ဆန်တာကလော့စ်နဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ် အချက် (၅) ချက်

Pexels/People

ခရစ္စမတ်ပွဲတော်နီးလာတဲ့ အမျှ သူ့ကိုမြင်တွေ့လာကြမှာပါ။ စူပါမားကတ်တွေမှာ၊ တီဗွီအစီအစဉ်တွေမှာ၊ လမ်းတွေမှာ၊ ဈေးဆိုင်တွေမှာ၊ စာအုပ်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေမှာ သူ့ရုပ်ပုံတွေကို ချိတ်ဆွဲထားပြီး အလှဆင်ကြတာကို မြင်တွေ့ကြရမှာပါ။ သူကတော့ ခရစ္စမတ်ရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ဆန်တာကလော့စ်ပါပဲ။ ဆန်တာကလော့စ်ဆိုတာ ဘယ်သူလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

သင်လုံးဝမသိသေးလောက်တဲ့ စန်တာကလော့စ်ရဲ့ စိတ်ဝင်စားဖွယ် အချက် ၅ ချက်ပါ။

၁- ဆန်တာကလော့စ်ဆိုတာ ဘယ်သူလဲ

ဆန်တာကလော့စ်ဖြစ်လာပုံဖြစ်လာတဲ့ ဇာတ်လမ်းတွေ အများကြီးရှိတာပါ။ တစ်နေရာနဲ့ တစ်နေရာမတူညီတဲ့ ဇာတ်လမ်းတွေနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းတွေထဲမှာ အကုန်လုံး တူညီတဲ့ အချက်တစ်ချက်ကတော့ ဆန်တာကလော့စ်လို့ခေါ်လာမယ့် လူတစ်ယောက်ဟာ ခရစ်ယာဉ်ဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Turkey လို့ခေါ်တဲ့ နိုင်ငံမှာ နေထိုင်ခဲ့ပြီး ၄ ရာစုမှာ နေထိုင်ခဲ့တာပါ။

ဆန်တာကလော့စ်လို့ လူတွေ သိကြတဲ့ မုတ်ဆိတ်ဖွားဖွားနဲ့ လူကြီးတစ်ယောက်။ ဒီနေ့ခေတ်မှာတော့ သူက လိမ္မာတဲ့ ကလေးငယ်တွေအတွက် အရုပ်တွေကို ခရစ္စမတ်ကာလမှာ သမင်ပျံတွေ ကတဲ့ စွတ်ဖားစီးပြီး နှစ်စဉ်လက်ဆောင်ပေးတယ်ဆိုတဲ့ ရိုးရာရှိတဲ့ လူကြီးတစ်ယောက်။ Kris Kringle လို့လည်း လူတွေသိကြတဲ့ လူတစ်ယောက်ပါ။ သူ့နာမည်က စိန့်နီကိုးလပ်စ် လို့လည်း ခေါ်ပါတယ်။ 

သူ့ရဲ့ ဇာတ်လမ်းကတော့ သူ့ရဲ့ မိဘနှစ်ပါးစလုံးဟာ သူငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ကြပြီး ငွေအမြောက်အများကို ချန်ထားရစ်ခဲ့ကြပါတယ်။ မွေးလာကတည်းက ချမ်းသာတဲ့ သူဟာ သူ့ရဲ့ စည်းစိမ်ဥစ္စာတွေကို တခြားသူတွေကို ကယ်ဆယ်ကယ်တင်ဖို့အတွက် အသုံးချခဲ့ပါတယ်။ တစ်ခါတုန်းက ဒီလို ပေးရမှာလည်း ငွေကြေးမလုံလောက်တဲ့ လူတစ်ယောက်ကို ခြေအိတ်အတွင်း ဒင်္ဂါးပြားတွေထည့်ပေးခဲ့ပါတယ်။ ရေစိုနေတဲ့ ခြေအိတ်ဟာ မီးလင်းဖိုနံဘေးမှာ ရေခြောက်သွားချိန်မှာတော့ ဒင်္ဂါးပြားတွေ ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဒါဟာ ခရစ္စမတ်ကာလမှာ ခြေအိတ်အတွင်းမှာ ဆန်တာကလော့စ်ရဲ့ လက်ဆောင်တွေ ရောက်ရှိလာပုံပါ။

Wikimedia Commons

၂ – ဆန်တာကလော့စ်ရဲ့ နာမည်

READ
စုန်းတွေအလား ပုံသဏ္ဍာန်အရောင်အဆင်း ပြောင်းလဲနိုင်တဲ့ တိရစ္ဆာန်များ

ခရစ္စမတ်အားလပ်ရက်မှာ ကမ္ဘာပတ်ပြီး အနားယူတော့မယ်ဆိုရင် ဆန်တာကလော့စ်ကို အမျိုးမျိုးခေါ်ဆိုကြတာကို သတိပြုမိမှာပါ။ ဘယ်လ်ဂျီယန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ စန်တာကလော့စ်ကို Pere Noel လို့ ခေါ်ကြပြီး အီတလီနိုင်ငံမှာတော့ Babbo Natale လို့ ခေါ်ပါတယ်။ နယ်သာလန်နိုင်ငံမှာတော့ ကျိန်စာသင့်လူသားလို့ ခေါ်ဝေါ်ပြီး ဖင်လန်နိုင်ငံကတော့ Yolo Pookie လို့ ခေါ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ Hotei Osho လို့ လူတွေ သိကြပြီး တရုတ်နိုင်ငံမှာတော့ Dun Che Gao Ben လို့ ခေါ်ဝေါ်ပါတယ်။

၃ – ဆန်တာကလော့စ်ရဲ့ နေအိမ်

ဆန်တာကလော့စ်ရဲ့ နေအိမ်ကလည်း သူ့ရဲ့ နာမည်လို မတူညီတဲ့ အရပ်ဒေသတွေမှာ မတူညီတဲ့ ဇာတ်လမ်းတွေနဲ့ဖြစ်ပါတယ်။ နော်ဝေနိုင်ငံမှာဆိုရင် ဆန်တာကလောစ့်ရဲ့ နေအိမ်ဟာ Drobakမြို့ မှာ ရှိတယ်လို့ဆိုပါတယ်။ ဒိန်းမတ်နိုင်ငံမှာတော့ ဆန်တာဟာ ဂရင်းန်လန်းမှာ နေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဖန်လန်နိုင်ငံမှာတော့ ဆန်တာကလော့စ်ရွာလို့တောင်တည်ရှိပါတယ်။ ဒါ့အပြင် ဆန်တာကလော့စ်ဟာ သူ့ကိုယ်ပိုင်မြို့နဲ့ နေတယ်လို့လည်း ယုံကြည်ထားတာတွေလည်း ရှိပါတယ်။ အင်ဒီယားနားပြည်နယ်မှာ Santa Claus ဆိုတဲ့ နာမည်နဲ့ မြို့တစ်မြို့ရှိပြီး အဲဒီမြို့မှာ ချိုချဉ်စက်ရုံတို့လည်း တည်ရှိပါတယ်။

၎ – မြောက်ဝင်ရိုးစွန်းက ဆန်တာကလော့စ်

READ
(၂၀၁၈) ခုနှစ်အတွက် အကောင်းဆုံး သဘာဝတောရိုင်းတိရစ္ဆာန် ဓာတ်ပုံဆုများ

မြောက်ဝင်ရိုးစွန်းမှာ နေထိုင်တဲ့လူတွေဟာ ခရစ္စမတ်မရောက်မီ ဒီဇင်ဘာ ၂၄ ရက်ဟာ အရှည်အကြာဆုံးနေ့တစ်နေ့လို့ ယုံကြည်ကြပါတယ်။ နောက်ပြီး အဲဒီနေ့မှာပဲ ဆန်တာကလော့စ်ဟာ ကမ္ဘာအနှံ့က ကလေးငယ်တွေအတွက် လက်ဆောင်ပေးဖို့ ပြင်ဆင်ရတဲ့ နေ့တစ်နေ့လို့လည်း ယုံကြည်ကြပါတယ်။ ခရစ္စမတ်နေ့မှာ သမင်ပျံတွေကတဲ့ စွတ်ဖားရထားကြီးကို စီးပြီး ကလေးငယ်တွေဆီ လက်ဆောင်ပို့ပေးပြီး အပြန်မှာ ဆန်တာကလော့စ်ကြီး အနားယူဖို့ မြောက်ဝင်ရိုးစွန်းကို ပြန်တယ်လို့လည်း ယုံကြည်ထားကြပါတယ်။ မြောက်ဝင်ရိုးစွန်းအရပ်ဒေသက လူတွေဟာ ဘယ်လောက်အထိ ဆန်တာကလော့စ်အပေါ်မှာ ဂုဏ်ယူကြသလဲဆိုရင် သူတို့ရဲ့ စာတိုက်သင်္ကေတကို Hohoho လို့တောင် သတ်မှတ်ထားတာပါ။ အဲဒီ Hohoho ဆိုတာက ဆန်တာကလော့စ်ကြီး ကျုးရင့်နေကျ အသံလည်း ဖြစ်ပါတယ်။

Pexels/MLS

၅ – ဆန်တာကလော့က ဘာလို့ အနီနဲ့အဖြူကို ဝတ်တာလဲ

၁၉၃၁ မတိုင်မီကာလမှာတော့ ဆန်တာကလော့စ်ရဲ့ အရောင်ကတော့ သတ်မှတ်ချက်မရှိခဲ့ပါဘူး။ အများစု သူဝတ်တဲ့ ပုံစံတွေသက အပြာ၊ အစိမ်းနဲ့ အညိုရောင်အဝတ်အစားတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၃၁မှာတော့ ကိုကာကိုလာကုမ္ပဏီကနေ ကြေငြာအနေနဲ့ ဆန်တာကလော့စ်ကြီးကို အနီနဲ့အဖြူအဖြစ် ပြောင်းလဲပြီး အကြီးအကျယ်ကြော်ငြာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူတွေဟာ ဆန်တာကလော့စ်ကို အနီနဲ့အဖြူအဖြစ်သာ မြင်လာကြပါတော့တယ်။ ကိုကာကိုလာကုမ္ပဏီရဲ့ ပြိုင်ဘက်လို့ ပြောလို့ရတဲ့ Pepsi ကုမ္ပဏကလည်း အလားတူကြော်ငြာကမ်ပိန်းတစ်ခုကို လုပ်ခဲ့ပါသေးတယ်။ ဆန်တာကလော့စ်ကြီးကို အပြာရောင်နဲ့အဖြူ အဝတ်အစားဝတ်ပြီး ကြော်ငြာခဲ့တာပါ။ အရင့် အရင်ကတော့ တကယ့်ဆန်တာကလော့စ်ကြီး ဘာဝတ်ခဲ့တယ်ဆိုတာ မသိခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်ကမ္ဘာလုံး ဆန်တာကလော့စ်ဆိုရင် အနီနဲ့ အဖြူနဲ့ မြင်နေကြဖြစ်လာပါပြီ။

Ye Yint Kyaw

SHARE