သင်လုံးဝသိသေးမှာမဟုတ်တဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ဒချိခန်း ရိုက်ကူးပုံတွေ

Imdb/50ShadesofGrey

အင်္ဂလိပ်ကား ကြည့်တဲ့သူတိုင်း ရုပ်ရှင်ကားတိုင်းလိုလိုမှာ ဒချိ ဒချိ ဖြစ်ကြတဲ့ အခန်းတွေ တစ်ခန်းစ၊ နှစ်ခန်းစတော့ ပါလာစမြဲပါ။ ငယ်ငယ်တုန်းကတော့ ဒီလို ရုပ်ရှင်ကြည့်နေရင်းနဲ့ ဒချိ ဒချိ ဖြစ်ကြတဲ့ အခန်းတွေရောက်ရင် ဘေးနားကနေ remote controlနဲ့ မိဘတွေက ကျော်ကျော်ပစ်ခဲ့တာတို့ ဘာတို့လည်း ခံစားဖူးကြမှာပါ။ ကြည့်နေရင်းနဲ့ ဒချိ အခန်းတွေ ရောက်များ ရောက်လာခဲ့ရင် မကျော်တတ်တဲ့ မိဘတွေနဲ့ တွေ့ရင် တီဗွီကို ဘေးနားက အရံသင့်ရှိနေတဲ့ စောင်ကြီးနဲ့ တီဗွီကို အုပ်ပစ်လိုက်တာတို့ ဘာတို့လည်း ရှိခဲ့ဖူးကြမှာပါပဲ။

တကယ်တော့ ဟောလိဝုဒ်ရုပ်ရှင်ကားတွေမှာ ဒချိ ဒချိ အခန်းတွေဟာ အဆန်းတော့ မဟုတ်တော့ပါဘူး။ နာမည်ကျော်ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားတိုင်းလိုလိုမှာ ဒချိ ဒချိ အခန်းတွေ အမြဲလိုလို ပါတတ်ပါတယ်။ ဒါ့အပြင်တစ်ချို့ ရုပ်ရှင်တွေမှာတော့ ဒချိ ဒချိ အခန်းတွေဟာ သာမန်ထက်လွန်လွန်ကဲကဲ ရိုက်ပြထားတာမျိုးတွေလည်း ရှိပါတယ်။ ဒီလို ဒချိ ဒချိ အခန်းတွေ ရိုက်ကူးဖို့ဆိုတာ မင်းသား၊ မင်းသမီးတွေအတွက် လွယ်တော့ မလွယ်ပါဘူး။ ဒီလို ဒချိ ဒချိ အခန်းတွေ ရိုက်ကူးခြင်းရဲ့ နောက်ကွယ်က ဇာတ်လမ်းလေးတွေ၊ အမှန်တရားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Imdb/LoveandOtherDrugs
(၁) ဒီလို အခန်းတွေ ရိုက်ပါမယ်ဆို စာချုပ်ချုပ်ဆိုရပါတယ်

ကျနော်တို့ဟာ ရုပ်ရှင်တွေထဲမှာ မင်းသား ဒါမှမဟုတ် မင်းသမီးတစ်ယောက်ယောက်ကို ဝတ်လစ်စတစ်အခန်းတွေ မြင်တွေ့နေကြပါပဲ။ ဒါဟာ ကျနော်တို့အတွက် ပေါ့ပေါ့ပါးပါးဆိုပေမယ့်လို့ မင်းသား၊ မင်းသမီးတွေအတွက်တော့ ဒီလို ဝတ်လစ်စလစ်အခန်းတွေ၊ ဒချိ ဒချိ အခန်းတွေ ရိုက်ကူးမယ်ဆိုရင် ရုပ်ရှင်မရိုက်ခင်ကတည်းက ဒီလို အခန်းတွေအတွက် အရင်ဆုံး စာချုပ်ချုပ်ဆိုရပါသတဲ့။

အမေရိကန်နိုင်ငံမှာရှိတဲ့ ဖျော်ဖြေရေးအလုပ်သမားများသမဂ္ဂက ရေးဆွဲထားတဲ့ SAG-AFTRA လို့ ခေါ်တဲ့ ဥပဒေထဲမှာ ဒီလို လိင်မှုကိစ္စတွေ ရိုက်ကူးဖို့အတွက် သီးသန့်ဥပဒေတစ်ရပ် ပါဝင်ပါတယ်။ ဒီ စာချုပ်အရ မင်းသား၊ မင်းသမီးများဟာ ရုပ်ရှင်ထဲမှာ ဖော်ပြခွင့်ရှိ-မရှိကို ဒါရိုက်တာဖြစ်သူ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တွေ အားလုံးနဲ့ အသေးစိတ် ညှိနှိုင်းရပါတယ်တဲ့။

ဒါပေမယ့် ရုပ်ရှင်မင်းသား-မင်းသမီးတွေဟာ သမဂ္ဂအဖွဲ့ဝင်မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ ပုံစံနဲ့ ဒီလိုအဖော်အချွတ်ဇာတ်ဝင်ခန်းများကို ရိုက်ကူးမယ်ဆိုရင်တော့ တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် သမဂ္ဂရဲ့ ကာကွယ်မှုကိုလည်း ရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း မင်းသား-မင်းသမီးအများစုဟာ သမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ရုပ်ရှင်တွေမှာ အဖော်အချွတ်တွေ လုပ်ပြဖို့အတွက် ငြင်းဆန်ကြပါတယ်။

Imdb/GoneGirl
(၂) ဒချိအခန်းတွေဟာ ဖန်တီးယူထားကြတယ်

ဒချိ ဒချိ ဖြစ်ကြတဲ့ အခန်းတွေဟာ တကယ်တော့ ဒါရိုက်တာကိုယ်တိုင် အသေအချာ ဖန်တီးယူထားတာပါတဲ့။ ဒီလိုဖန်တီးယူလိုက်တာဆိုတော့ တကယ်များ ဒချိကြလို့လားလို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပါဘူး။

ဒီလို ဒချိအခန်းတွေမှာ အကျအန ပီပြင်စေဖို့အတွက် ရုပ်ရှင်တကယ် မရိုက်ခင်မှာ လေ့ကျင့်မှုများစွာလုပ်ခဲ့ရပြီး တကယ်ဖြစ်လာစေဟန် ပုံစံနဲ့ ရိုက်ကူးထားကြတာပဲဖြစ်ပါတယ်။ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Neil Patrick Harris တော့ ဒါရိုက်တာ David Fincherရဲ့ Gone Girl ရုပ်ရှင်ရိုက်ကူးတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို အခုလိုပြောပြပါတယ်။

ကျနော်နဲ့ ဒေးဗစ်တို့ ရုပ်ရှင်မရိုက်ခင်တုန်းက ဒီဇာတ်ဝင်ခန်းကို ရိုက်ဖို့အတွက် အပြင်းအထန်ကို လေ့ကျင့်ခဲ့ကြတယ်ဗျာ။ တစ်ကွက်ချင်းစီ၊ တစ်ခန်းချင်းစီအတွက်ပေါ့။ ဘယ်နေရာမှာ ဘယ်လိုလုပ်မယ်၊ ဘယ်လိုပြောင်းလဲမယ်ဆိုတာက အစပဲ။ ဒီလိုပြောရတာ ကြောင်တောင်တောင်တော့ ဖြစ်နေမယ်ထင်ပါတယ်။ ဟန်ဆောင်ပြီး ရိုက်ကွင်းမှာ လေ့ကျင့်ရတာပေါ့လို့”ရယ်ရယ်မောမောနဲ့ အင်တာဗျုးတစ်ခုမှာ ပြောဖိုခဲ့ဖူးပါတယ်။

 

READ
အမေလိုပဲ ညိုချောလေးတစ်ယောက်ဆိုတာ ပြသလိုက်တဲ့ စမိုင်းရဲ့ သမီးလေး ပေါ်ရှာမောင်
(၃)ဝတ်လစ်စလစ်ခန္ဓာကိုယ်က တကယ့်ခန္ဓာကိုယ် အစစ်မဟုတ်

ရုပ်ရှင်ကြည့်နေရင်းနဲ့ ဒီလိုအခန်းတွေများပါလာလို့ တကယ့်ခန္ဓာကိုယ်အစစ်ပဲလို့ တစ်ထစ်ချမမှတ်လိုက်ပါနဲ့ဦး။ ရုပ်ရှင်မင်းသားမင်းသမီးအများစုဟာ ဒီလိုအခန်းတွေ ရိုက်ကူးဖို့အတွက် သူတို့ခန္ဓာကိုယ်ပေါ် အဝတ်အစား၊ အရေပြားအဖုအဖောင်းအတုတွေကို ဝတ်ဆင်ထားလေ့လည်းရှိကြပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေထဲမှာပါတဲ့ ဝတ်လစ်စလစ်အခန်းတွေကို ကြည့်ပြီး မင်းသား၊ မင်းသမီးတွေရဲ့ တကယ့်အပြင်က ခန္ဓာကိုယ်ဟာလည်း ဒီလိုရှိမယ်လို့ တွေးလိုက်မိရင် မှားသွားပါလိမ့်မယ်။

Imdb/GameOfThrones
(၄) အထူးပြုလုပ်ချက်တွေ အသုံးပြုရ

ရုပ်ရှင်တွေထဲမှာ ဒချိတဲ့အခန်းတွေ၊ ဝတ်လစ်စလစ်ကိုယ်တုံးလုံးအခန်းတွေ ရိုက်ကူးရမယ်ဆိုရင် တချို့မင်းသား၊ မင်းသမီးများဟာ သူတို့ကိုယ်တိုင်ကိုယ်ကျ သရုပ်ဆောင်ရိုက်ကူးဖို့အတွက် ငြင်းဆန်တဲ့အခါမျိုးလည်း ရှိပါတယ်။ ဒီလိုအခြေအနေမှာ မင်းသားမင်းသမီးနေရာမှာ လူစားထိုးတာတွေ၊ CGI ပြုလုပ်ချက်တွေနဲ့ ရုပ်ရှင်ကို ရိုက်ကူးရပါတယ်။

ဒါဟာ ရုပ်ရှင်မရိုက်ခင်ကတည်းက ဒါရိုက်တာဖြစ်သူနဲ့ မင်းသား၊ မင်းသမီးတို့ရဲ့ သဘောတူစာချုပ်မှာ ပါဝင်ပြီးသား အချက်တစ်ခုလည်းဖြစ်ပါတယ်။ ဥပမာဆိုရရင် Games of Thrones စီးရီးထဲမှာ မင်းသမီး Lena Headey ရဲ့အခန်းတွေဟာ လူစားထိုး သရုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။ သူမ ကိုယ်တိုင်မဟုတ်ပါဘူးတဲ့။

YouTube/50ShadesofGrey
(၅) ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားများ ဘေးထွက်နေရ

ဒီလို ဒချိ ဒချိအခန်းတွေ ရိုက်ကူးတော့မယ်ဆိုရင် မင်းသား၊ မင်းသမီးတွေ အသက်ပါလာဖို့အတွက် ရုပ်ရှင်ရိုက်ကူးနေတဲ့ အဖွဲ့တွေအားလုံးမှာ ကင်မရာသမား၊ အသံဖမ်းသမား အစရှိတဲ့ အဓိကလူတွေက လွဲပြီးကျန်တဲ့ လူများက ရိုက်ကူးရေးကနေ အပြင်ထွက်နေပေးရပါသတဲ့။ သူတို့နိုင်ငံမှာ ရုပ်ရှင်အခန်းတစ်ခန်းရိုက်ကူးမယ်ဆိုရင် ရာနဲ့ချီတဲ့ လူအုပ်စုနဲ့ team work ဆန်ဆန် အလုပ်လုပ်လေ့ရှိတာကြောင့် ဒီလိုအခန်းတွေ ရိုက်ကူးတော့မယ်ဆိုရင် လူအများအပြားရှေ့မှာဖြစ်တဲ့အတွက်ကြောင့် ဒချိ ဒချိ အခန်းတွေမှာ မင်းသား၊ မင်းသမီးများ အသက်မပါတာ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဒချိ ဒချိ အခန်းများ ရိုက်ကူးဖို့အတွက် ရိုက်ကူးရေးအဖွဲ့သားများ အခန်းအပြင်ထွက်ရလေ့ရှိပါတယ်။ ဘယ်လိုတွေတောင်လဲပေါ့။

YouTube/FriendsWithBenefits
(၆) အဲဒီလိုအခန်းတွေကို မင်းသား၊ မင်းသမီးတွေ ပြန်မကြည့်

မင်းသား၊ မင်းသမီးတွေဟာလည်း လူတွေထဲ လူတွေဖြစ်တာကြောင့် ဒီလို လိင်မှုကိစ္စကို ရိုက်ကူးခြင်းတွေဟာ သူတို့အတွက် ရှက်စရာကောင်းတဲ့ အရာတစ်ခုလည်း ဖြစ်နေပါတယ်။ သူတို့ရဲ့ အခန်းတွေကို သူတို့ကိုယ်တိုင် ပြန်ကြည့်တဲ့အခါ စိတ်မလုံခြုံမှုတွေ၊ အဆင်မပြေမှုတွေနဲ့ မကြာခဏ ကြုံတွေ့ရလေ့လည်း ရှိပါသတဲ့။

Ye Yint Kyaw

SHARE