လတ်တလော ရေးပန်းစားနေတဲ့ FaceApp ရဲ့ လူသိပ်မသိသေးတဲ့ အကြောင်းအရာများ

FaceApp

လက်ရှိအသက်အရွယ်ရဲ့ ဓာတ်ပုံကနေ နောက်အသက်ကြီးလာရင် ဖြစ်လာမယ်လို့ ယူဆရတဲ့ပုံကို ပြောင်းလဲပေးတဲ့ FaceApp ကို အားလုံးသိကြမယ်ထင်ပါတယ်။ အနည်းဆုံးတော့ သင့်ရဲ့ သူငယ်ချင်းတယောက်က ဒီ FaceApp ကို သုံးပြီး အသက်ကြီးလာတဲ့သူရဲ့ပုံကို Facebook မှာတင်ထားတာကို တွေ့ပြီးကြပြီမလား။ သင်ကိုယ်တိုင်ကော ဒီ FaceApp ကို သုံးနေပြီလား။ App ကို download လုပ်ပြီး သုံးနေသူဖြစ်စေ… download လုပ်ဖို့ တွေးနေသူဖြစ်စေ အောက်က စာကိုတော့ ဆက်ပြီး ဖတ်ကြည့်စေချင်ပါတယ်။

FaceApp

ရုရှား IT ကုမဏီတခုက ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ FaceApp ကို လက်ရှိအချိန်မှာ Google Playstore ပေါ်ကနေ download ရယူမှုပေါင်း အကြိမ် သန်း(၁၀၀)ကျော်သွားပြီဖြစ်သလို၊ iOS ရဲ့ App Store မှာလည်း နိုင်ငံပေါင်း ၁၂၁ နိုင်ငံမှာ ထိပ်ဆုံး App စာရင်းဝင်နေပါပြီ။ ဒါပေမဲ့ အသုံးပြုသူအတော်များများဟာ download လုပ်၊ install လုပ်ပြီး ဓာတ်ပုံပြောင်းဖို့၊ တင်ဖို့သာ စိတ်ဝင်စားနေတာမလို့ FaceApp ရဲ့ terms of service ကို သေချာမဖတ်ကြတော့ ပါဘူး။

FaceApp

FaceApp ရဲ့ terms of service မှာ အသုံးပြုသူတွေ သေချာဖတ်ကြည့်မယ်ဆိုရင် အတော်လန့်စရာကောင်းတဲ့ အချက်တချက်ပါဝင်နေပါတယ်။ အကျဉ်းချုပ်အားဖြင့်ကတော့ FaceApp အတွက် သင်အသုံးပြုဖို့ရွေးချယ်လိုက်တဲ့ ဓာတ်ပုံကို FaceApp က လုံးဝဥဿုန် ပိုင်ဆိုင်ပြီး စိတ်ကြိုက်အသုံးပြုခွင့်ရသွားပြီ ဆိုတာပါပဲ။ ဒါ့အပြင် သင့်ရဲ့ username နဲ့ location ကိုပါ public အနေနဲ့ ဖော်ပြခွင့်ကိုပါ ရရှိသွားပါသတဲ့။

ကုမဏီဘက်ကတော့ အသုံးပြုဖို့ရွေးလိုက်တဲ့ ပုံတွေကို cloud ထဲမှာ သိမ်းထားမှာဖြစ်တယ်လို့တော့ အတည်ပြုထား ပါတယ်။ ဓာတ်ပုံတပုံတည်းဖြစ်တာကြောင့် စိုးရိမ်စရာမရှိဘူးလို့ ဆိုချင်သူတွေအတွက် တကယ်လို့များ သင့်ရဲ့ ဓာတ် ပုံနဲ့ သင်ကိုယ်တိုင်တောင် မသိလိုက်ဘဲ ရုရှားနိုင်ငံမှာ ကြော်ငြာပိုစတာတခု ထုတ်ခံခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် နည်းပညာ ဆိုင်ရာ Facial Recognition စမ်းသပ်မှုတွေမှာ အသုံးချခံခဲ့ရမယ်ဆိုရင် ……

KYM

READ
သစ်ပင်ကို ခုတ်လိုက်ရင် သွေးထွက်တယ်ဆိုတဲ့ နဂါးသစ်ပင်ရှိရာသီးခြားကမ္ဘာလေး

Ref : The Verge , Forbes

SHARE