သင်​မသိ​သေးတဲ့ Lee Sung Kyung ရဲ့ အ​ကြောင်း

Lee Sung Kyung ကို 2014 ခုနစ်​ရဲ့ဇာတ်​လမ်းတစ်​ခုဖြစ်​တဲ့ “It’s Okay, That’s love” ထဲက Lee Kwang Soo ကိုအရမ်း​ကြွေ​နေတဲ့ ခပ်​ဆိုးဆိုး​ကောင်​မ​လေး Oh So Nyeo အဖြစ်​နဲ့ ပရိတ်​သတ်​​တွေစသတိထားမိခဲ့ပါတယ်​။
၂၀၁၆ ခုနစ်​မှာထုတ်​လွှင့်​ခဲ့တဲ့ “Weightlifting Fairy Kim Bok Joo” အပြီးမှာ​တော့  Sung Kyung ဟာ ကမ္ဘာတစ်ဝန်းက ​​ပရိတ်​သတ်​​တွေရဲ့ချစ်​ခင်​အား​ပေးမှုကို ရရှိခဲ့ပါတယ်​။ဒီဇာတ်​လမ်းဟာ သူမ အဓိဇာတ်​​ဆောင်​မင်းသမီးဖြင့်​ ပထမဆုံးရိုက်​ကူးခဲ့တဲ့ဇာတ်​လမ်းဖြစ်​ပြီး သူမကို Lee Sung Kyung ရယ်​လို့ လူတိုင်းကို သိစေခဲ့ပါတယ်။
ခုလက်​ရှိမှာ ကိုရီးယားသရုပ်​​ဆောင်​တစ်​​ဦးအဖြစ်​လူသိများ​ကျော်​ကြား​နေ​ပေမယ့်​ ​သူမနဲ့ပတ်​သတ်​ပြီး ပရိတ်​သတ်​​တော်​​တော်​များများမသိ​သေးတဲ့အ​ကြောင်း​တွေရှိပါ​သေးတယ်​။အဲ့တာ​တွေက​တော့…
(၁) သူမဟာ အနုပညာလမ်း​ကြောင်းကို ​မော်​ဒယ်​တစ်​​ယောက်​အဖြစ်​စတင်​ဝင်​​ရောက်​ခဲ့တာပါ။
သူမဟာ သရုပ်​​ဆောင်​တစ်​ဦးမဖြစ်​ခင်​ကတည်းက Seoul Fashion Week နဲ့ Korean Fashion Magazine ​တွေမှာ Model တစ်​​ယောက်​အဖြစ်​ပါဝင်​ခဲ့ပါတယ်​။သူမရဲ့ယောက်ျားဆန်​တဲ့၊ လွတ်​လပ်​တဲ့ Style ​တွေ​ကြောင့်​ Fashion ​လောကမှာ အထူးထင်​​ပေါ်​ကျော်​ကြားခဲ့ပါတယ်​။
(၂) သူမဟာ အနုပညာလုပ်​ငန်း​တွေအတွက်​ နာမည်​ကြီး YGK-Plus နဲ့ YG Entertainment ​တွေနဲ့စာချုပ်​ချုပ်​ဆိုခဲ့ပါတယ်​။
နာမည်​ကြီး K pop band ​တွေဖြစ်​တဲ့ Bigbang, 2NE1 တို့ရဲ့ Agency ဖြစ်​တဲ့ YG Entertainment နဲ့​တောင်​ စာချုပ်ချုပ်​ခွင့်​ရသူပါ။YG ထွက်​ဖြစ်​တဲ့ Lee Jong Suk ဟာလည်းသူမရဲ့ Senior တစ်​​ယောက်​ပါ။နောက်​ပြီး Weightlifting Fairy ထဲက မင်းသား Nam Joo Hyuk ကလည်း YG နဲ့စာချုပ်​ချုပ်​ဆိုထားသူပါ။Sung Jung ဟာ Acting ပိုင်းအတွက်​ YG Entertainment နဲ့စာချုပ်​ချုပ်​ဆိုထားပြီး၊ Modeling ပိုင်းအတွက်​ကို​တော့ YGK-Plus နဲ့ချုပ်​ဆိုထားပါတယ်​။
(၃) သူမဟာ သရုပ်​​ဆောင်​လမ်း​ကြောင်းကို “It’s Okay, That’s Love” ဇာတ်​လမ်းနဲ့စတင်​ဝင်​​ရောက်​ခဲ့ပါတယ်​။
ဒီကားမှာ Park Soo Kwang(Lee Kwang Soo)ရဲ့အိမ်​နီးချင်း ခပ်​ဆိုးဆိုးအထက်​တန်း​ကျောင်းသူမ​လေး Oh So Nyeo အဖြစ်​ပါဝင်​သရုပ်​​ဆောင်​ထားတာပါ။
(၄) သူမဟာ Piano လည်းအတီးကျွမ်းသူပါ။
သူမဟာ ​မော်​ဒယ်​၊သရုပ်​​ဆောင်​အပိုင်းသာမက Music ပိုင်းမှာလည်းကျွမ်းကျင်​သူပါ။သူမဟာ Model တစ်​​ယောက်​မဖြစ်​ခင်​တုန်းက Pianist တစ်​ဦးဖြစ်​ဖို့အစီအစဉ်​ရှိခဲ့ဖူးပါတယ်​တဲ့။
(၅) အဆိုကျွမ်းကျင်​သူတစ်​ဖြစ်​လည်း Sung Kyung
သူမရဲ့ “King of Masked Singer” အစီအစဉ်​မှာသီဆိုခဲ့တဲ့ “Nice to meet you” သီချင်းက​တော့ ကြည့်​ရှုသူပရိတ်​သတ်​​တွေကို အံ့သြသင့်​ရ​လောက်​​အောင်​​ကောင်းခဲ့ပါတယ်​။
https://youtu.be/eY1-wMEArRU
(၆) သူမဟာ Park Shin Hye နဲ့လည်းအရမ်းရင်းနှီးပါတယ်​။
“Doctors” ဇာတ်​လမ်းတွဲရိုက်​ကူးပြီး​နောက်​ပိုင်း သူတို့နှစ်​​ယောက်​ဟာ Best Friend ​တွေလို ရင်းနှီးခဲ့​ကြောင်း Sung Kyungက​ပြောခဲ့ပါတယ်​။ ​Running Man ရဲ့အပိုင်း(၃၀၄)မှာလည်း နှစ်​​ယောက်​အတူတူပါဝင်​ရိုက်​ကူးခဲ့ပါတယ်​။
(၇) Laneige Cosmetic ရဲ့ ကိုယ်​စားပြု Sung Kyung
L​aneige Cosmetic ရဲ့ ကိုယ်​စားပြု Modelများထဲမှာ ​ဆောင်း​ဟေကိုအပြင်​ Sung Kyung လည်းပါဝင်​ခဲ့ပါတယ်​။
(၈) Weightlifting Fairy Kim Bok Joo ဟာ သူမဇာတ်​​ဆောင်​မင်းသမီးအဖြစ်​ပထမဆုံးရိုက်​ကူးခဲ့တဲ့ဇာတ်​လမ်းပါ။
သူမဟာဒီဇာတ်​လမ်းမရိုက်​ကူးခင်​ “It’s Okay, That’s love”,”Cheese in the trap”, “Doctors”, “Flowers of the Queen” စတဲ့ ဇာတ်​လမ်း​တွေမှာ ဇာတ်​ပို့အဖြစ်​သရုပ်​​ဆောင်​ခဲ့ပါတယ်​။
(၉) သူမဟာ Weighliftting Fairyထဲက Kim Bok Joo ဇာတ်​​ကောင်​အတွက်​ Weight တက်​​အောင်​ကြိုးစားခဲ့ရပါတယ်​။
သူမဟာ အ​လေးမသမားဇာတ်​​ကောင်​ပီသ​စေဖို့ ၅ ကီလို ကိုယ်​အ​လေးချိန်​တက်​​အောင်​ကြိုးစားခဲ့ရပါသတဲ့။
(၁၀) သူမဟာ Relationship ​တွေမှာ ဦး​ဆောင်​ရတာကိုကြိုက်​နှစ်​သက်​သူပါ။
သူမရဲ့ရည်းစားဦးကို အသက်​ ၂၁ မှာထားခဲ့ဖူး​​ကြောင်း Radio Star ရဲ့ Interview တစ်​ခုမှာ​ဖြေဆိုခဲ့ပါတယ်​။ယခုလက်​ရှိမှာ​တော့ Weightlifting Fairy ထဲက Nam Jook Hyuk နဲ့တရားဝင်​တွဲ​နေပြီဖြစ်​​ကြောင်း ဧပြီ ၂၄ ရက်​​နေ့က​ကြေညာခဲ့ပါတယ်​။
Grinny (Shwemom)
Ref; Preview and Wikipedia
SHARE