ကိုမိုဒိုဖွတ်ကြီးတွေကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ် အချက်များ

Wikimedia Commons

ကိုမိုဒိုဖွတ်ကြီးတွေဟာ ကမ္ဘာပေါ့်မှာ အကြီးဆုံးဖွတ်အမျိုးအနွယ် ဖြစ်ရုံသာမက လူတွေရဲ့ အစာစားပုံနဲ့ အနီးစပ်ဆုံးသတ္တဝါတွေလဲ ဖြစ်ပါတယ်။သူတို့ဟာ ထူးခြားချက်တော်တော်များများပိုင်ဆိုင်ထားတဲ့ သတ္တဝါတွေဆိုရင်လဲ မမှားပါဘူး။သူတို့ဟာ အရမ်းဥာဏ်ကောင်းတဲ့ သတ္တဝါတွေဖြစ်သလို မထင်မှတ်ထားတဲ့ အကွာအဝေးအများကြီးကိုလည်း ရေကူးနိုင်စွမ်းရှိပါတယ်။အခုတော့ လူတွေ မသိလောက်သေးတဲ့ ကိုမိုဒိုဖွတ်ကြီးတွေရဲ့ ထူးထူုးခါးခြားအရာတွေကို တင်ဆက်ဖို့ ရေးသားပေးလိုက်ပါတယ်။

(1)ကိုမိုဒိုဖွတ်ကြီးတွေကို “Oras”လို့လဲ ခေါ်ပါသေးတယ်

အနောက်ပိုင်းသိပ္ပံပညာရှင်တွေဟာ (၁၉၀၂)ခုနှစ်မတိုင်သေးခင်ကအထိ ကိုမိုဒိုဖွတ်ကြီးတွေကို ရှာမတွေ့ သေးပါဘူး။နောက်ဆုံးကျတော့မှ ဒီကိုမိုဒိုဖွတ်ကြီးတွေကို အကြီးဆုံးတွားသွားသတ္တဝါအဖြစ် အသိအမှတ်ပြုခဲ့ပြီး Orasလို့ အမည်ပေးခဲ့တာပါ။ အဓိပ္ပါယ်ကတော့ ကုန်းပိုင်းမိကျောင်းပဲ ဖြစ်ပါတယ်။

(2)ကိုမိုဒိုဖွတ်ကြီးတွေဟာ ခန္ဓာကိုယ်နဲ့မလိုက်အောင် ရေကူးရာမှာ မြန်ဆန်လှပါတယ်

အင်ဒိုနီးရှားကျွန်းတဝိုက်တော့ ဆာလောင်နေတဲ့ ကိုမိုဒိုဖွတ်ကြီးတွေအတွက် နေရာကောင်းတစ်ခုပါပဲ။အဲဒီကောင်ကြီးတွေဟာ ဗိုက်ဆာရင် အဲဒီကျွန်းဆွယ်တစ်လျှောက်မှာ ရေလာသောက်၊ရေလာစိမ်တဲ့ သတ္တဝါဆွေကို အသာလေးအမဲလိုက်နိုင်သလို မိုင်ပေါင်းတော်တော်များများ အထိရေကူးနိုင်ပါတယ်။

(3)အမေရိကန်သမ္မတဟောင်း George Bushဟာ ကိုမိုဒိုဖွတ်ကြီးတစ်ကောင်ကို လက်ဆောင်အဖြစ်ရဖူးပါတယ်

READ
လူသေတွေကို မမြှုပ်ပဲ ဒီတိုင်းထားတဲ့ အင်ဒိုနီးရှား ကျေးရွာတစ်ရွာရဲ့ ထူးဆန်းတဲ့ ဓလေ့

George Bush ဟာ အသက်(၄၁)နှစ် အရွယ်မှာ ကိုမိုဒိုဖွတ်ကြီးတစ်ကောင်ကို အင်ဒိုနီးရှားအစိုးရဆီကနေ လက်ဆောင်အဖြစ်ရဖူးပါတယ်။ အဲဒီဖွတ်ကြီးနာမည်က Naga ဖြစ်ပါတယ်။ အဲဒီဖွတ်ကြီးကနု Bushက အိမ်ဖြူတော်မှာပဲမွေးခဲ့ပြီး နောက်ဆုံးတော့ Cincinnati တိရစ္ဆာန်ရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။

(4)ကိုမိုဒိုဖွတ်ကြီးတွေဟာ အဆိပ်ရှိသတ္တဝါတွေ ဖြစ်ပါတယ်

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ကိုမိုဒိုဖွတ်ကြီးတွေရဲ့ သွားရည်ထဲမှာ ဘတ်တီးရီးယားတွေကို သေစေနိုင်တဲ့ အဆိပ်ပါတာကိုတွေ့ရှိခဲ့ရပါတယ်။ (၂၀၀၉)ခုနစ်မှာတေ့ Brian Fryဆိုတဲ့ သိပပံပညာရှင်တွေဟာကိုမိုဒိုဖွတ်ကြီးတွေရဲ့ ပါးစပ်ထဲမှာ သေစေနိုင်လောက်တဲ့ အဆိပ်ဂလင်းတွေပါတာကို တွေ့ရှိခဲ့ပါတယ်။

(5)ကိုမိုဒိုဖွတ်ကြီးတွေဟာ လူသားတွေကို သတ်ဖြတ်ခဲ့ဖူးတဲ့ သမိုင်းကြောင်းတွေ ရှိပါတယ်

လွန်ခဲတဲ့ နှစ်တွေဖြစ်တဲ့ (၁၉၇၄) ၊ (၂၀၀၀) ၊ (၂၀၀၇) နဲ့ (၂၀၀၉)ခုနှစ်တွေတုန်းကတော့ ကိုမိုဒိုဖွတ်ကြီးတွေဟာ လူသားတွေကို သတ်ဖြတ်ခဲ့ဖူးပါတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့ (၂၀၀၉) ခုနှစ်တုန်းက အဖြစ်အပျက်မှာတော့ လူတစ်ယောက်ဟာ ပန်းသီးပင်ပေါ်က ခြေချော်ကျခဲ့ပြီး အောက်မှာ လဲလျောင်းနေတဲ့ ကိုမိုဒို ဖွတ်ကြီးနှစ်ကောင်ပေါ်ကို ပြုတ်ကြခဲ့တာဖြစ်ပြီး အဲဒီဖွတ်ကြီးနှစ်ကောင်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

Pyi Hein Kyaw

SHARE