ဟောလိဝုဒ်မင်းသား James McAvoy နဲ့ ပတ်သတ်ပြီး လူသိနည်းသေးတဲ့ အချက်(၇)ချက်

Instagram/JAMESMCAVOYREALDEAL

ဒီဘက်နောက်ပိုင်း ဟောလိဝုဒ်ရဲ့ ငွေရောင်ပိတ်ကားပေါ်မှာ မြင်တွေ့ရတဲ့ အကြိမ်ရေစိတ်လာတာသူကတော့ စကော့တလန်နိုင်ငံသား James McAvoy ပါ။ အရင်ကတော့ လူငယ်ကြိုက်ရုပ်ရှင်တွေပဲ ရိုက်လေ့ရှိတဲ့ McAvoy ဟာ အခုဆိုရင် နာမည်ရ ရုပ်ရှင်တော်တော်များများမှာ ပါဝင်သရုပ်ဆောင်လာပါတယ်။ X-Men စီးရီးထဲမှာဆိုရင်လည်း Professor X နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ McAvoy ကို လူတွေ သိလာကြတာကတော့  ၂၀၀၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ နာနီရာ ရုပ်ရှင်စီးရီးထဲက The Chronicles of Narnia: The Lion, the Witch and the Wardrobe ရုပ်ရှင်ထဲကပါ။ ဒီနောက်မှာတော့ အော်စကာဆုရ ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ ယူဂန်ဒါနိုင်ငံက စစ်အာဏာရှင် အာဒင်အာမင်အကြောင်းကို ရိုက်ကူးထားတဲ့ The Last King of Scotland၊ စာရေးဆရာမ ဂျိမ်းစ်အော်စတင်ရဲ့ အကြောင်းဖြစ်တဲ့ Becoming Jane၊ မင်းသမီးအင်ဂျလီနာဂျိုလီနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကား Wanted တို့မှာ  James McAvoy ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

သင် လုံးဝ သိသေးမှာ မဟုတ်တဲ့  James McAvoy ရဲ့ အကြောင်းပါ။

Imdb/Split

၁- Split အတွက် ပထမဆုံး အရွေးချယ်ခံရသူ မဟုတ်ပါ

McAvoy ဟာ Split ရုပ်ရှင်ကားမှာ Kevin Wendell Crumb အဖြစ် သရုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် သူက အဲဒီနေရာမှာ သရုပ်ဆောင်ဖို့ လျာထားခြင်းခံရတဲ့သူ မဟုတ်ပါဘူး။ ဒါရိုက်တာ r M. Night Shyamala ဟာ Kevin Wendell Crumb  နေရာမှာ Joker မင်းသား Joaquin Phoenix ကို သရုပ်ဆောင်ဖို့ အရင်ကမ်းလှမ်းခဲ့တာပါ။ Joaquin Phoenix က ငြင်းဆန်လိုက်လို့ James McAvoy က အဲဒီနေရာမှာ သရုပ်ဆောင်ခဲ့ခြင်းပါ။

၂ – ပေါင်မုန့်ဆိုင်မှာ အလုပ်,လုပ်ခဲ့

သူဟာ ဆယ်ကျော်သက်အရွယ်မှာ Sainsbury’s Bakery လို့ အမည်ရတဲ့ ပေါင်မုန့်ဆိုင်မှာ အလုပ်လုပ်ခဲ့ပါတယ်။ သူ Royal Conservatoire of Scotland  မှာ ကျောင်းတက်နေစဉ်တုန်းကလည်း ကျောင်းလခအတွက် ပေါင်မုန့်ဆိုင်မှာ မနက်နက်ထသွားပြီး အလုပ်လုပ်ခဲ့တာပါ။

၃ – အသက် ၃၀ မှာမှ ယာဉ်မောင်းလိုင်စင်ရ

READ
ချစ်သူနဲ့လမ်းခွဲပြီးနောက် ပိုပြီးတော့ လှလာတဲ့ ညီညီမောင်

သူဟာ အသက် ၃၀ မတိုင်မီအထိ ယာဉ်မောင်းလိုင်စင်မရှိပါဘူး။ ဒါပေမယ့်လည်း ရုပ်ရှင်ကားတော်တော်များများ ကားမောင်းရတဲ့ အခန်းတွေကို သူ ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒီအကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

“Shameless ထဲမှာ ကျနော် ကားမောင်းရတဲ့ အခန်းတစ်ခန်းပါတယ်။ ပြီးတော့ ဘယ်သူမှ ကျနော့်ကို မင်းမှာ ယာဉ်မောင်းလိုင်စင်ရှိသလားလို့ မမေးဘူးလေ။ အဲဒီ ရုပ်ရှင်ရိုက်ပြီး နောက်ထပ် (၆)နှစ်လောက်နေမှ ကျနော် ယာဉ်မောင်းလိုင်စင်ရတာပါ” လို့ ဆိုပါတယ်။

Imdb/Shameless

၎ – စတော့တလန်လေသံကို သိပ်အသုံးမပြုသူ

McAvoy ဟာ စတော့တလန်နိုင်ငံသားတစ်ယောက်ဖြစ်ပေမယ့် စတော့တလန်လေသံကို သိပ်အသုံးမပြုပါဘူး။ ရုပ်ရှင်ရိုက်တဲ့ နေရာမှာလည်း အမေရိကန်အသံထွက်၊ ဗြိတိန်အသံထွက်တို့ကို ပီပြင်အောင် လေ့ကျင့်ယူခဲ့ရပါတယ်။ သူဟာ သူ့မိခင် ဘာသာစကားအလိုက်ပြောရတဲ့ လေသံကို ရှားရှားပါးပါး အသုံးပြုပြီး ရိုက်တဲ့ ရုပ်ရှင်ကားက လေးကားပဲရှိပါတယ်။

၅ – မင်းသားကြီး David Hayman ဆီကနေ ပညာယူခဲ့

McAvoy ရဲ့ အထက်တန်းကျောင်း အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာကတော့ မင်းသားကြီး David Hayman ဖြစ်ပါတယ်။ ဒါ့အပြင် David Hayman  က သူနဲ့ အိမ်နီးနားချင်းတစ်ယောက်ပါ။ McAvoy ရဲ့ ရုပ်ရှင်ရိုက်ကူးဖို့ သရုပ်ဆောင်ပုံဆောင်နည်းတွေ၊ စကားအပြောအဆို ပုံဆက်ဆံနည်းတွေက အစ David Hayman က သင်ကြားပေးခဲ့တာပါ။ ဒါ့အပြင် David Hayman ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တဲ့  The Near Room ဆိုတဲ့ ရုပ်ရှင်ကားမှာလည်း စတင်ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီအကြောင်းကို McAvoy က အခုလို ပြောခဲ့ပါတယ်။ The Near Room ရုပ်ရှင်ရိုက်ကွင်းက အကြောင်းပါ။

“ ရုတ်တရက်ဆိုသလိုပဲ။ ကျနော် သူတို့နာမည်ကို အော်ခေါ်နေတာ၊ သီချင်းတွေဆိုနေတာ၊ အဖွဲ့လိုက်ကနေတာတွေကို မရှက်မကြောက် ပြုလုပ်နတဲ့ လူအုပ်ကြီးထဲမှာ ကျနော်ရောက်သွားခဲ့တယ်။ ကျနော် အနိုင်ကျင့်တာခံရမှာ၊ သူတို့နဲ့မတူဘဲ ကွားပြားခြားနားနေမှာတွေကို ကျနော် အကြောက်အလန့်မရှိတော့ဘူး”လို့ ဆိုပါတယ်။

 

 

View this post on Instagram

 

Bills coming back. Sept 6th. #itchapter2

A post shared by James Mcavoy (@jamesmcavoyrealdeal) on

၆ – ဗီဒီယိုဂိမ်းတစ်ခုကြောင့် ရုပ်ရှင်ရိုက်ခြင်း ပျက်မလိုဖြစ်ဖူးခဲ့

READ
သားမှားသွားပါပြီလို့ မိခင်ကို နောင်တတွေနဲ့ တောင်းပန်လိုက်တဲ့ အိစိကွေး

McAvoy ဟာ အချစ်ဒရမ်မာရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Becoming Jane မှာ Tom Lefroy အဖြစ် သရုပ်ဆောင်ရတာပါ။ ရုပ်ရှင်ကို အိုင်ယာလန်နိုင်ငံတစ်ဝိုက်မှာ ရိုက်ကူးထားတာပါ။ အဲဒီမှာပဲ McAvoy ရဲ့ သူငယ်ချင်းဖြစ်သူက သူ့ကို Xbox တစ်လုံး လက်ဆောင်လာပေးပါတယ်။ သူ့အတ်ွက ဆော့စရာ အရုပ်တစ်ခု ရလိုက်သလိုပါပဲ။ ဗီဒီယိုဂိမ်းကို အလွန်အကျွံဆော့နေလို့ သူ ရိုက်ရမယ့် ရုပ်ရှင်ရဲ့ စာသားတွေ၊ အခန်းတွေကို မေ့မလို ဖြစ်ခဲ့ဖူးပါတယ်။  “ကျနော် The Elder Scrolls IV: Oblivion ကို (၃)ရက်လောက် ဆက်တိုက်ဆော့တယ်ဗျာ။ နေ့ခင်းမှာ (၁၆) နာရီလောက် ရုပ်ရှင်ရိုက်ရတယ်။ ကျန်တဲ့ အချိန်တွေက ကျနော် ဂိမ်းပဲ ထိုင်ဆော့နေဖြစ်တယ်”လို့ဆိုပါတယ်။

ဒီနောက်မှာတော့ လက်ဆောင်ရတဲ့ Xbox ကို မီးရှို့လိုက်ပါသတဲ့။

၇ – ရုပ်ရှင်ရိုက်ကွင်းမှာ ဒဏ်ရာများစွာ ရခဲ့ဖူးခဲ့

McAvoy ဟာ သူ့ရဲ့ မှတ်ကျောက်တစ်ခုလို့ ပြောလို့ရတဲ့ Wanted မှာ သရုပ်ဆောင်ခဲ့စဉ်တုန်းက ဒဏ်ရာတွေ တော်တော်များများ ရခဲ့တာပါ။ ဇာတ်ကြမ်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Wanted မှာ ရိုက်ကွင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို လူစားမထိုးဘဲ သူကိုယ်တိုင် သရုပ်ဆောင်ခဲ့တာပါ။” ခြေချင်းဝတ်လိမ်သွားတယ်ဗျာ။ ဒူးဒေါင်းပြဲသွားတယ်ဗျာ။ ဒဏ်ရာတွေ အများကြီးရခဲ့တယ်”လို့ ပြောပါတယ်။ နားရွက်ထိခိုက်မှုတွေတောင်ရှိလို့ ကုသမှုတွေလည်း လုပ်ခဲ့ရတယ်လို့သိရပါတယ်။

Ye Yint Kyaw

SHARE