက်အောင်လို့ တမင်ဝ တ်ခိုင်းခဲ့တာပါ။

Image:twitter/@TitanicMovie

အသက်ကြီးတဲ့ စုံတွဲ ကရေတွေ ၀င်လာတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အိပ်ယာပေါ်မှာ ဖက်နေတဲ့ အခန်းရဲ့  ပိုင်ရှင်တွေကတော့ Ida နဲ့  Isidor Strauss ပါ။တိုက်တင်းနစ်နစ်မြုပ်မှုမှာ သေဆုံးခဲ့သူတွေပါ။

Ida ကို အသက်ကယ်လှေ ပေးခဲ့ပေမယ့် ခင်ပွန်းဖြစ်သူနဲ့ သေဆုံး ချိန်ထိ အတူတူရှိနေချင်တဲ့ အတွက် ငြင်းခဲ့တာပါ။အဲ့ဒါလေးကို ဇာတ်လမ်းထဲ ထည့်ရိုက်ပေမယ့် နောက်ဆုံးဖိုင်နယ်ဗား ရှင်းမှာတော့ Cut လုပ်ခဲ့တာပါ။

ရိုက်ကူးရေးပြီးချိန်မှာတော့ သင်္ဘောအကြွင်းအကျန်ကို သံရည်ကျိုတဲ့ ဆီ ရောင်းစားပစ်ခဲ့ပါတယ်။

Rose ဇာတ်ကောင်အတွက်  တခြားမင်းသမီးတွေ အများကြီးကို စဉ်းစားခဲ့ဖူးပါတယ်။Gwyneth Paltrow ၊Nicole Kidman, Madonna, Jodie Foster, Cameron Diaz ၊Sharon Stone  တို့ကို  Rose ဇာတ်ကောင် အတွက် စဉ်းစားခဲ့တာပါ။

Image:twitter/@TitanicMovie

Katw Winslet ကပဲ Leonardo နဲ့ ရင်းနှီးဖို့ ရဖို့ အရင်စ ကြိုးစားခဲ့တာပါ။Leonardo နဲ့ ရိုက်ရ မယ့် ဇာတ်လမ်းထဲမှာ ဗလာကျင်းအခန်းပါတဲ့ အတွက် Kate ကပဲ သူတို့ ချင်းစတွေ့ချိန်မှာ Leonardo နဲ့ ရင်းနှီးမှုရဖို့ အရင်စ ကြိုးစားခဲ့တာပါ။

READ
K-Drama ပရိသတ်တိုင်း သင်စရာမလိုပဲ တတ်နေတဲ့ ကိုရီးယားစကားများ

သင်္ဘောရဲ့ အပြင်ပန်းကိုတော့ မက္ကဆီကို နိုင်ငံ , Baja California ရဲ့ Rosarito မှာရှိတဲ့ Tank တစ်ခုထဲမှာ တည်ဆောက်ခဲ့တာပါ။ရေရဲ့ အနက်က (၃)ပေ ပဲရှိပါတယ်။

Image:twitter/@TitanicMovie

ရေတွေ သင်္ဘောထဲကို လုံးဆောင့်ဝင်တဲ့ အခန်း အတွက်ကတော့ တစ်ကြိမ်ပဲ ရိုက်ကူးခွင့်ရှိပါ တယ်။ရေတွေ လုံးဝင်တဲ့ အချိန်မှာ အကုန်ပျက်စီးသွားမှာ မို့ နောက်တစ်ခါ ရိုက်လို့ မရတဲ့ အတွက် တစ်ကြိမ်တည်းနဲ့ အပြီး ရိုက်ခဲ့ရတာပါ။

အင်ဂျင်ခန်းထဲမှာရှိတဲ လူတွေကို ပရိသတ်တွေ မှတ်မိကြမှာပါ။အင်ဂျင်ခန်းက တကယ်တော့ သေး ပါတယ်။ဒါကို ကြီးတယ်လို့ ထင်ရအောင် အင်ဂျင်ခန်းထဲမှာ သုံးဖို့ သရုပ်ဆောင် စတန့်သ မားတွေ ကို ရွေးတဲ့ အခါမှာ အရပ် (၅)ပေ လောက်ရှိတဲ့ သူတွေကိုပဲ သုံးခဲ့ပါတယ်။

Image:twitter/@TitanicMovie

ဇာတ်ကားရဲ့ နာမည်ကိုတော့  “Planet Ice”.  လို့ ပေးဖို့ ရည်ရွယ်ခဲ့တာပါ။

Rose တစ်ယောက်နောက်ဆုံးခန်းမှာ အပြားကြီးပေါ် တက်နေခဲ့တာကို သတိရကြမှာပါ။တက ယ် သင်္ဘောမြုပ်တုန်းက ကျန်ခဲ့တဲ့အကြွင်းအကျန်ပစ္စည်းပါ။ Halifax မှာရှိတဲ့ ပြတိုက်မှာပြ ထားတဲ့ တကယ့် သဘောင်္နစ်ချိန်က ကျန်ရှိခဲ့တဲ့ အကြွင်းအကျန်ပစ္စည်းပါ။

Image:twitter/@TitanicMovie

Jack တစ်ယောက် Rose ကိုပုံဆွဲ ပေးတုန်းက “အိပ်ယာပေါ်မှာ လှဲနေလိုက် ငါဆိုလိုတာက ဆိုဖာပေါ်..” ဆိုတဲ့ စကားက ဇာတ်ညွှန်းထဲက မဟုတ်ပါဘူး။မှား ပြောမိတာပါ။ဆိုဖာပေါ်မှာ လှဲနေလိုက် လို့ ပြောရာမှာကို မှား ပြောလိုက်မိတာပါ။ဒါပေမယ့် ဒါရိုက်တာကဒီအမှားကို သဘောကျပြီး ဒီအတိုင်းထားခဲ့တာပါ။

Image:twitter/@TitanicMovie

ဒါရိုက်တာ James Cameron က ဒီဇာတ်ကားထဲမှာ ဘာသီချင်းမှ မထည့်ချင်ခဲ့ပါဘူး။ဒါကို James Horner, Will Jennings နဲ့  Céline Dion တို့က  “My Heart Will Go On” ကို တိတ်တိတ်လေး ပြင်ဆင်ခဲ့ကြတာပါ။နောက်ဆုံးမှာတော့ ဒါရိုက်တာက အရမ်းကြိုက်သွားပြီး ထည့်သုံးဖြစ်ခဲ့တာပါ။

Image:twitter/@TitanicMovie

Source:buzzfeed/wiki

SHARE