ယုန်တွေနဲ့ပတ်သက်ပြီး လွဲမှားစွာ သင်သိထားတဲ့ အယူအဆ (၅)ချက်

Pexels/Mammuth

ယုန်လေးတွေဟာ ချစ်စရာကောင်းပြီးတော့နူးညံ့တဲ့တိရစ္ဆာန်လေးတွေပါ။ ဒါပေမယ့်သူတို့လေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အခါ လူတွေမှာ လွှဲမှားတဲ့ အမြင်လေးတွေများစွာရှိပါတယ်။ ဒါလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို အချက်တွေလည်းဆိုတာ ဖတ်ကြည့်လိုက်ရအောင် ….

အလွယ်တကူ စောင့်ရှောက်နိုင်တယ်လို့ ထင်တာ

ယုန်တွေဟာ ခွေးတွေကြောင်တွေနဲ့နှိုင်းယှဉ်ရင် အရွယ်အစားအလွန်သေးငယ်တယ်ဆိုပေမယ့်၊ သူတို့ကိုလည်း အသေးစိတ်စောင့်ရှောက်မှုတွေပြုလုပ်ပေးရပါတယ်။ နောက်ပြီး သူတို့ကိုလည်း ခွေးတွေကြောင်တွေလို လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။ ယုန်တွေဟာ သူတို့နေတဲ့နေရာတွေ သန့်ရှင်းနေတာကိုကြိုက်နှစ်သက်ကြတဲ့အတွက် နေ့စဉ်နေ့တိုင်းသူတို့နေရာလေးတွေကို သန့်ရှင်း ရေးလုပ်ပေးဖို့လိုအပ်ပါတယ်။

Pexels/Ravi

ဆေးခန်းပြစရာ မလိုဘူးလို့ထင်တာ

ယုန်တွေမှာ ဖျားနာတာ ရောဂါဖြစ်တာမျိုးတွေမရှိဘူးလို့ လူတွေက အလွယ်တကူ ထင်တတ်ကြပေမယ့် တကယ်တော့ သူတို့ဟာ သူတို့ရဲ့အဆင်မပြေမှုတွေကို ဖုံးကွယ်ထားကြတာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ယုန်တွေက အသံမထွက်ကြဘူး။ ဒါကြောင့်လည်း ပိုင်ရှင်အများစုက သတိမထားမိတတ်ကြပါဘူး။ တကယ်တော့ သူတို့ရဲ့ပုံမှန်အခြေအနေမဟုတ်ဘူးဆိုတာကို အချိန်မလွန်ခင် သိဖို့က ပိုင်ရှင်တွေအပေါ်မှာ အများကြီးလိုအပ်ပါတယ်။ ဒါကြောင့် သူတို့လေးတွေကို မွေးမြူမယ်ဆိုရင် အမြဲဂရုစိုက်နိုင်ဖို့လိုသလို အနီးနားကတိရစ္ဆာန်ဆေးခန်းတွေကို သိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

အိမ်အပြင်မှာလည်း နေနိုင်တယ်လို့ထင်တာ

READ
(၂၀၁၈)Gerber ကလေးဓာတ်ပုံပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ရောဂါဝေဒနာရှင်လေး

သင်ယုန်မွေးပြီိဆိုရင်တော့ ဒီအချက်ကို သိထားဖို့ အရေးကြီးပါတယ်။ ယုန်တွေက ထိလွယ်ရှလွယ်တဲ့ တိရစ္ဆာန်လေးတွေဖြစ်ပြီးတော့၊ သူတို့အပြင်ကိုထွက်သွားတဲ့အခါ ရာသီဥတုအခြေအနေတွေ၊ လမ်းသွားလမ်းလာတွေနဲ့ သတ်စားကြမယ့်သူတွေရဲ့ရန်ကြောင့် သူတို့အသက်အန္တာရာယ်အတွက် အများကြီးစိုးရိမ်စရာရှိတယ်ဆိုတာကိုပါ။ ဒီတော့  သင့်ယုန်လေးတွေကို အိမ်အပြင်မှာမထားဖို့ အထူး သတိပေးလိုက်ပါတယ်။

ခွေးတွေကြောင်တွေလို ကလေးတွေနဲ့ သင့်တော်တယ်လို့ ထင်တာ

တကယ်တော့ မဟုတ်ပါဘူး။ ယုန်တွေဟာ  အသေးစိတ်စောင့်ရှောက်ရတာ၊ ထိခိုက်လွယ်တာ၊ ရောဂါဘယများတာတွေကြောင့် အရွယ်ရောက်သူတွေပဲ ကိုင်တွယ်ဖို့သင့်တော်တဲ့ တိရစ္ဆာန်ပါ။ ကလေးတွေနဲ့ အမြဲတမ်းထိတွေ့ပေးထားသင့်တဲ့ တိရစ္ဆာန်မျိုး မဟုတ်ပါဘူး။ နောက်ပြီး သူတို့ကို စောင့်ရှောက်ရတာဟာ ပေါပေါပဲပဲ မဟုတ်ဘဲ သူတို့ရဲ့ အစားအသောက်ပုံစံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းရေးနဲ့ ဆေးခန်းသွားပြပေးရတာတွေကလည်း ငွေကုန်ကြေးကျ များပါတယ်။ သူတို့က မုန်လာဥနီ ဘဲစားတယ်လို့ ထင်ကြပေမယ့်၊ တခြားဟင်းသီးဟင်းရွက်အပြင် ကောက်ရိုးလည်းစားတတ်ပါတယ်။

Unsplash/Mammuth

အနံဆိုးတယ်ထင်တာ

READ
ကြောက်စရာကောင်းလောက်အောင် ကြီးမားတဲ့ ခြင်မျိုးစိတ် တရုတ်မှာတွေ့ရှိ

ယုန်တွေ အနံ့ဆိုးတယ်လို့ထင်နေတာက တကယ်တော့ အမှားပါ။ ယုန်တွေဟာ သူတို့ကိုယ်သူတို့ အနံ့အသက်မရှိအောင် သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ ဒါပေမယ့်လို့ လှောင်အိမ်တွေ ၊ သူတို့နေတဲ့ နေရာတွေကို သန့်ရှင်းရေးမလုပ်ရင်တော့ အနံ့ဆိုးကတော့ ထွက်လာမှာပါပဲ။ ဒါကို ယုန်တွေက အနံ့ထွက်တယ် အထင်နဲ့ ရေချိုးပေးတာတွေဟာ လွှဲမှားတဲ့ထင်မြင်ချက်တွေဖြစ်ပါတယ်။

ကဲ သင်လည်း ယုန်မွေးထားတယ် ဆိုရင် ဒီအချက်လေးတွေကို လိုက်နာကြည့်ပါဦးနော်…

Khaing Sandar

SHARE