အိန္ဒိယတော်ဝင်မျိုးနွယ်ရဲ့ ပထမဦးဆုံး လိင်တူချစ်သူ မင်းသား Manvendra

Instagram/manvendra singh gohil

မင်းသား Manvendra Singh Gohil ဟာ အိန္ဒိယနိုင်ငံရဲ့ တော်ဝင်မျိုးနွယ်တွေထဲမှာ ပထမဦးဆုံး လိင်တူချစ်သူတစ်ဦးဖြစ်ပါတယ်။ (၂၀၀၆) ခုနှစ်မှာတော့ မင်းသားရဲ့လိင်ပိုင်းဆိုင်ရာဦးစားပေးမှုနဲ့ပတ်သက်ပြီး ဆန့်ကျင်မှုတွေဖြစ်ပွားခဲ့ပါတယ်။ တခြားလူတွေက တော့ မင်းသားရဲ့ရဲစွမ်းသတ္တိကိုချီးကျူးခဲ့ကြပေမယ့် မင်းသားရဲ့ဇာတိမှာနေထိုင်တဲ့လူတွေကတော့ မင်းသားရဲ့ပုံတွေ ကို မီးရှို့ဖျက်ဆီးကြပါတယ်။ Celebrity talk show ရဲ့အစီအစဉ်တင်ဆက်သူ Oprah က “Gay Around the World” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးမှုတွေလုပ်ဖို့အတွက် ဒီအစီအစဉ်မှာမင်းသားကိုဖိတ်ကြားခဲ့ပြီး မင်းသားရဲ့တွေ့ကြုံရတဲ့အဖြစ် အပျက်တွေကိုမေးမြန်းခဲ့ပါတယ်။

အိန္ဒိယအစိုးရက လိင်တူချစ်သူအခွင့်အရေးကိုလှုံ့ဆော်မှုတွေပြုလုပ်ခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်မှာတော့ LGBTQ+ တက်ကြွလှုပ်ရှားသူတွေရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ဒါဟာပြစ်မှုကျူးလွန်တဲ့ ကိစ္စရပ်တစ်ရပ်မဟုတ်ဘူး၊ ထုတ်ပြန်ထားတဲ့ ရာဇ၀တ်မှုပုဒ်မ ၃၇၇ နဲ့မသက်ဆိုင်ဘူးဆိုပြီး အိန္ဒိယတရားရုံးက ထုတ်ပြန်တဲ့တဲ့ပြစ်မှုကိုပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။ LGBTQ+ အသိုင်းအ၀ိုင်းကိုရန်လိုမုန်းတီးမှုဟာ ဗြိတိန်နိုင်ငံရဲ့ကိုလိုနီနယ်ချဲ့မှုက မူလအစဖြစ်ပါ တယ်။ လိင်တူချစ်သူတွေကိုဆန့်ကျင်ရေး၊ လိင်တူချစ်သူတွေကိုညှင်းပန်နှိပ်စက် ဖို့တွေဖြစ်လာတဲ့မူလအစ အရင်းအမြစ်ကလည်း ဗြိတိန်နိုင်ငံကစတင်ခဲ့တာဖြစ်ပါတယ်။

ဘုရင်မ Victoria အုပ်ချုပ်စဉ်က လိင်တူဆက်ဆံမှုနဲ့ပတ်သက်ပြီး ရာဇ၀တ်မှုပုဒ်မ ၃၇၇ အဖြစ်အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ မင်းသား Manvendra က San Francisco Bay Times သတင်းစာကိုဖြေကြားခဲ့ပါတယ်။ ဘုရင်မ Victoria က ဗြိတိန်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် အိန္ဒိယရဲ့အင်အားကိုဖြိုခွဲမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဟိန္ဒူနဲ့မူဆလင်တွေကို သွေးခွဲအုပ်ချုပ်ရေး နည်းဗျူဟာကိုလည်းအသုံးပြုခဲ့ပါတယ်။ အိန္ဒိယမှာရှိတဲ့ LGBTQ+ အသိုင်းအ၀ိုင်းအတွက် Manvendra ဟာ အင်အားကြီးတဲ့တံတိုင်းကြီးတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။ဒါကြောင့် မင်းသား Manvendra နဲ့ပတ်သက်တဲ့ အကြောင်းလေးတွေကိုသိအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

View this post on Instagram

 

Meeting Canadian Prime Minister Justin Trudeau

A post shared by Manvendra Singh Gohil (@manvendrasinghgohil) on

(၁) ပထမဆုံးတော်ဝင် လိင်တူချစ်သူ

READ
(-၇၀) ဒီဂရီရှိတဲ့ အန္တာတိကဒေသမှာ ဟင်းချက်ဖို့ကြိုးစားခဲ့ရာမှ ထွက်ပေါ်လာတဲ့ ဓာတ်ပုံများ

မင်းသား Manvendra ဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်တယ်လို့ပွင့်ပွင့်လင်းလင်း ကြေညာ လိုက်တဲ့အချိန်မှာ တော်ဝင်အမူအကျင့်တွေကိုဆန့်ကျင်တဲ့လူတစ်ယောက်အဖြစ်ပြစ်တင်ပြောဆိုခံခဲ့ရပါတယ်။ Manvendra ရဲ့မိဘတွေအနေနဲ့လည်း အရမ်းကိုအံအားသင့်သွားခဲ့ရပါတယ်။ အခုလိုတွေဖြစ်လာမယ်ဆိုတာ ကြိုတွေးထားခဲ့တဲ့အတွက် တအံ့တသြတော့ဖြစ်မနေခဲ့ဘူးလို့ မင်းသားက အစီအစဉ်တင်ဆက်သူ Oprah ကိုပြောပြခဲ့ ပါတယ်။

(၂) တစ်ချိန်က လက်ထပ်ခဲ့ဖူးတယ်။

Manvendra ဟာ (၁၉၉၁)ခုနှစ်က Chandrika Kumari နဲ့လက်ထပ်ခဲ့ပါတယ်။ ဒါကလည်း မိသားစုတွေရဲ့ကြီးမားတဲ့ ဖိအားကိုမလွန်ဆန်နိုင်တာကြောင့် လက်ခံခဲ့ရတာဖြစ်တယ်လို့ မင်းသားကပြောပြခဲ့ပါတယ်။ မိဘစကားနားမထောင် ရင် ကိုယ့်ကိုကိုယ် သတ်သေမယ်လို့ မိခင်ဖြစ်သူရဲ့ခြိမ်းခြောက်မှုကြောင့် လက်ထပ်ပွဲကိုလက်ခံခဲ့ရတာဖြစ်တယ်လို့ မင်းသားကဆက်လက်ပြောပြခဲ့ပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးတစ်နှစ်အကြာမှာ ကွာရှင်းခဲ့ပြီး မင်းသားဟာလည်း စိတ်ကျရောဂါခံစားခဲ့ရကာ (၂၀၀၂)ခုနှစ်မှတော့ စိတ်ပိုင်းဆိုင်ရာပျက်ပြားမှုတွေဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ်သေချာစဉ်းစားဆုံးဖြတ်ခဲ့ပြီး အရာအားလုံးကိုလက်ခံကာ ဆက်လက်ပြီးအကောင်းဆုံးအသက်ရှင် နေထိုင်ဖို့ဆုံးဖြတ်ချက်ချခဲ့ရတယ်လို့ မင်းသားကပြောပြခဲ့ပါတယ်။

(၃) Hollywood ဇာတ်လမ်း

မင်းသား Manvendra ဟာ (၂၀၁၁)ခုနှစ်နဲ့(၂၀၁၄)ခုနှစ်တွေမှာ သူ့ကိုထာက်ခံအားပေးဖို့စည်းရုံးလှုံ့ဆော်မှုတွေလုပ် ဆောင်ခဲ့ပါတယ်။  Manvendra ဟာ Kardashians နဲ့တင်ဆက်တဲ့ Keeping Up တီဗီအစီအစဉ်မှာ လူသိများလာခဲ့ ပါတယ်။ Kendall Jenner နဲ့လည်း Vogue India မဂ္ဂဇင်းရိုက်ကူးမှုမှာတွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ဟာ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ Jenner ရဲ့အဖေကလည်း လိင်ပြောင်းသူတစ်ယောက်အဖြစ် ခံယူလိုက်တဲ့အချိန်မှာ Jenner ဟာ မင်းသားနဲ့ပိုပြီးရင်းနှီးခင်မင်ခဲ့ပါတယ်။

 

 

View this post on Instagram

 

🌈

A post shared by Manvendra Singh Gohil (@manvendrasinghgohil) on

(၄) မင်းသားဟာလည်း ဘုရင်မတစ်ယောက် ဖြစ်နိုင်ပါတယ်။

READ
လူအချို့ ယနေ့တိုင် ယုံကြည်နေကြဆဲဖြစ်တဲ့ အယူအဆအမှားများ

လိင်တူချစ်သူတော်တော်များများဟာ သူတို့အသက်ဆက်လက်ရှင်သန်ဖို့ သူတို့ဘ၀ရှေ့ဆက်နိုင်ဖို့အတွက် ဟာသဥာဏ်ကို သူတို့ရဲ့ကိရိယာအဖြစ်လက်ကိုင်ထားကြပါတယ်။ မင်းသား Manvendra ကတော့ အဲ့လိုမဟုတ်ပါ ဘူး။ သူဟာ တစ်စိမ်းတွေနဲ့တွေ့တဲ့အခါမှာ လူအများကလေးစားအောင် မလှောင်နိုင်အောင် မင်းသားဟာ ဘုရင်မတစ်ယောက်လို ပုံစံမျိုးနဲ့ တည်တည်တံ့တံ့သာ မိတ်ဆက်သမှုပြုပါတယ်။

 

 

View this post on Instagram

 

Wonderful opportunity at AIDS healthcare foundation clinic at Mumbai with Jose Ramos, Founder of Impulse from Los Angeles

A post shared by Manvendra Singh Gohil (@manvendrasinghgohil) on

(၅) ကြီးမြတ်တဲ့အလှူရှင်

မင်းသားဟာ LGBTQ+ အသိုင်းအ၀န်းကို HIV/Aids ရောဂါကာကွယ်တားဆီးရေးနဲ့ပတ်သက်ပြီး ပညာပေးတဲ့ The Lkashya Trust လို့အမည်ပေးထားတဲ့အဖွဲ့အစည်းကိုစတင်လုပ်ဆောင်ခဲ့ပါတယ်။  LGBTQ+ တွေ အိုးအိမ်မဲ့နေတာ ကိုတိုက်ဖျက်ဖို့အတွက် အမိုးအကာလိုအပ်နေတဲ့လူတွေအတွက် (၁၅)ဧကရှိတဲ့နေရာမှာ ပန်းရောင်တိုက်ကြီးကို ဆောက်လုပ်လှူဒါန်းပြီး နေထိုင်စေခဲ့ပါတယ်။

Thae Su

SHARE