မြန်မာငွေ(၃)သိန်းနီးပါးတန်တဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေလိုက်တဲ့ ရီဟားနား

Instagram/Rihanna

အဆိုတော်ရီဟားနားဟာ သူ(မ)ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။ သူမရဲ့ နာမည်ကိုပဲ ပေးထားတဲ့ Rihanna စာအုပ်ဟာ ပထမဆုံး သူ(မ) ကိုယ်တိုင် စီစဉ်ခဲ့တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်လည်းဖြစ်ပါတယ်။

အဆိုပါ စာအုပ်ဟာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်လို့ ဆိုပေမယ့်လို့ ဒီအတိုင်း မြင်နေတွေ့နေကျ စကားလုံးတွေ၊ စာတွေနဲ့ စာအုပ်တော့ မဟုတ်ပါဘူး။ ဓာတ်ပုံပေါင်းများစွာ ပါဝင်တဲ့ စာအုပ်လည်းဖြစ်ပါတယ်။

 

 

View this post on Instagram

 

be first to get some of these pieces from our #savageXFentyshow at savageX.com exclusively on preorder @savagexfenty

A post shared by badgalriri (@badgalriri) on

အဆိုပါ ရီဟားနားရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာတော့ သူ(မ) Barbados နိုင်ငံမှာ နေထိုင်ခဲ့တဲ့ ငယ်ဘဝပုံရိပ်တွေကနေ အခုလိုအောင်မြင်တဲ့ ကမ္ဘာကျော်အဆိုတော်တစ်ယောက် ဖြစ်လာတဲ့အထိ သူ(မ) ဘဝကို တစ်ဆင့်ချင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပါဝင်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ စာအုပ်ထွက်ရှိဖို့အတွက် ရီဟားနားဟာ လုံးပန်းနေခဲ့တာ အချိန် (၅)နှစ်ကျော်,ကျော် ရှိသွားခဲ့ပါပြီ။ ဓာတ်ပုံပေါင်းများစွာကိုလည်း ပြန်လည် စုစည်းဖို့အတွက် သူ(မ)ဟာ အတော်လေးကို ကြိုးစားခဲ့ရပါတယ်။

အဆိုပါ စာအုပ်မှာ စာမျက်နှာပေါင်း ၅၀၄ ရွက်အထိ ပါဝင်လာမှာဖြစ်ပြီး ဓာတ်ပုံပေါင်း တစ်ထောင်ကျော်နဲ့ ရိုက်နှိပ်ထားမှာလည်းဖြစ်ပါတယ်။ ဓာတ်ပုံတွေ အများကြီးပါလာမယ့် စာအုပ်ဆိုတော့ လေးလည်း အတော်လေးမှာပါ။ စာအုပ်ဟာ ၁၅ ပေါင်လောက် လေးမယ်လို့လည်း ပြောဆိုနေကြပါတယ်။

 

ဒီလို ကိုယ်တိုင်ရေးအတ္ထုပတ္တိ ထွက်ရှိတော့မယ့် အကြောင်းကို ရီဟားနား ကိုယ်တိုင်က အခုလိုပြောဆိုခဲ့ပါတယ်။

“ကျွန်မ ဒီလို အံ့သြစရာကောင်းတဲ့ ဓာတ်ပုံတွေကို မျှဝေခွင့်ရတော့မှာကို အရမ်းစိတ်လှုပ်ရှားနေတယ်။ ဒီဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ ပါရမီရှင်ဓာတ်ပုံဆရာတွေ၊ အနုပညာရှင်တွေကိုလည်း အရမ်းကျေးဇူးတင်ရပါတယ်။ ဒီစာအုပ်အတွက် အလုပ်,လုပ်နေဖြစ်တာ (၅) နှစ်ကျော်သွား ခဲ့ပါပြီ။ နောက်ဆုံးတော့ လူတိုင်းဆီ အခုလိုမျှဝေခွင့်ရတော့မှာကို ကျွန်မ တကယ်ပျော်ရွှင်နေတယ်”လို့ဆိုပါတယ်။

Rihannabook.com

ရီဟားနားရဲ့ RIHANNA စာအုပ်ကိုတော့ မြန်မာငွေ (၂)သိန်း(၇)သောင်းဝန်းကျင်ခန့်နဲ့ စတင်ဝယ်ယူလို့ရပါပြီ။

YYK

SHARE