ညစ်ညမ်းကားတွေ ရိုက်ရတဲ့ ဘ၀ကနေ ကြိုးစားရုန်းထွက်နိုင်ခဲ့တဲ့ Jo Yeo Jeong

Image:IG/Jo Yeo Jeong

အောင်မြင်မှု ဆိုတာ  တစ်ချို့ လူတွေ အတွက် တော့ လွယ်ပါတယ်။ဒါပေမယ့် တစ်ချို့ လူတွေ အတွက် တော့ အောင်မြင်မှု ဆိုတာ လွယ်လွယ်နဲ့ ရောက်မလာပဲ သူများထက် ပိုပြီး အခက်အခဲတွေ နဲ့ ရင်ဆိုင်ရုန်းကန် ရပြီး မှ ရ တဲ့ သူမျိုး တွေ ရှိပါတယ်။အောင်မြင်မှုကို လွယ်လွယ်နဲ့ မရ ပဲ သူများထက်ပိုပြီး အချိန်ကြာမြင့်စွာရုန်းကန် ကြိုးစား ခဲ့ ပြီးမှ ရတဲ့  လူတွေထဲမှာ Jo Yeo Jeong ကလည်း တစ်ယောက်အ ပါအ၀င်ပါ။ညစ်ညမ်းကားတွေရိုက်ပြီးမှ အောင်မြင်ခဲ့တဲ့ မင်းသမီးတွေ ထဲမှာ သူမကလည်း တစ်ယောက် အပါအ၀င်ပါ။Cho Yeo-jeong  က တော့ လက်ရှိမှာ အရမ်းကို နာမည်ကြီးနေတဲ့ “Parasite” ဆိုတဲ့ ဇာတ်ကားထဲက မင်းသမီးပါ။သူမကတော့ (၁၉၈၁)ခု နှစ် ဖေ ဖော်ဝါရီ (၁၀) ရက်နေ့က မွေးခဲ့တာပါ။ဆိုးလ်မှာပဲ မွေးတဲ့ ဆိုးလ် မြို့ သူပါ။

 

View this post on Instagram

 

#theoscars2020 #parasite

A post shared by 조여정 Cho Yeo Jeong (@lightyears81) on

အနုပညာဘ၀ ၀င်ရောက်ခဲ့ပုံ

Image:IG/Jo Yeo Jeong

(၁၉၉၇)ခုနှစ် သူမရဲ့ အသက် (၁၆)နှစ်မှာ အနုပညာ လောကထဲ စ၀င်ခဲ့တာပါ။CeCi Magazine ရဲ့ Cover မှာ မော်ဒယ် အဖြစ် ပါဝင် ပေးခဲ့တာပါ။

ကြိုးစားပေမယ့် မအောင်မြင်ခဲ့

Image:IG/Jo Yeo Jeong

အဲ့ဒီ နောက်ပိုင်း (၁၉၉၉)မှာတော့ အနုပညာ အလုပ်တွေကို လုပ် ခဲ့ပါတယ်။ဒရမ်မာစီးရီးတွေ၊MV တွေနဲ့ TV ကြော်ငြာတွေ  မှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့်လည်း အောင်မြင်တဲ့ မင်းသမီး တစ်ယောက် ဖြစ်မလာခဲ့ပါဘူး။အဲ့ဒီ အချိန် တွေ က သူမ အတွက် စိတ် အညစ်ရဆုံး အချိန် တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ဘောင်ကန့် ထားတဲ့ ဇာတ်ကောင် မျိုးတွေ မှာပဲ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

ညစ်ညမ်းကားတွေ ရိုက်ကူးခဲ့

Image:IG/Jo Yeo Jeong

ကြိုးစားနေပေမယ့် အောင်မြင်မှုနဲ့ ဝေး နေတဲ့ အတွက် သူမက နောက်ဆုံးမှာ ညစ်ညမ်းကားတွေ ရိုက်ဖို့ ဆုံးဖြတ် လိုက်ပုံရပါတယ်။လူမသိသူမသိ ဖြစ်နေရတဲ့ ဘ၀ ကနေ (၁၈)နှစ်အောက် တွေ မကြည့်သင့်တဲ့ The Servant ဆိုတဲ့ ဇာတ်ကားရိုက်ကူးအပြီးမှာတော့ လူသိလာ ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ Kim Joo-hyuk နဲ့ အတူ တွဲ သရုပ်ဆောင်ခဲ့တာပါ။Sex Scene တွေ အများကြီးပါလို့ ဘယ်မင်းသမီးမှ မရိုက်ချင်ပဲ မင်းသမီးတွေ အများကြီးက ငြင်းပယ်ခဲ့တဲ့ The Story of Chunhyang ဆိုတဲ့ ဇာတ်ကားကို Cho Yeo-jeong  က လက်ခံရိုက်ကူး ပေးခဲ့ပါတယ်။ဘယ်မင်းသမီးမှ မရိုက်ရဲ တဲ့ ဇာတ်ကားကို ရိုက်ခဲ့ပေမယ့် သူမရဲ့ ရွေးချယ်မှု မှန် ခဲ့ပါတယ်။ဒီဇာတ်ကားက သူမကို  အောင်မြင်မှု လမ်းကြောင်းပေါ် တွန်းပို့ ပေးနိုင်ခဲ့ပါတယ်။

READ
မော်ဒယ်လ်ဆရာဝန်မလေး နန်းမွေစံ၏ အလန်းဆုံးဓာတ်ပုံများ

ညစ်ညမ်းမင်းသမီး အဖြစ် ဝေဖန် ထိုးနှက်မှုတွေ ခံခဲ့ရ

Image:IG/Jo Yeo Jeong

ညစ်ညမ်းကားတွေ ရိုက်ရင်း အောင်မြင်လာတဲ့ သူမဟာ နောက်ပိုင်းမှာတော့ ဒီလို ဇာတ်ကားတွေကို ပဲ ရွေးချယ်ရိုက်ကူးဖြစ်ခဲ့ပါတယ်။လူတကာရဲ့ အမြင်မှာ ညစ်ညမ်း မင်းသမီး တစ်ယောက် အဖြစ် အမြင် ခံ ခဲ့ရပါတယ်။(၂၀၁၁)မှာတော့ I Need Romance ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ဟာသပြက်လုံးတွေ ပါတဲ့ စီးရီးကို ရိုက်ခဲ့ပါတယ်။လူတစ်ချို့ ကတော့ သူမကို အားပေး ပေမယ့် လူတစ်ချို့နဲ့ မီဒီယာ တစ်ချို့က တော့ ဒီ လမ်းကြောင်းပေါ် ရောက်မှန်းမသိ ရောက်လာတဲ့ သူမ ကို အဖော် အချွတ် နဲ့ လိင်အသားပေးတွေ ကိုပဲ မကြာခဏ ရိုက်တဲ့ မင်းသမီး ဆိုပြီး ဝေဖန် ထိုးနှက်ခဲ့ ကြပါတယ်။(၂၀၁၂)မှာတော့ The Concubine ဆိုတဲ့ နောက်ထပ် (၁၈)နှစ် အထက် မှ ကြည့်ရတဲ့ ကားကို ထပ်ရိုက်ခဲ့ပါတယ်။

ဝေဖန်မှုတွေ အပေါ် သူမရဲ့ တုံ့ပြန်မှု

Image:IG/Jo Yeo Jeong

ဝေဖန်သူတွေ ဘယ်လိုပဲ ဝေဖန်ထိုးနှက် နေပါ စေ သူမက တော့ ကိုယ်ယုံကြည်ရာကို ဆက်လုပ်နေခဲ့ပါတယ်။Cho က လူတွေ က သူမကို စွန့်စားရဲပြီး၊စိတ်ဝင်စားစရာ ကောင်းတဲ့ မင်းသမီး တစ်ယောက် အဖြစ် မြင် စေ ချင်တယ်လို့ ပြောခဲ့ပါတယ်။(၂၀၁၂)မှာတော့ ရိုမန်တစ်ဟာသ  စီးရီး Haeundae Lovers မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

စာအုပ်ထုတ်ခဲ့ဖူး

(၂၀၁၃)မှာတော့ Healing Beauty ဆိုတဲ့ စာအုပ်ကို ထတု ခဲ့ပါတယ်။အဲ့ဒီစာအုပ်မှာတော့ ကျန်းမာရေးနဲ့ အလှ အပ ရေးရာ အကြံပြု စာတွေကို ရေးထားပါတယ်။

READ
One Lady Show ပြုလုပ်ပီးရင် အနားယူတော့မယ်လို့ပြောလိုက်တဲ့ အိုင်းရင်းဇင်မာမြင့်

စာချုပ်အရှုပ်တော်ပုံမှာ ပတ်သက်ခဲ့ဖူး

Image:IG/Jo Yeo Jeong

(၂၀၁၃)မှာတော့ သူမဟာ အေဂျင်စီ စာချုပ် အရှုပ် တော် ပုံမှာ ပါဝင် ပတ်သက်ခဲ့ပါတယ်။အရင် အေဂျင်စီ ဟောင်း Didim531 နဲ့ စာချုပ် သက်တမ်းမကုန်ပဲ နောက်ထပ် အေဂျင်စီ Bom Entertainment နဲ့ လက်မှတ် ထိုးခဲ့ပါတယ်။ကိုရီးယား အနုပညာ စီမံခန့် ခွဲ မှု အဖွဲ့ကနေ အေဂျင်စီ နှစ်ခု လုံးနဲ့ အလုပ် မလုပ်ပဲ ရှောင်ဖို့ အကြံ ပြု ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Neos နဲ့ လက်တွဲ ခဲ့ပါတယ်။

ဝေဖန်ခံ နေရ ပေမယ့်လည်း ကားသစ် တွေ ထပ်ရိုက်ခဲ့

Image:IG/Jo Yeo Jeong

The Servant  ဇာတ်ကားမှာ လက်တွဲ ခဲ့ဖူးတဲ့ ဒါရိုက်တာ Kim Dae-woo နဲ့ ပြန်လက်တွဲ ဖြစ်ခဲ့ပြီး နောက်ထပ် (၁၈)နှစ် အောက် မကြည့်ရတဲ့ ဇာတ်ကား ထပ်ရိုက်ခဲ့ပါတယ်။ Obsessed ဆိုတဲ့ ဇာတ်ကားပါ။ The Target ဆိုတဲ့ ဇာတ်ကားလည်း ရိုက်ခဲ့ပါတယ်။(၂၀၁၅)မှာလည်း Casa Amor: Exclusive for Ladies ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ဟာသ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်။

တဖြည်းဖြည်း လမ်းကြောင်းပြောင်းလာခဲ့

Image:IG/Jo Yeo Jeong

နောက်ပိုင်းမှာတော့ Perfect Wife ၊ Woman of 9.9 Billion ဆိုတဲ့ ကိုရီးယား ဒရမ်မာ ကားတွေ မှာ သရုပ်  ဆောင်ရင်း ညစ်ညမ်း မင်းသမီးဆိုတဲ့ အရိပ် မည်း အောက်ကနေ ဖြည်းဖြည်းချင်းရုန်းထွက်လာနိုင်ခဲ့ပါတယ်။ Parasite ကတော့ သူမကို ကမ္ဘာ သိ မင်းသမီး တစ်ယောက် အဖြစ် တွန်းပို့ ပေးနိုင်ခဲ့ပါတယ်။ဒီဇာတ်ကား ကြောင့်ပဲ တဟုန်ထိုး အောင်မြင်လာခဲ့ပါတယ်။

 

View this post on Instagram

 

#Parasite #goldenglobes reception✨ #sagaftra GV

A post shared by 조여정 Cho Yeo Jeong (@lightyears81) on

Ref;Wiki

SHARE