လူတွေ သိပ်မသိကြသေးတဲ့ Instagram ကို အထာကျကျ အသုံးပြုနည်းများ

အင်စတာဂရမ်ကတော့ အင်တာနက်အသုံးပြုတော်တော်တော်များများကြားမှာ  ဖေ့စ်ဘုတ်လိုမျိုးပဲ တွင်တွင်ကျယ်ကျယ်ရှိလာတဲ့ Social Media app တစ်ခုဖြစ်ပါတယ်။ သူကတော့ ဖေစ်ဘုတ်လိုပဲ ဓါတ်ပုံနဲ့ ဗီဒီယိုတွေတင်လို့ရပြီး အသုံးပြုရလွယ်ကူတဲ့အပြင် နာမည်ကျော် အနုပညာရှင်တော်တော်များကိုလည်း Instagramပေါ်မှာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာ အင်စတာဂရမ်ကို အသုံးပြုသူတွေ များပြားလာတာဖြစ်ပါတယ်။ ဒါပေမဲ့ အင်စတာဂရမ်ရဲ့ လက်တွေ့ကျကျ အသုံးပြုနည်းတွေကိုတော့ တော်တော်များများမသိကြသေးပါဘူး။ ဒါကြောင့် ဒီကနေ့မှာတော့ အင်စတာဂရမ်ကို အထာကျကျသုံးနိုင်ဖို့အတွက် အင်စတာဂရမ် အသုံးပြုနည်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

ကိုယ်Follow ထားတဲ့သူတွေပိုစ့်တင်တဲ့အခါတိုင်း ကိုယ့်ဆီ Noti တက်ချင်ရင်တော့ Folllow ထားတဲ့ သူရဲ့ Profile ကိုအရင်သွားလိုက်ပါ။ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း အစက်သုံးစက်ရှိတဲ့နေရာကို နှိပ်လိုက်ပြီး Turn on Post/Story Notification  ကိုနှိပ်လိုက်ပြီဆိုရင်တော့ ကိုယ့်Follow ထားတဲ့သူတွေရဲ့ activity တစ်ခုချင်းစီကို လွတ်မသွားတော့ဘူးပေါ့။ တကယ်လို့ Noti  မလိုချင်တော့ရင်လည်း အဲဒီအစက်သုံးစက်ဆီ ပြန်သွားပြီး Turn off Post/Story Notification လုပ်လိုက်ရုံပါပဲ။

READ
ကိုရီးယားကုမ္ပဏီတစ်ခုနဲ့ Huawei တို့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ စမတ်မျက်မှန်
instagram
instagram

ကိုယ့်ကို Tag ထားတဲ့ ပုံတွေ ကိုယ့်ရဲ့ profile မှာပေါ်မနေစေချင်ရင်တော့ ပုံမှာပြထားတဲ့အတိုင်းပဲ အစက်သုံးစက်ကို နှိပ်လိုက်ပါပြီးရင်တော့ Post Option ဆိုတာကို နှိပ်ပြီး Show In Your Profile ဆိုတဲ့ဘေးက ခလုတ်လေးကို နှိပ်လိုက်ရင်ရပါပြီ။

instagram
instagram

ဒါ့အပြင် ကိုယ့်ရဲ့ ဓါတ်ပုံတွေကိုတော့ အင်စတာဂရမ်ပေါ်မှာလည်း တကယ့်pro တစ်ယောက်လို ပြင်လို့ရပါတယ်။ အလင်းအမှောင်၊ အရောင်တွေကအစ ကိုယ့်စိတ်ကြိုက်ပြင်လို့ရတာကြောင့် တော်တော်လေးမိုက်တယ်လို့လည်း ပြောလို့ရပါတယ်။

instagram

အခုဆိုရင်တော့ အင်စတာဂရမ်မှာ အကောင့် ၂ခုသုံးခုကို တွဲသုံးလို့နေပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့ Personal account နဲ့ professional acoount / bussiness account ဆိုပြီးတော့ တွဲသုံးလို့ရနေပါပြီ။ ဒါလေးကိုတော့ ကိုယ့်ရဲ့ profileထဲကို သွားပြီး Setting မှာ ဝင်ကြည့်လိုက်ရင်ရပါတယ်။

READ
AI စနစ်က ရေးတဲ့ ဇာတ်ညွှန်းနဲ့ ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးကြော်ငြာ
instagram

အခြားသူတစ်ယောက်က တင်ထားတဲ့ ပိုစ့်ကို ကိုယ့်ရဲ့ Instagram Story တင်ချင်တယ်ဆိုရင်တော့ အဲဒီပိုစ့်ရဲ့ အောက်က မြှားလေးကို နှိပ်လိုက်ပါ။ပြီးရင်တော့ Add To Your Post ဆိုတာကို နှိပ်လိုက်ရုံပါပဲ။

instagram
instagram

Instagram Story မှာ ကိုယ်ရေးတဲ့စာလေးတွေကို သက်တန့်လိုရောင်စုံလေးဖြစ်ချင်တယ်ဆိုရင်တော့ စာကို အရင်ရေးလိုက်ပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ရေးထားတဲ့ စာနဲ့ အောက်က ကာလာတွေကို ဖိပြီးတော့ တစ်ပြိုင်နက်တည်း အနောက်ကို ဆွဲသွားပေးရင်ရပါတယ်။

instagram

 

SHARE