IT မင်းသား Bill Skarsgård အကြောင်း သင်မသိသေးတဲ့အချက် (၁၁) ချက်

Bill Skarsgard Instagram

Bill Skarsgård ကတော့ နာမည်ကြီးဆွီဒစ် မင်းသားချောပါ။ IT ဇာတ်ကား ထဲက Pennywise  ဇာတ်ကောင် အနေနဲ့ လူသိများပါတယ်။သူနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေကို  ဖော်ပြပေးချင်ပါတယ်။ IT ဇာတ်ကားထဲမှာတော့ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းတဲ့ Pennywise ရဲ့တကယ့် Real Life ကတော့ …

# 1 Bio

Image : IG/@billskarsgard

Pennywise အဖြစ်နဲ့ ကြည့်ပြီး ဒီမင်းသားကိုအသက်ကြီးကြီးလို့ ထင်မိကြတဲ့ သူတွေရှိကောင်းရှိမှာပါ။အဲ့ဒီလို ထင်မိတယ် ဆိုရင်တော့ လုံးဝကို မှားပါတယ်။ Bill Skarsgård ကိုတော့ (၁၉၉၀)ခုနှစ် သြဂုတ် (၉) ရက်နေ့ မှာ မွေးဖွားခဲ့တာပါ။ဆွီဒင်နိုင်ငံ Vällingby ဆိုတဲ့ အရပ်မှာ မွေးဖွားခဲ့တာပါ။

# 2 အနုပညာမျိုးရိုးကနေဆင်းသက်လာသူ

Image : IG/@billskarsgard

Bill Skarsgård ကတော့ အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့ သူပါ။သူဟာ နာမည်ကြီး မင်းသား Stellan Skarsgård နဲ့ Sonja Marie Agnes တို့ရဲ့ သားပါ။မွေးချင်းမောင်နှမ (၇)ယောက်တောင်ရှိပါတယ်။ Alexander, Gustaf, Sam, Valter, Ossian, Kolbjörn,  Eija ပါ။ အဲ့ဒီအထဲက သုံးယောက်ဖြစ်တဲ့ Alexander, Gustaf, Valter တို့က သရုပ်ဆောင်တွေပါ။

#3 သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကား

Image : Twitter/BillSkarsNews

သရုပ်ဆောင်လောကထဲကို သူကလေးဘ၀ တည်းက ၀င်ရောက်လာခဲ့တာပါ။သူ့ဘ၀ရဲ့ ပထမဆုံး ရုပ်ရှင် ကား ကို သူ့ အသက် (၉)နှစ်မှာ ရိုက်ခဲ့တာပါ။အစ်ကို ဖြစ်သူ Alexander နဲ့ အတူ ရိုက်ခဲ့တာဖြစ်ပြီး ဇာတ်ကားနာမည်ကတော့ White Water Fury  ပါ။သူ့ရဲ့ ရိုက်ကွင်းအတွေ့အကြုံတွေ အကြောင်းကိုတော့ Interview Magazine မှာ အခုလို ပြန်ပြောပြခဲ့ပါတယ်။”အဲ့ဒီတုန်းက ရိုက်ကွင်းမှာ ကလေးဆိုလို့ ကျတော်ပဲ ရှိတယ်။အကြောင်း အရင်းတချို့ ကြောင့် ကျတော် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရတာကိုတော့ မှတ်မိနေတယ်..” လို့ ပြောခဲ့ပါတယ်။အနုပညာ မျိုးရိုး က ဆင်းသက်လာသူမို့ ဒီလောထဲကို လွယ်လွယ်နဲ့ ၀င်ရောက်လာခဲ့နိုင်တယ်လို့ ပြောလို့ရပါတယ်။

#4 ရခဲ့တဲ့ ဆုတွေ..

Image : Twitter/BillSkarsNews

(၂၀၁၁)မှာတော့  Skarsgård ဟာ Simon in Simple Simon ဆိုတဲ့ ဇာတ်ကား နဲ့ Guldbagge Award  အတွက် ဆန်ခါ တင်စာရင်းဝင်ခဲ့ပါတယ်။သူ့အသက် (၂၁)နှစ် (၂၀၁၂)မှာတော့ European Film Academy’s Shooting Stars Award ဆု ရခဲ့ပါတယ်။(၂၀၁၄)ဧပြီမှာတော့ bi-annual men’s fashion နဲ့  culture magazine ကာဗာမှာ ပါဝင်ခွင့်ရခဲပါတယ်။သူ့ကိုတော့ သူ့ရဲ့ ဖေဖေကိုယ်တိုင် အင်တာဗျူးခဲ့တာပါ။

READ
မင်းသမီး Hedy Lamarr အဖြစ် သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Gal Gadot

#5 ပါဝင်ခဲ့ဖူးတဲ့ တခြားဇာတ်ကားများ

Image : Twitter/BillSkarsNews
Skarsgård  ကတော့ သိပ္ပံဇာတ်ကားThe Divergent Series: Allegiant (2016) မှာ ပါဝင်ခဲ့ဖူးပါတယ်။ အမေရိ ကန်ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံးအကြိမ် အဓိက နေရာကနေ ပါဝင် ခွင့် ရခဲ့တာပါ။(၂၀၁၆)ဇွန်မှာတော့ Skarsgård w တစ်ယောက် It (2017)ဇာတ်ကားထဲမှာ Pennywise ဆိုတဲ့ ဗီလိန်နေရာကနေ သရုပ်ဆောင် ခဲ့ပါတယ်။တကယ်ကတော့ မင်းသား Will Poulter  ကို Pennywise နေရာမှာ သရုပ်ဆောင် ဖို့ ရည်ရွယ် ထားခဲ့ တာပါ။ဒါပေမယ့် နောက်ပိုင်းမှာတော့ Will Poulter က ဒီဇာတ်ကားမှာ သရုပ်ဆောင် ဖို့ကို ရုပ်သိမ်းခဲ့တာပါ။ အစပိုင်း တုန်းကတော့ တခြားအလုပ်တွေရှိလို့ သရုပ်မဆောင်ဖြစ်တော့တာလို့ သတင်းထွက်ခဲ့ပေမယ့် တကယ်ကတော့ Will Poulter ကိုယ်တိုင်ကိုက Pennywise ဇာတ်ကောင်နေရာကနေ သရုပ်မဆောင်ချင်တော့လို့ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
#6 Bill Skarsgård  အကြောက်ဆုံးအရာ
Image : Twitter/BillSkarsNews
Skarsgård ရဲ့ ဘ၀မှာ အကြောက်အဆုံးအရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ တစ်ယောက်တည်းအထီးကျန် နေရ မှာ ကို ပါ။ငယ်ငယ်တည်းက Big Family မှာ မိသားစု တွေ အများကြီးနဲ့ ၀န်းရံပြီး နေလာခဲ့ရတာပါ။ဒါကြောင့်လည်း တစ်ယောက်တည်း နေရာမှာကို အရမ်းကြောက်တာပါ။သူငယ်ချင်းတွေ၊မိသားစုတွေ အများကြီးနဲ့ သိုက်သိုက် ၀န်းဝန်း နေလာခဲ့ရတာမို့ တစ်ယောက်တည်း အထီးကျန်နေမှာကို ဘ၀မှာ အကြောက်ဆုံး လို့ ပြောခဲ့ပါတယ်။
#7 It  ရိုက်ကွင်းက သူ့ဘ၀အတွက် အထီးကျန်ဆုံး ရိုက်ကွင်းဖြစ်ခဲ့

 အထီးကျန်ရမှာကို သိပ်ကြောက်တဲ့ Skarsgård ကတော့ သူ့ဘ၀ရဲ့ အထီးကျန်ဆန်ဆုံး ရိုက်ကွင်း အကြောင်းကို ပြော ခဲ့တာပါ။တခြားတော့ မဟုတ်ပါဘူး။IT ရိုက်ကွင်းပါ။သူ့ရဲ့ ဇာတ်ကောင်က အရမ်းကို ၀န်ကြီးတာမို့ သူ့ ခမျာ ဇာတ်ကောင် အတွက် အရမ်းကို အာရုံစိုက် ခဲ့ရပါတယ်။ရိုက်ကွင်းပေါ်မှာလည်း တစ်ယောက်တည်း အများနဲ့ မသက် ဆိုင်တဲ့ သူ လို ဖြစ်ခဲ့ရတာမို့ ဒီရိုက်ကွင်းက သူ့အတွက် အထီးကျန်အဆန်ဆုံးလို့ ဆိုပါတယ်။သူနဲ့ အတူ တွဲဖက် သရုပ် ဆောင်တွေက ကလေးတွေ ဖြစ်နေတာမို့ အစပိုင်းမှာတော့ အဆင်မပြေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘော် ဒါတွေ ဖြစ် သွားပါတယ်လို့ ပြောခဲ့ပါတယ်။
#8 Pennywise  အတွက်သူ့ရဲ့ ကြိုးစားမှုတွေက…
Image : Twitter/BillSkarsNews
Pennywise  မိတ်ကပ်၊အ၀တ်အစားတွေ အတွက် သူပေးရတဲ့ အချိန်ကတော့ မနည်းပါဘူး။ဘယ်လောက် အချိန်ယူ ပြင်ဆင် ရသလဲ ဆိုတာကိုတော့ New York Times  အင်တာဗျူးမှာ အခုလို ဖြေခဲ့ပါတယ်။နှစ်နာရီ နဲ့ တစ်နာရီ ခွဲ လောက် အချိန်ယူပြင်ဆင်ရတယ်လို့ ဆိုပါတယ်။ပုံမှန်အားဖြင့် ဇာတ်ကားရိုက်တဲ့ နေ့တွေက သာမန် သူလိုငါ လို မထူး ခြားတဲ့ နေ့တွေဆိုပေမယ့် သူ့အတွက် ရိုက်ကူးရေးရှိတဲ့ နေ့ တွေကတော့ ထူးခြားတယ်လို့ ဆိုပါတယ်။ကော်ဖီ တောင် မသောက်ရဘူးလို့ ဆိုပါတယ်။သူ့အတွက် Energy ကို တစ်ရာရာခိုင်နှုန်းထုတ်သုံးရပြီး စိတ်ရော၊ကိုယ်ပါ အပင်ပန်း ဆုံး ဇာတ် ကောင် လို့  ပြောခဲ့ပါတယ်။
#9 IT ထဲက နာမည်ကျော် အပြုံးက တမင်လုပ်ယူတာလား
Image : Twitter/BillSkarsNews
IT ဇာတ်ကားကို ကြည့်မယ်ဆိုရင် အဲ့ဒီအထဲမှာ တစ်ခုခု ကောက်ကျစ်တော့မယ်ဆိုရင် Pennywise  ပြုံး တဲ့ အပြုံး ကို သတိထားမိမှာပါ။အဲ့ဒီအပြုံးကြီးက နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ဒီအပြုံးက သူ့ အတွက် သာမန် အပြုံးပဲ လား၊ အတင်းလုပ်ယူထားရတာလားဆိုတာကိုတော့ အခုလို ပြောခဲ့ပါတယ်။သူ့ရဲ့ အစ်ကို သရုပ်ဆောင် မင်းသား Gustav က နှုတ်ခမ်းကို အဲ့ဒီလို ကော့တက်အောင် လုပ်နိုင်တဲ့ စွမ်းရည်ရှိပြီး၊အစ်ကို ဖြစ်သူ ဆီက အဲ့ဒီပုံစံကို သူ့ အသက် (၁၀) နှစ်လောက်တည်းက တုပလာခဲ့တာလို့ ဆိုပါတယ်။ညီလေးတွေကို လည်း ကြောက်အောင် အဲ့လို တွေ ခြောက် လာခဲ့ တာမို့ သူ့ အတွက်တော့ ဒီအပြုံးနဲ့ ကလေးတွေကို ခြောက်တဲ့ ကိစ္စဟာ အရင်တည်းက လုပ်ဖူးပြီးသား၊အတွေ့ အကြုံ ရှိထားပြီးသားလို့ ဆိုပါတယ်။
#10 ဆိုရှယ်မီဒီယာမသုံး
သူ့ရဲ့ Life ကို အေးအေးဆေးဆေးသိုသိုဝှက်ဝှက်လေးပဲ နေချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေ ဖူးပါတယ်။သူ့မှာ
public social media account တွေ မရှိပါဘူးလို့ ပြောခဲ့ပါတယ်။သူ့ရဲ့ Fan တွေကတော့ သူ့နာမည်နဲ့ Fan Account တွေ ဖွင့်ထားတာတွေ တော့ ရှိပါတယ်။
#11 အချစ်ရေး
Image : Twitter/BillSkarsNews
 Bill Skarsgard ကတော့ လက်ရှိမှာ ဆွီဒစ် မင်းသမီး Alida Morberg နဲ့ တွဲ နေပါတယ်။ဘယ်တုန်းက စတွဲ တာလဲ ကိုတော့  သူ့ရဲ့ Private Life ကို လျှို့ဝှက်ထားချင်သူကြီးမို့ ထုတ် မပြောခဲ့ပါဘူး။ဒါပေမယ့်လည်း သတင်း Source တွေမှာတော့  Bill Skarsgard  နဲ့ Morberg ကို (၂၀၁၆) ဇူလိုင်တုန်းက Toronto မှာ အတူတွေ့ ခဲ့ တယ်ဆိုပြီး အခိုင်အမာ ဖော်ပြခဲ့ပါတယ်။

 

#Shwemom (ref;thethings/wiki/gq)
SHARE