မကြာခင် ထွက်ရှိလာမယ့် Morbius ရုပ်ရှင်နဲ့ ပတ်သတ်ပြီး လူသိနည်းသေးတဲ့ အချက်များ

YouTube/Morbius

အခုတစ်ပတ်အတွင်း စူပါဟီးရိုးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာသတင်းတွေ ထွက်လာခဲ့ပါတယ်။ DC ဘက်က Joker ရုပ်ရှင်ကားဟာ အော်စကာဆုအတွက် ဆန်ကာတင် ၁၁ ဆုဝင်ခဲ့ပြီး End Game ကလည်း Visual Effect ဆု ဇကာတင် တစ်ဆု ဝင်ခဲ့ပါတယ်။ နောက်သတင်းတစ်ခုကတော့ Flash တို့ နှစ်ယောက် ဆုံစည်းခဲ့တဲ့ သတင်းဖြစ်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာပဲ ဟာလီကွင်းရဲ့ တစ်ကိုယ်တော်ရုပ်ရှင်ကားဖြစ်တဲ့ Birds of Prey ဟာလည်း ထွက်လာဦးမှာပါ။ ဒါ့အပြင် မာဘယ်လ်ရဲ့ ဗီလိန်တစ်ယောက်ဖြစ်တဲ့ Morbius ရုပ်ရှင်ကားရဲ့ နမူနာ trailer လည်း ထွက်လာခဲ့တာပါ။အဲဒီထဲကမှ  Morbiusဟာ လူစိတ်ဝင်စားခြင်းခံရတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်လာခဲ့ပြီး Morbius ဆိုတာ ဘာကောင်ကြီးလဲဆိုတာ သိချင်သူတွေများပြားလာခဲ့တာပါ။

Morbius ဟာ Sony ကုမ္ပဏီဘက်ကရိုက်ကူးမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ Venom ကြည့်ဖူးတယ်ဆိုရင်  Morbius ဟာလည်း Venom လိုမျိုး anti-hero တစ်ကောင်ဖြစ်ပါတယ်။သူဟာ Spider-Man universer ဘက်ကပါ။ Morbius နေရာမှာ သရုပ်ဆောင်မယ့်သူကတော့ ယခင်က Joker နေရာမှာ သရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ဖြစ်တဲ့ Jared Leto ပါပဲ။

 

 

View this post on Instagram

 

A post shared by JARED LETO (@jaredleto) on

Jared Letoဟာ Joker ဇာတ်ရုပ်နေရာအတွက် မသင့်တော်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်မျိုးစုံခံခဲ့ရပေမယ့် တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပါ။ Jared Letoဟာ အော်စကာဆုရထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ရုံတင်မကဘဲ Thirty Seconds to Mars ရဲ့ ပင်တိုင်အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ဆိုတော့ Morbius ရုပ်ရှင်မှာ  Jared Leto ရဲ့ anti-superhero ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ။

–  Morbius ဆိုတာ ဘာကောင်ကြီးလဲ

READ
အော်လန်ဒိုဘလွန်းနဲ့ အိပ်ခဲ့မိလို့ အလုပ်ထုတ်ခံရတဲ့ စာပွဲထိုးမလေး

 Morbius ဆိုတာ တကယ့်ကိုအဖျက်စွမ်းအားကြီးမားတဲ့ စူပါဗီလိန်တစ်ယောက်ပါ။ ကောမစ်တွေမှာတော့ သူ့ကို ပထမဆုံးစမိတ်ဆက်ခဲ့တာကတော့ The Amazing Spider-Man #101 မှာပါ။ သူ့ရဲ့ အဓိကရန်သူတော်ကတော့ စပိုက်ဒါမန်းပါပဲ။

Sony ကုမ္ပဏီဟာ စပိုက်ဒါမန်းနဲ့ ပတ်သက်ဆက်နွယ်နေသမျှ ပိုင်ဆိုင်ထားတာဆိုတော့ စပိုက်ဒါမန်းနဲ့ဆက်နွယ်နေတဲ့ ဗီလိန်တွေကိုလည်း ပိုင်ဆိုင်ပါတယ်။ Venom ကို အရင် ရုပ်ရှင်အဖြစ်ရိုက်ကူးလိုက်ရမှာလည်း အောင်မြင်မှုတွေရရှိခဲ့ပြီး ငွေကြေးတွေလည်း အမြတ်အစွန်းရရှိခဲ့တာကြောင့် အခုလို နောက်တစ်ခါ Venom လိုမျိုး စူပါဗီလိန်တစ်ယောက်ကို ပိတ်ကားပေါ် ပြန်ပွဲထုတ်လာခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

– ကောမစ်စာအုပ်တွေထဲမှာတော့ ကြမ်းလွန်းတယ်

Marvel က ရေးဆွဲခဲ့တဲ့ ကောမစ်တွေထဲမှာ Morbius ပါဝင်တဲ့ ကောမစ်တွေက နည်းနည်းတော့ ကြမ်းတမ်းပါတယ်။ သက်ရှိထင်ရှားဗင်ပိုင်းယားတစ်ကောင်လည်းဖြစ်နေတာကြောင့် Morbius ရဲ့ သွေးဆာပုံတွေ သတ်ဖြတ်ပုံတွေကို ကြမ်းကြမ်းတမ်းတမ်း ရေးဆွဲထားတာကို တွေ့ရမှာပါ။ သူ့လို ကြမ်းတဲ့ နောက်တစ်ကောင်ရှိပါသေးတယ်။ အဲဒါကတော့ Blade ပါပဲ။ 

Morbius ရုပ်ရှင်ထဲမှာတော့ ရုပ်ရှင်အမျိုးအစားကို horror-action genre လို့ သတ်မှတ်ထားတာကြောင့်လည်း စူပါဟီးရိုးကားတစ်ကားကြည့်ရတာနဲ့ မတူဘဲ သတ္တဝါဆိုးကြီးတစ်ကောင်ကို ကြည့်ရတာနဲ့ တူနေမှာပါ။

 

 

View this post on Instagram

 

[ M O R B I U S ] trailer has been unleashed and my phone has been non stop with notifications!!!!!!!!!! Link in my bio

A post shared by TYRESE (@tyrese) on

– သူ့မှာ အလွန်ရှားပါးတဲ့ သွေးရောဂါတစ်မျိုးရှိတယ်

READ
ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်လို သိမ်သိမ်မွေ့မွေ့လေးလှနေတဲ့ ညီညီမောင်

သက်ရှိထင်ရှားဗင်ပိုင်းရား Morbius the living Vampire ဆိုတဲ့ အကောင်ကြီးမဖြစ်ခင်တုန်းက သူ့နာမည်က Dr. Michael Morbius ပါ။ ကောမစ်စာအုပ်ထဲမှာတော့ သူဟာ Greek biochemist တစ်ယောက်ဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တစ်ဦးအဖြစ် အသက်သွင်းထားပါတယ်။ သူ့မှာ ဖြစ်တောင့်ဖြစ်ခဲ အလွန်ရှားပါးတဲ့ သွေးမူမမှန်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သူ့ကို သေစေနိုင်လောက်အောင် အဲဒီရောဂါကအမြဲ နှိပ်စက်နေတာပါ။

– သက်ရှိထင်ရှားဗင်ပိုင်းရား (The Living Vampire)ဆိုတာ ဘယ်လိုလဲ

ဟုတ်ပါတယ်။ သူက တကယ့်ကို ဗင်ပိုင်းရားတစ်ယောက်ပါပဲ။ ရှားပါးတဲ့ သွေးရောဂါရှိနေတဲ့ သူ့အတွက် အသက်ဆက်ရှင်ဖို့အတွက် လူတွေရဲ့ သွေးနဲ့သာ အသက်ဆက်နေရတာပါ။ လူတွေရဲ့ သွေးမသွင်းနိုင်ဘူးဆိုရင် သူဟာ သေဆုံးရမယ့်အဖြစ်ပါ။ နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့လို့လည်း မရပါဘူး။ ရောဂါကြောင့်လည်း သူ့ရဲ့ ခန္ဓာကိုယ်အသွင်အပြင်တွေဟာ မူမမှန်တာတွေဖြစ်လာခဲ့ပါတယ်။ တဖြေးဖြေးနဲ့ လူရုပ်ပျောက်ပြီး သတ္တဝါဆိုးကြီးတစ်ကောင်လို သွားတွေ၊ လက်သည်းတွေဟာ ရှည်ထွက်လာခဲ့ပြီး မျက်နှာကအစ တကယ့်ဗင်ပိုင်းရားတစ်ကောင်လို ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သက်ရှိထင်ရှားဗင်ပိုင်းရားလို့ သမှတ်ကြတာပါ။

YouTube/Morbius

– သူ့မှာ မှော်စွမ်းအားတွေ မရှိ

Morbiusဟာ ဗင်ပိုင်းရားတစ်ကောင်းဖြစ်တယ်။ ဒါပေမယ့် တကယ့်ဗင်ပိုင်းရားလိုမျိုး လက်ဝါးကပ်တိုင် ဘာညာနဲ့တော့ သူ့ကိုခြောက်လန့်လို့ရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူဟာ လူတစ်ယောက်ကနေ သတ္တဝါဆိုးကြီးတစ်ကောင်ဖြစ်လာခဲ့တဲ့ ဗင်ပိုင်းရားတစ်ကောင်ဖြစ်နေလို့ပါပဲ။

နောက်မှာ သူ့မှာ ဘာမှော်စွမ်းအားမှ မရှိပါဘူး။ တခြားဗီလိန်တွေလိုမျိုး ဝံပုလွေအဖြစ်ပြောင်းသွားတာတို့၊ လင်းနို့ငှက်အဖြစ် ပြောင်းသွားတာတို့၊ အငွေ့အဖြစ်ပျောက်ကွယ်သွားတာတို့၊ သတ္တဝါတွေကို ထိန်းချုပ်နိုင်တာတို့ ဘာတို့မလုပ်နိုင်ပါဘူး။

Ye Yint Kyaw

SHARE