အနုပညာမိသားစုဆိုပြီး သတ်မှတ်ခြင်း ခံထားရတဲ့ နာမည်ကျော် Skarsgård မိသားစု

Instagram/BillSkarsgard

အဖေ သရုပ်ဆောင် သား သရုပ်ဆောင် ၊ အမေသရုပ်ဆောင် သမီး သရုပ်ဆောင် စတဲ့ အဖြစ်အပျက်မျိုးတွေကို ကျွန်တော်တို့ မြင်ဖူးနေကျပါ။ မိဘတိုင်းဟာ သားသမီးတွေကို သူတို့ခြေရာ နင်းစေချင်သလို သားသမီးတွေက လည်း သူတို့အားကျတဲ့ မိဘတွေရဲ့ အောင်မြင်မှုကို အားကျ အတုယူတတ်တာ သဘာဝပါပဲ။

အနုပညာ ၀ါသနာပါတဲ့ မိဘတွေက ပေါက်ဖွားလာတဲ့ သားသမီးတွေထဲမှာ အနုပညာလမ်းကို လျှောက်တာ တစ်ယောက်တစ်လေ ပါကောင်းပါနိုင်ပေမယ့် သားသမီးတိုင်းလိုလို အနုပညာကို ၀ါသနာပါဖို့ကတော့ ခဲယဉ်း လွန်းပါတယ်။ ဒါပေမယ့် ဆွီဒင်နိုင်ငံက Skarsgård မိသားစုကတော့ ခြွင်းချက်လို့ ဆိုရမှာပါ။

Skarsgård မိသားစုရဲ့ ဖခင်ကြီးလို့ ပြောရမယ့် Stellen Skarsgård က အစပြုပြီး သားတွေဖြစ်တဲ့ Alexander Skarsgård ၊ Gustaf Skarsgård ၊ Bill Skarsgård ၊ Valter Skarsgård တို့အားလုံးဟာ မိခင်နိုင်ငံ ဆွီဒင်မှာ ကော၊ ဟောလိဝုဒ်မှာပါ နာမည်ရ လူကြိုက်များတဲ့ သရုပ်ဆောင်တွေအဖြစ် ရပ်တည်နေတာပါ။ Skarsgård သားအဖတွေအားလုံးဟာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် စွမ်းဆောင်နိုင်သူတွေဆိုပြီး ရုပ်ရှင်ဝေဖန်ရေး ဆရာတွေကော၊ ပရိသတ်တွေကပါ သတ်မှတ်ခြင်း ခံထားရသူတွေလည်း ဖြစ်ပါတယ်။

View this post on Instagram

#MammaMia family. S x

A post shared by Stellan Skarsgård (@stellanskarsgardofficial) on

Stellen Skarsgård

ဖခင်ကြီး Stellen Skarsgård ကတော့ ဟောလိဝုဒ်ရဲ့ ၀ါရင့်ဇာတ်ပို့မင်းသားကြီး တစ်ဦးပါ။ နာမည်ကျော် ရုပ်ရှင် ဇာတ်ကားတွေဖြစ်တဲ့ Pirates of The Caribbean ၊ The Girl With The Dragon Tattoo ၊ Thor ၊ Thor : The Dark World နဲ့ Avengers စတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခွင့် ရခဲ့သူလည်းဖြစ်ပါတယ်။ သားသမီး(၈)ယောက် ရှိပါတယ်။

View this post on Instagram

😍 #AlexanderSkarsgård #AlexanderSkarsgard

A post shared by Alexander Skarsgård (@alexskarsgardworld) on

Alexander Skarsgård

READ
Body Shaming လုပ်ခံရတာတွေရှိတာနဲ့ပတ်သက်ပြီး မခံစားရပါဘူးဆိုတဲ့ မေပန်းချီ

သားအကြီးဆုံး Alexander Skarsgård ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အကျိုးပေးသူလို့ ဆိုရမှာပါ။ True Blood ၊ Big Little Lies စတဲ့ ရုပ်သံဇာတ်လမ်းတွေမှာ Alexander ကို ပရိသတ်တွေ အထူးနှစ်သက်ခဲ့ကြပါ တယ်။ မင်းသမီး Margot Robbiel နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ The Legend of Tarzan ရုပ်ရှင်မှာတော့ အောင်မြင်မှု မရခဲ့ပါဘူး။

Gustaf Skarsgård

တတိယမြောက်သား Gustaf Skarsgård ကတော့ ဆွီဒင်ပြည်တွင်းမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် ဟောလိဝုဒ်မှာတော့ အခြား Skarsgård တွေလောက် မထင်ရှားပါဘူး။ နာမည် ကျော် သမိုင်းနောက်ခံရုပ်သံစီးရီး တစ်ခုဖြစ်တဲ့ Vikings မှာတော့ အဓိကဇာတ်ကောင်နေရာကနေ Gustaf ပါဝင်ခွင့် ရခဲ့ပါတယ်။

Bill Skarsgård

READ
SRK နဲ့ Amitabh Bachchan တို့အတူ ပေါင်းဆုံမယ့် ဘောလိဝုဒ်ဇာတ်ကားသစ်

စတုတ္ထမြောက်သားဖြစ်တဲ့ Bill Skarsgård ကတော့ Skarsgård ညီအစ်ကိုတွေ အားလုံးထဲမှာ လူသိအများဆုံး ဖြစ်မှာပါ။ IT ရုပ်ရှင်တွေထဲက Pennywise The Clown နေရာမှာ သရုပ်ဆောင် စွမ်းရည်ပြပြီး တစ်ကမ္ဘာလုံးက ရုပ်ရှင်ပရိသတ်တွေကို ထိတ်လန့်ခြောက်ခြားအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။

View this post on Instagram

Kasper Nordin #FunHouseTheMovie #FuckGary

A post shared by Valter Skarsgård (@valterskarsgard) on

Valter Skarsgård

အငယ်ဆုံးသား Valter Skarsgård ကတော့ ဆွီဒင်ပြည်တွင်းမှာ အောင်မြင်တဲ့ တက်သစ်မင်းသားတစ်လက် ဖြစ်နေပါပြီ။ အဖေနဲ့ အစ်ကိုတွေခြေရာနင်းပြီး ဟောလိဝုဒ်အထိ တက်လှမ်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ကြွေးကြော်ထားပါတယ်။

View this post on Instagram

Pjucks 🖤 #karllagerfeldfootwear

A post shared by Eija Skarsgård (@eijalo) on

Eija Skarsgard

Skarsgard မောင်နှမ(၈)ယောက်ထဲက ရှားရှားပါးပါး တစ်ယောက်တည်းသော မိန်းကလေးပါ။ Eija ကလည်း ခေသူမဟုတ်ပဲ ဆွီဒင်ရဲ့ နာမည်ကျော် မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ မော်ဒယ်အလုပ်ကိုသာ စိတ်ဝင်စားပြီး ရုပ်ရှင်ရိုက်ဖို့ကိုတော့ လုံးဝအာရုံမရှိကြောင်း ငြင်းဆန်ထားတယ်လို့လည်း သိရပါတယ်။

 

SHARE