ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်က Boss Logic ဆိုတဲ့ Artist တစ်ယောက်အကြောင်း

Instagram/BossLogic

စူပါဟီးရိုးဖန်တွေ၊ စူပါဟီးရိုး ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတိုင်း စူပါဟီးရိုးရုပ်ရှင်ပိုစတာတွေကို ရင်ခုန်မှုအပြည့်နဲ့ စောင့်မျှော်ခဲ့ကြဖူးမှာပါ။ ပိုစတာကို ကြည့်ပြီး ရုပ်ရှင်ဇာတ်လမ်းကို ခန့်မှန်းပြီး ရုပ်ရှင်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ဖူးကြမှာပါ။ ဒီလို စူပါဟီးရိုး ပိုစတာတွေကို ဘယ်သူတွေ ရေးဆွဲခဲ့သလဲ၊ ဘယ်လိုလူတွေက ရေးဆွဲထားသလဲဆိုတာ လူနည်းစုလောက်သာ သိရှိကြမှာပါ။ အခုတစ်ခေါက်တော့ စူပါဟီးရိုး ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က ပိုစတာဒီဇိုင်းနဲ့ အခြားဂရပ်ဖစ်ဓာတ်ပုံတွေကို ရေးဆွဲပြီး နာမည်ကျော်ကြားလာခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။

သူ့ရဲ့ လူသိထင်ရှားတဲ့ အနုပညာနာမည်ကတော့  Boss Logic ပေါ့။ လူမှုကွန်ရက်နေရာအနှံ့မှာ သူ့ရဲ့အကောင့်တွေရှိတယ်။ သူ ဆွဲခဲ့တဲ့ ပုံတွေကြောင့် လူငယ်ထုအကြားမှာ နာမည်ကြီးပါတယ်။ Google မှာ Bosslogic လို့ ရိုက်နှိပ်လိုက်တာနဲ့  ဓာတ်ပုံနေရာမှာ သူ ဖန်တီးထားတဲ့ ရုပ်ရှင်ကားပိုစတာတွေကို တွေ့ရပါလိမ့်မယ်။ တချို့ကတော့ ဟာသအဖြစ် ရေးဆွဲထားခဲ့တဲ့ ရုပ်ရှင်ပိုစတာတွေ ဖြစ်ပါတယ်။ ဘယ်လို ဟာသအဖြစ်လဲဆိုတော့ လူသတ်ကြမ်းတဲ့ John Wick ဇာတ်ကောင်ကို အကြမ်းဖက်မှုတွေချည်းရိုက်လေ့ရှိတဲ့ ဒါရိုက်တာကြီးတာရန်တီနိုရဲ့ Kill Ball ရုပ်ရှင်ပိုစတာမှာ အစားထိုးပြီး ရေးဆွဲလိုက်တာမျိုးတွေပါပဲ။

 

 

View this post on Instagram

 

Brought to you by the internet (specifically twitter) #johnwick #killbillandted

A post shared by Bosslogic (@bosslogic) on

နောက် သူ ဆွဲထားတဲ့ တစ်ခုကတော့ Joker နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Joaquin Phoenix က Joker ရုပ်ရှင်နဲ့ ထူးချွန်ဆုရတဲ့အခါမှာ သူ့ရှေ့က Joker အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Heath Ledger ကို ကျေးဇူးတင်တယ်။သူ့ ပခုံးပေါ်မှာ ရပ်တည်နေနိုင်ခဲ့တယ်လို့ ချီးကျုးစကားကို ကိုးကားပြီး Heath Ledger ရဲ့ Joker ပခုံးပေါ်မှာ Joaquin Phoenix က မတ်တပ်ရပ်ပြီး မိန့်ခွန်းပြောတဲ့ ပုံမျိုးပါ။

 

View this post on Instagram

 

“I am here standing on the shoulders of my favorite actor: Heath Ledger. So thank you and good night” #JoaquinPhoenix @jokermovie

A post shared by Bosslogic (@bosslogic) on

 

View this post on Instagram

 

“I started a joke but that joke was a quote”

A post shared by Bosslogic (@bosslogic) on

Bosslogic ဆိုတာ ကုမ္ပဏီတစ်ခုရဲ့ နာမည်ပါ။ အခုအချိန်မှာဆိုရင် Bosslogic ဟာ အနုပညာအလုပ်တွေလုပ်တဲ့ ကုမ္ပဏီတစ်ခုထက် ဘရန်းတစ်ခုအဖြစ် လူပိုသိလာခဲ့ပါတယ်။ Bosslogic က ရေးတဲ့ ပိုစတာ၊ Bosslogic လုပ်တဲ့ ဓာတ်ပုံစသဖြင့် သူ့အတွက် နေရာတစ်နေရာ ရလာခဲ့ပါတယ်။ ကုမ္ပဏီမှာ သူ အပါအဝင် ဓာတ်ပုံဆရာနှစ်ယောက်ရှိပါတယ်။ တစ်ယောက်ကတော့ သြစတေးလျနိုင်ငံမှာနေထိုင်ပြီးတစ်ယောက်က ဖလော်ရီဒါမှာ နေထိုင်ပါတယ်။ 

Bosslogic ရဲ့ နောက်ကွယ်က အဓိကလူရဲ့ နာမည်အရင်းကတော့ Kode Abdo ပါ။သူက သူ တတ်ကျွမ်းတဲ့ ဂရမ်ဖစ်ပုံဆွဲပြီး သူ ကြိုက်တဲ့ ရုပ်ရှင်ကားပိုစတာတွေ၊ စူပါဟီးရိုးပုံတွေကို ပြုပြင်ပြီး fan artist လို့ အမည်တပ်ခံရသူပါ။ သြစတေးလျနိုင်ငံ၊  Melbourne အခြေစိုက် နေထိုင်သူဖြစ်ပါတယ်။ သြစတေးလျနိုင်ငံမှာ နေထိုင်သူ တစ်ယောက်ဆိုပေမယ့်လည်း သူ့ရဲ့ ဇာတိမွေးရပ်မြေကတော့ ဆီးရီိးယားနိုင်ငံပါ။ သူ အသက် (၂) နှစ်အရွယ်မှာပဲ သြစတေးလျနိုင်ငံကို ပြောင်းရွေ့လာခဲ့ရပါတယ်။

သူရဲ့ ဘဝဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ငယ်စဉ်ကတည်းက ပုံဆွဲခြင်းကို ဝါသနာပါခဲ့ပြီး ကျောင်းစာအုပ်တွေ နေရာအနှံ့မှာ ရုပ်ပုံတွေ ရေးဆွဲခဲ့သူတစ်ယောက်ပါ။ ဒီလို ပုံဆွဲဖို့ကိုပဲ စိတ်အားထက်သန်ခဲ့တဲ့ သူ့အတွက်ကတော့ ကျောင်းစာသင်ခန်းတွေဆိုတာ ပျင်းရိစရာကောင်းပြီး စာမလိုက်နိုင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

 

View this post on Instagram

 

The latest @spacex launch was spectacular @Cristiano

A post shared by Bosslogic (@bosslogic) on

ဒီလို ပုံဆွဲဖို့ကိုပဲ အချိန်နဲ့အမျှ စိတ်ရောက်နေတဲ့ သူ့အတွက် ကံကောင်းခြင်းတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ အနီးနားမှာ ရှိတဲ့ သူငယ်ချင်းတစ်ယောက်က Photoshop ဆော့ဖ်ဝဲကို သူ့ကို ပြသလိုက်ခြင်းပါပဲ။ Photoshop ဆော့ဖ်ဝဲကို သူ တွေ့ရှိသွားပြီးနောက်မှာတော့ အရာအားလုံးက သူ့အတွက် ပြောင်းလဲသွားခဲ့ပါပြီ။ အရင်လို စာရွက်ပေါ်မှာ ပုံတွေဆွဲနေတဲ့ ဘဝကနေ ကွန်ပျုတာမှန်သားပြင်ပေါ်မှာ သူကြိုက်တဲ့ ပုံမှန်သမျှကို ရေးဆွဲခဲ့ပါတော့တယ်။

သူဟာ အမြဲတမ်း တစ်စုံတစ်ခုကို အသစ်ဖန်တီးဖို့ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လက်ရာတွေက တစ်နှစ်ပြီး တစ်နှစ်ပိုကောင်းလာခဲ့ပါတယ်။ ဘာလို့ ဒီလိုပိုကောင်းသလဲဆိုတာကိုတော့ သူ ကိုယ်တိုင် အခုလိုပြောခဲ့ပါတယ်။

“ Evolution တစ်ခုဆိုတာ Artist တစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုပါ။ အနုပညာတစ်ခုကို ဖန်တီးတာနှစ်ကြာလေလေ၊ ပိုလေ့လာမှုအားကောင်းလေလေ၊ ပိုကောင်းတဲ့ ပုံတွေကို ရေးဆွဲလာလေလေပါပဲ။ ကျနော်က ကျနော့်ပုံတွေကို ကြည့်လိုက်တာနဲ့ ဒါ Bosslogicရဲ့ လက်ရာပဲဆိုပြီး မြင်လာနိုင်တဲ့အထိ အဲဒီလို အမှတ်သင်္ကေတမျိုးကို ကျနော် လိုချင်ပါတယ်။ ဒါကြောင့် ကျနော် အချိန်နဲ့အမျှ ကြိုးစားပါတယ်။ အနုပညာက အမြဲတမ်းပြောင်းလဲနေတယ်ဗျာ။ ဂီတလိုပေါ့”

ဒီဇိုင်းနာတိုင်းလိုလို ကြုံတွေ့ရမယ့်အရာတစ်ခုဖြစ်တဲ့ ကိုယ်လုပ်နေတဲ့ အလုပ်အေပေါ် ငြီးငွေ့လာတာ၊ အချိန်ကြာလာတာနဲ့အမျှ ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်မှုပျောက်ဆုံးလာတာ၊ ကိုယ့်ရဲ့ လက်ရာက မလတ်ဆတ်ဖူးလို့ ခံစားလာရတာကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲလို့ Bosslogic ကို မေးမြန်းရာမှာတော့

“ဒီလိုဖြစ်ရပ်မျိုးဟာ ရှောင်လွဲသွားလို့မရနိုင်တဲ့ ဖြစ်ရပ်မျိုးဗျ။ ကျနော်တော့ အချက် ၃ ချက်နဲ့ အဲဒီအဆင့်တွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အဲဒီအချက် (၃)ချက်ကတော့ 

– ဖတ်စရာတစ်ခုခုကို  ရှာဖွေရမယ်။ ကိုယ့်ရဲ့ စိတ်ကူးယဉ်မှုကိုဆီဖြည့်ပေးမယ့် အကောင်းဆုံးအရာပေါ့။ ဥပမာပြောရရင် ကျနော် နောက်ဆုံးဖတ်ခဲ့တဲ့ စာအုပ်က ဒဏ္ဍာရီစွယ်စုံကျမ်းပဲ။ ဘာကြောင့်ဖတ်ဖြစ်သလဲဆိုတော့ ကျနော်က Marvel နဲ့ DC တို့က စူပါဟီးရိုးတွေရဲ့ မူလလာရာလမ်းကြောင်းဖြစ်တဲ့ ဇာစ်မြစ်ကို သိချင်လို့ပဲ။ ကျနော်ဖတ်ပြီးသွားချိန်မှာတော့ ကျနော့်ခေါင်းထဲမှာ ပုံနဲ့ ပတ်သက်လို့ concept တွေ၊ ပုံတွေ ပြည့်နှက်ပြီး စီးဆင်းသွားတယ်။ ရလဒ်ကတော့ အဲဒါပါပဲ။

READ
သင့်အနေနဲ့ စားသင့် မစားသင့် ဒွိဟဖြစ်သွားရမယ့် ဒီဇိုင်းအဆန်း ကိတ်မုန့်များ

– ရှိပြီးသားလက်ရာတစ်ခုကို အသစ်ပြန်ရေးပါ။ ကိုယ်အရင်တုန်းက ရေးထားခဲ့တဲ့ လက်ရာတွေရှိကြမှာပဲ။ အဲဒါတွေကို အခုအချိန်မှာ ပြန်ထုတ်ပြီး ရေးခြင်းအားဖြင့်တော့ ကိုယ်ဘယ်လောက်တိုးတက်လာသလဲဆိုတာ သိနိုင်တယ်။ ဒီလို ပြန်ရေးခြင်းကြောင့်လည်း ကိုယ် skill ယ်လောက်အထိ တိုးတက်လာတယ်၊အရင်တုန်းကနဲ့ ဘာတွေ ကွာသွားလဲဆိုတာ သိနိုင်တယ်။

– ပတ်ဝန်းကျင်ကို ကြည့်ရှု့ပါ။ အသက်ရှူပါ။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေဆီ ခရီးထွက်ပါ။ လူသစ်တွေနဲ့ ထိတွေ့ဆက်ဆံပါ။ ပန်းချီပြခန်းတွေကို သွားပါ။ Comicတွေ၊ မဂ္ဂဇင်းတွေကို ဖတ်ပါ။ ဓာတ်ပုံရိုက်ပါ။ ကိုယ့်စိတ်ကို relax လုပ်နိုင်တဲ့ အရာအားလုံးကို လုပ်ပါ။ အဲဒါတွေက ကိုယ့်စိတ်ထဲမှာ ပိတ်မိနေတဲ့ တီထွင်ဖန်တီးမှုတွေကို ဖွင်ပေ့းနိုင်ပါတယ်။

 

သူဟာ အစတုန်းကတော့ ရုပ်ရှင်ဇာတ်ကားတွေရဲ့ ပိုစတာတွေကို ပရိသတ်တစ်ယောက်အဖြစ် ရေးဆွဲခဲ့သူတစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော သူ့ကို ရုပ်ရှင်ကုမ္ပဏီပေါင်းများစွာက Official Poster တွေ လုပ်ဖို့အထိ ကမ်းလှမ်းခံခဲ့ရသူပါ။ Marvel ရဲ့Avengers: Endgame ပိုစတာတစ်ခုကို သူ ရေးဆွဲခဲ့ပါတယ်။

READ
နေ့စဉ်သုံး အိမ်ပစ္စည်းတွေကို အာကာယာဉ်အဖြစ်ပြောင်းလဲနေတဲ့ ဒီဂျစ်တယ် အနုပညာရှင်

 

 

View this post on Instagram

 

‘Calm before the storm’ Bosslogic X @rikognition #wonderwoman @gal_gadot @wonderwomanfilm #ww84 @dccomics

A post shared by Bosslogic (@bosslogic) on

လက်ရှိမှာလည်း Boss Logic ဟာ DC Comic က ထုတ်လုပ်တဲ့ Wonder Woman Comic စာအုပ်ရဲ့ Issue(750) မြောက်မှာ မျက်နှာဖုံးကာဗာ ရေးဆွဲပေးထားတယ်လို့ သိရပါတယ်။

 

Ye Yint Kyaw

SHARE