တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ ပတ်သက်လို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်များ

တရုတ်နှစ်သစ်ကူး (Spring Festival) ဟာ တရုတ်နိုင်ငံတစ်နိုင်ငံထဲအတွက် တင်မကပဲ အာရှက အခြားနိုင်ငံတွေ အတွက်ပါ အဓိက နှစ်သစ်ကူးပိတ်ရက် ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ အရေးပါပြီး ပေါ်ပြူလာဖြစ်လွန်းတဲ့ နှစ်သစ်ကူးအားလပ်ရက်တွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Giant

နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးနေ့တွေ ပြောင်းလဲလေ့ရှိပါတယ်

တရုတ်နှစ်သစ်ကူးရက်ဟာ တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ များသောအားဖြင့် ဇန်န၀ါရီ(၂၁) ရက်ကနေ ဖေဖော်ဝါရီ(၂၀) ရက်ကြားထဲ ကျရောက်လေ့ရှိပါတယ်။ (၂၀၁၉) ခုနှစ်အတွက် တရုတ်နှစ်သစ်ကူးကတော့ ဖေဖော်ဝါရီလ(၅) ရက် အင်္ဂါနေ့ ဖြစ်ပါတယ်။

Spring Festival လို့လည်း ခေါ်လေ့ရှိပါတယ်

တရုတ်လူမျိုးတွေဟာ နှစ်သစ်ကူးပွဲတော်ကို နှစ်ဦးရာသီပွဲတော်လို့လည်း ခေါ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖေဖော်ဝါရီ (၄-၁၈) ရက်အထိဟာ ရိုးရာနေပြက္ခဒိန်မှာဆိုရင် နှစ်ဦးရာသီအစပွဲတော် ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးဟာ တိရစ္ဆာန်အကောင်တစ်ကောင်နဲ့ စတင်လေ့ရှိပါတယ်

တရုတ်ရိုးရာရာသီခွင်မှာ တိရစ္ဆာန်(၁၂) ကောင်ရှိပါတယ်။ ကြွက်နှစ်၊ နွားနှစ်၊ ကျားနှစ်၊ ယုန်နှစ် စသဖြင့်ပါ။ (၂၀၁၉) ခုနှစ်ဟာ ၀က်နှစ်ဖြစ်ပါတယ်။ တိရစ္ဆာန်ရာသီခွင်ကိုတော့ မွေးနှစ်နဲ့ တိုက်ပြီး ဆုံးဖြတ်ပါတယ်။

READ
အဆိုးမြင်တဲ့၊ အပြုသဘောမဆောင်တဲ့ အတွေးတွေကို ဘယ်လိုမောင်းထုတ်ရမလဲ ?
Chinese Fortune Calendar

တရုတ်နှစ်သစ်ကူးပွဲတော်ကို ဆီမီးထွန်းပွဲတော်ထိ (၁၆) ရက်တိုင်တိုင် ကျင်းပပါတယ်

ပထမဆုံး လရဲ့ (၁၅) ရက်မြောက် ညနေမှာ (၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၁၉) လပြည့်ညမှာဆိုရင် မိသားစုတွေဟာ ညစာအတူစားကြပါတယ်။ အပြင်ထွက်ပြီး မီးပန်းတွေကို ကြည့်ရှုတဲ့အပြင် ဆီမီးတွေလည်း ထွန်းညှိကြပါတယ်။

အနီရောင်စာအိတ်တွေကို လဲလှယ်ကြတယ်

တရုတ်လူမျိုးတွေဟာ အနီရောင်ကို နှစ်သက်ကြပါတယ်။ အနီရောင်စာအိတ်တွေပေးတယ်ဆိုတာ ကံကောင်းစေအောင် ဆုမွန်ကောင်းတောင်းပေးတာဖြစ်ပါတယ်။ အထူးသဖြင့် အနီရောင်စာအိတ်တွေကို လူကြီးတွေကနေ လူငယ်တွေဆီ ပေးကြပါတယ်။ သူဌေးတွေကနေ အလုပ်သမားတွေဆီ၊ အကြီးအကဲတွေကနေ လက်အောက်ငယ်သားတွေဆီ ပေးကမ်းကြပါတယ်။

Deavita.net

ကမ္ဘာ့လူဦးရေ ၄ပုံ၁ပုံက ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်

(၂၀၁၉) ခုနှစ် နှစ်ဦးရာသီမှာတော့ ကမ္ဘာ့လူဦးရေဟာ (၇.၇) ဘီလီယံရှိပါလိမ့်မယ်။ (၂) ဘီလီယံကျော်ဟာ တရုတ်နှစ်ကူးပွဲတော်ကို ကျင်းပကြမှာ ဖြစ်ပါတယ်။

READ
အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ လူသိနည်းသေးတဲ့အကြောင်း (၅)ခု

အယူသည်းမှုအချို့ရှိပါတယ်

တရုတ်နှစ်သစ်ကူးပွဲတော်အတွင်းမှာ အယူသည်းမှုအမျိုးမျိုး ရှိပါတယ်။ လနှစ်တစ်နှစ်တာရဲ့ ပထမဆုံးနေ့မှာ ခေါင်းလျှော်တာ၊ အ၀တ်လျှော်တာတွေကို ခွင့်မပြုပါဘူး။ ဒါ့အပြင် အိမ်ထဲဝင်လာမယ့်ကံကောင်းခြင်းတွေကို မဖယ်ရှားလိုတဲ့ သဘောနဲ့ တံမြက်လှည်းတာ၊ အမှိုက်ပစ်တာတွေကိုလည်း မလုပ်ကြပါဘူး။

 

လင်းလင်း (ShweMom)

Ref: chinahighlights

SHARE