သူ့ကိုစိတ်မ၀င်စားဘူးလို့တွေးမိစေတဲ့ သင့်ရဲ့အပြုအမူများ

တချို့ယောက်ျားလေးတွေကမိန်းကလေးတစ်ယောက်အပေါ်မှာအပေါ်ယံအမြင်နဲ့ပဲဆုံးဖြတ်တတ်ကြပါတယ်။အထူးသဖြင့်သင့်ရဲ့တချို့အပြုအမူလေးတွေကြောင့်သင်ကသူ့စိတ်မ၀င်စားဘူးလို့တွေးကောင်းတွေးနိုင်ပါတယ်။အဲဒီအခါ သင့်အနေနဲ့ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်နိုင်ပါတယ်။ဒါကြောင့်သတိထားမိစေဖို့ဘယ်လိုအချက်လေးတွေလဲဆိုတာ Shwemomကနေစုစည်းဖော်ပြပေးလိုက်ပါတယ်။

ဖုန်းပြန်ခေါ်ဖို့ ဒါမှမဟုတ် စာပြန်ပို့ဖို့ စောင့်တတ်ခြင်း

မိန်းကလေးအများစုကကိုယ့်ကိုယ်ချဉ်းကပ်လာတဲ့သူကိုစိတ်ဝင်စားရင်တောင် သူ့ဘက်ပါနေတာမျိုးသူနဲ့စကားပြောဖို့ တအားစိတ်အားထက်သန်နေမှန်းသိသာမှာစိုးရိမ်မိကြတယ်။ကိုယ့်ဘက်ကဖုန်းပြန်ခေါ်မှာစာပြန်ပို့မှာကို မျှော်နေတာမျိုးလည်းဖြစ်စေချင်တယ်။ဒါကြောင့်ချက်ချင်းပြန်မခေါ်ဘဲအချိန်ဆွဲတတ်ကြပါတယ်။ဒါပေမယ့် ယောက်ျားလေးတွေကတော့အဲဒီိလိုမတွေးပါဘူး။သူတို့တွေးတာကသင်နဲ့အချိန်တိုင်းမဟုတ်တောင်နေ့တိုင်းစကားပြောဖို့ပဲအာရုံစိုက်ကြတယ်။သင့်ဘက်က စိတ်မ၀င်စားတဲ့ပုံစံနဲ့ဒီလိုအပြုအမူလုပ်ဖြစ်မယ်ဆိုရင်သူ့ရဲ့ကြိုးစားအားထုတ်မှုအရာမထင်ဘူးဆိုပြီးသူ့အနေနဲ့လက်လျှော့သွားနိုင်ပါတယ်။

မချီးမွှမ်းခြင်း၊အသိအမှတ်မပြု ခြင်း

ပထမဆုံးတွေ့ဆုံမှုမှာသင့်အနေနဲ့တစ်စုံတစ်ယောက်ကိုချီးမွှမ်းဖို့သိပ်မလိုအပ်ဘူးလို့ယူဆပါလိမ့်မယ်။ဒါပေမယ့် ယောက်ျားလေးတွေကတော့ပထမဆုံးတွေ့ဆုံမှုမှာစိတ်ကျေနပ်မှုရချင်ကြပါတယ်။သင့်ဘက်ကချီးမွှမ်းမှု၊အသိအမှတ်ပြုမှုမရဘူးဆိုရင်တော့ သင်သူ့ကိုစိတ်မ၀င်စားဘူးလို့ထင်သွားနိုင်ပါတယ်။

တစ်ခွန်းတည်းတုန့်ပြန်ခြင်း

ချစ်သူရှိတဲ့ကောင်လေးတွေကတော့သူတို့ကောင်မလေးကအင်း၊အဲ၊ဟုတ်တယ်စသဖြင့်စကားကိုတိုတိုပြတ်ပြတ်ပြောနေပြီဆိုရင်ကောင်မလေးရဲ့စိတ်အခြေအနေကိုသိနိုင်ပေမယ့် single guyတွေကတော့အဲဒီလိုတစ်ခွန်းတည်းတုန့်ပြန်တာကို သိပ်ပြီးသဘောမပေါက်သလိုသဘောလည်းမကျတတ်ပါဘူး။သင့်ဘက်ကတုံဏိဘာဝေနဲ့စိတ်မ၀င်စားတဲ့သဘောနေပြရင် သူ့ ဘက်ကလည်းရှေ့ဆက်တိုးဖို့ခက်သွားနိုင်ပါတယ်။

သင့်ကိုယ်သင်ပဲအာရုံစိုက်ခြင်း

သင်တို့တွေ့ဆုံချိန်မှာသင့်အကြောင်းပဲပြောနေမယ်၊သင့်ရဲ့ဝါသနာအကြောင်းပဲပြောနေမယ်ဆိုရင်သင်ဟာကိုယ့်ကိုယ်ကိုယ်ဂရုစိုက်လွန်းသူအခုတွေ့ဆုံမှုထက်သင့်အကြောင်းကိုပဲပိုစိတ်ဝင်စားသူလို့သူတို့ယူဆသွားနိုင်ပါတယ်။တခြားသူကိုစိတ်မ၀င်စားတဲ့သူကိုသဘောကျတာဟာ သူတို့အတွက်မကောင်းနိုင်ဘူးလို့လည်း သူတို့ကောက်ချက်ချသွားနိုင်ပါတယ်။

တစ်စုံတစ်ယောက်နဲ့ပြောဖို့ရုတ်တရက်ထွက်သွားခြင်း

ဆိုလိုတာကတော့သင်ကလူချစ်လူခင်ပေါတဲ့သူဖြစ်ချင်ဖြစ်မယ်၊သင့်ကိုသိတဲ့သူတွေနေရာတိုင်းမှာရှိနိုင်တယ်။ဒါပေမယ့် ယောက်ျားလေးတစ်ယောက်နဲ့ပထမဆုံးတွေ့ချိန်မှာအဲဒီလိုသင့်ရဲ့လူမှုရေးအခြေအနေလေးတွေကြောင့်တစ်ယောက်ယောက်ကိုတွေ့လို့လှမ်းနှုတ်ဆက်လိုက်တာမျိုး၊စကားလက်ဆုံပြောဖို့ရုတ်တရက်ထထွက်သွားတာမျိုးတွေကတစ်ဖက်ကယောက်ျားလေးကိုအလေးမထားတဲ့သဘော လျစ်လျူရှုတဲ့သဘောသက်ရောက်စေပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:lovepanky.com

SHARE