အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘက်စုံထူးချွန်သူ ဆယ်ကျော်သက်မလေး Ella Gross

Instagram/EllaGross

ခေတ်တစ်ခုနဲ့တစ်ခုပြောင်းလာတိုင်း အခြေအနေတွေလဲပြောင်းလဲလာတက်ပါတယ်၊ တစ်ချိန်တုံးက အသက်ကြီးတဲ့လူကြီးတွေပဲ လုပ်နိုင်မယ်ထင်ခဲ့တာတွေကလဲ အခုချိန်မှာတော့ ကလေးတွေပါ လူကြီးတွေနောက်လိုက်လာကြပါပြီ။ အသက် ၁၁ နှစ်အရွယ် Ella Gross ကတော့ အကုန်လုံးရဲ့ အသဲစွဲဖြစ်တဲ့ Jennie အငယ်စားလေးလို့ တင်စားရလောက်အောင် ချစ်ဖို့ကောင်းပြီး ထူးချွန်သူတစ်ယောက်လဲ ဖြစ်ပါတယ်။

1.အသက် ၁၁ နှစ်နဲ့ Brand Ambassador ဖြစ်နေပါပြီ

Ella Gross ဟာဆိုရင်ဖြင့် နာမည်ကြီး clothing brand တွေဖစ်တဲ့ Zara အပြင် Abercrombie နဲ့ Disney တို့ရဲ့ Child Brand Ambassador တစ်ယောက်လဲဖြစ်ပါတယ်။

https://www.instagram.com/p/Bl0glxLAc_K/?utm_source=ig_embed

2. Blackpink အဖွဲ့ရဲ့ Label ဖြစ်တဲ့ The Black Label Record ရဲ့ အသက်အငယ်ဆုံး စာချုပ်ချုပ်ဆိုထားသူ

Blackpink အဖွဲ့ရဲ့ Label ဖြစ်တဲ့ The Black Label Record နဲ့လဲ စာချုပ်ချုပ်ထားတဲ့ အဆိုကောင်းသူလေး တစ်ယောက်လဲဖြစ်ပါတယ်။2018 မှာစာချူပ်ချူပ်ခဲ့ပြီး The Black Label ရဲ့ တာဝန်ရှိသူ Teddy ကတော့ Ella မှာ ကောင်းမွန်တဲ့အသံရှိပြီး အဆိုတော် တစ်ယောက်ဖြစ်လာနိုင်မယ့်သူတစ်ယောက်ပါလို့ မှတ်ချက်ပေးခဲ့ပါတယ်။

3. Kristina Pimenova နဲ့ အခင်ဆုံးသူငယ်ချင်းတွေလဲဖြစ်ပါသေးတယ်

ကမ္ဘာ့အလှဆုံးထဲက တစ်ယောက်လို့ အသိအမှတ်ပြုခံထားရတဲ့ Russia မင်းသမီးငယ်လေး Kristina Pimenova နဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ Tik Tok တွေက လူကြိုက်များပြီး shooting တွေမှာလဲ တပူးပူးတတွဲတွဲ အမြဲတွေ့ရတက်ပါသေးတယ်။

4. Song Hye-Kyo လိုလို Jennie လိုလိုနဲ့ လူတွေရဲ့ စိတ်ဝင်စားခြင်းခံရသုလေး

READ
မြင့်မြတ်ရဲ့ မိသားစုဝင်အသစ်လေးကို သွားရောက်တွေ့ဆုံခဲ့တဲ့ ဆုမြတ်နိုးဦး

Instagram မှာFollowers 3.8 Million ရှိတဲ့ Ella Gross က Song Hye-kyo ရဲ့ငယ်ဘ၀ရုပ်နဲ့ဆင်တယ်ပြောကြပြီး တစ်ချို့ကတော့ Blackpink အဖွဲ့ဝင်ဖြစ်တဲ့ Jennie နဲ့ဆင်တယ်လို့လဲ အငြင်းပွားကြပါတယ်။

5. ကပြားမလး Ella Gross ရဲ့ မိသားစု

ကိုးရီးယားမိခင်နဲ့ အမေရိကန် ဖခင်တို့ရဲ့ သမီးကြီးဖြစ်ပြီး Romeo လို့ ခေါ်တဲ့မောင်ငယ်လေးတစ်ယောက်လဲ ရှိပါသေးတယ်။ အမေရိကန်မှာ ကြီးပြင်းလာတဲ့ ကပြားမောင်နှမဆိုလဲ မမှားပါဘူး။

6. Ella Gross  ရဲ့ သရုပ်ဆောင်လမ်းကြောင်းအစ

Netflix Series တစ်ခုဖြစ်တဲ့ Malibu Rescue မှာ သရုပ်ဆောင်ခဲ့ပြီး Ella ရဲ့ IMDb page မှာတော့ Star Trek: Picard,Heathers နဲ့ Teachers မှာလဲပါဝင်ခဲ့ကြောင်း ဖော်ပြထားပါသေးတယ်။

https://www.instagram.com/p/B8XYjNdhuMO/?utm_source=ig_embed

READ
Official Swimsuit ပုံတွေကို ဝေမျှလိုက်တဲ့ အလှမယ် ဆုမြတ်ဖူး

7. အနှပညာသွေးပြည့်ဝတဲ့ Ella Gross

ဘက်စုံထူးချွန်တဲ့ Ella ကတော့ မော်ဒယ်အလုပ်အပြင် သီချင်းဆို၊အက နဲ့ မြင်းစီးလဲ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပါတယ်။ပုံဆွဲလဲတော်ပြီးတော့ သူမရဲ့ Instagram မှာလဲ သူမ ဆွဲထားတဲ့ ပုံတွေ တင်လေ့ရှိပါတယ်။ Ella ရဲ့ အထူးချွန်ဆုံးကတော့ ဂစ်တာတီးတာဖြစ်ပြီး Dust In The Wind ဆိုတဲ့ သီချင်းတီးနေတဲ့ Video ကို မိခင်လုပ်သူက Insta-gram မှာ တင်ခဲ့ပါတယ်။

7. Active လဲဖြစ်ပြီး ကျန်းမာရေးလိုက်စားသူလေး

Quarantine ကာလတွေမှာလဲ Home Workout တွေလုပ်ခဲ့ပြီး မိခင်လုပ်သူကတော့ Ella က အရမ်းကို Active ဖြစ်တဲ့ ကလေးတစ်ယောက်လို့ပြောပြခဲ့ပါတယ်။ Ballet ကတဲ့အပြင် Mixed Martial Arts ကိုလဲ လေ့ကျင့်သူတစ်ယောက်လဲ ဖြစ်ပါတယ်။

https://www.instagram.com/p/Bug9GNuB9jU/?utm_source=ig_embed

8. အမေချစ်ပြီးအားကိုးရသူလေး

Ella က မိခင်လုပ်သူကိုလဲ မနက်တိုင်းကော်ဖီဖျော်ပေးနေကြ ဖြစ်ပြီးတော့ အမေ့အသည်းကျော် သမီးလိမ္မာလေး တစ်ယောက်လဲဖြစ်ပါတယ်။ သူမရဲ့ ခွေးလေးဖြစ်တဲ့ Cooper ကိုလဲ တာဝန်ယူ စောင့်ရှောက်ထားပြီး အသက်အရွယ်နဲ့အညီ လိမ္မာသူလေးလဲ ဖြစ်ပါတယ်။

TPS

SHARE