ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်ခြင်း ခံနေရတဲ့ ဝူဟန်ဓာတ်ခွဲခန်း

Twitter/Raphael Ohuru Nyaruaba

လက်ရှိအချိန်မှာ ကမ္ဘာတစ်လွှမ်းကို ခြောက်လှန့်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်တဖြစ်လဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ပျံ့နှံ့တဲ့အရှိန်နဲ့ နယ်မြေအဝန်းအဝိုင်းက ကျယ်ပြန့်လာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ပြင်းထန်ဗိုင်းရပ်ဟာ Wuhan National Biosafety Laboratory ကနေ စတင်ပျံ့နှံ့လာတာ ဖြစ်နိုင်ကြောင်း ပညာရှင်တွေက ယူဆခဲ့လို့ ၀ူဟန် သားငါးဈေးက စတင်ခဲ့တာဖြစ်ကြောင့် တရုတ်နိုင်ငံရဲ့ တာဝန်ရှိသူတွေက ဇန်န၀ါရီလ(၂၇)ရက်နေ့မှာ ကြေညာချက် အလျှင်အမြန် ထုတ်ပြန်ခဲ့ပါတယ်။

ယင်းအဆင့်မြင့်ဓာတ်ခွဲစမ်းသပ်ခန်းကို SARS နဲ့ အီဘိုလာဗိုင်းရပ်စ်တွေကို စမ်းသပ်ဖို့ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီကတည်းက ကမ္ဘာ့ပညာရှင်အသိုင်းအဝိုင်းက တရုတ်အနေနဲ့ အန္တရာယ်နဲ့ မကစားဖို့၊ မတော်တဆ အန္တရာယ်အလွန်များတဲ့ ဗိုင်းရပ်စ် ပျံ့နှံ့သွားပါက ကပ်ရောဂါတစ်ခုလို အန္တရာယ်ရှိကြောင်း (၂၀၁၇)မှာ အတန်အတန် သတိပေးခဲ့ပါတယ်။

Twitter/Raphael Ohuru Nyaruaba

(၂၀၁၈)ခုနှစ်၊ ဇန်နဝါရီမှာ အဲဒီဓာတ်ခွဲခန်းကို စတင်ဖွင့်လှစ်ခဲ့ရာ၊ အမေရိကန် သိပ္ပံပညာရှင်တွေက ဒါဟာ ကမ္ဘာကြီးအတွက် အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ တရုတ်တို့ကတော့ ဒီကိစ္စကို လုံးဝငြင်းပယ်ခဲ့ပြီး၊ ကမ္ဘာ့အန္တရာယ်အရှိဆုံးဆိုတဲ့ ဗိုင်းရပ်စ်နဲ့ ကူးစက်ရောဂါတွေကို လေ့လာခဲ့ကြပါတယ်။

အခုဆိုရင် SARS ဗိုင်းရပ်နဲ့ ဆင်တူတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်သားငါးဈေးကနေ စတင်ပျံ့နှံ့ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီသားငါးဈေးဟာ  Wuhan National Biosafety Laboratory နဲ့ မိုင်(၂၀)သာ ဝေးတာဖြစ်ချင်းကြောင့် သိပ္ပံပညာရှင်တွေရဲ့ စိုးရိမ်မှုက မမှားတန်ရာဘူးလို့ ယူဆရပါတယ်။ အဲဒီဓာတ်ခွဲခန်း တည်ဆောက်စဉ်က ကူးစက်ရောဂါတွေ အလွယ်တကူ မပျံ့နှံ့စေဖို့ လုံခြုံရေးဆိုင်ရာ အမြင့်ဆုံး ပေးထားတယ်လို့ တရုတ်ဘက်က ကာကွယ်ပြောခဲ့ပါတယ်။

Wuhan Virology Institue
Wuhan Virology Institue

ထိုဓာတ်ခွဲခန်းစတင်ဖွင့်လှစ်တော့ အမေရိကန်၊ မေရီလန်းက ဇီဝလုံခြုံမှုဆိုင်ရာ အတိုင်ပင်ခံ Tim Trevan က တရုတ်နိုင်ငံရဲ့ ဓလေ့သဘောတရားတွေအရ ဓာတ်ခွဲခန်း လုံခြုံမှုမရှိမှာကို အလွန်စိုးရိမ်ပူပန်မိကြောင်း၊ ဖွဲ့စည်းပုံအရ လူတိုင်း လွတ်လပ်စွာသွားလာ ပြောဆိုခွင့်ရှိခြင်းနဲ့၊ သတင်းအချက်အလက်တွေကို ဖွင့်ဟထားခြင်းက အရေးကြီးတယ်လို့ ထောက်ပြခဲ့ပါတယ်။

အဆိုပါဓာတ်ခွဲခန်းကို Wuhan Institute of Virology ပရဝဏ်အတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး၊ ဇီဝလုံခြုံရေးနဲ့ပတ်သက်ရင် Level-4 (BSL-4) ဖြစ်တာကြောင့် ကူးစက်ရောဂါတွေ ပြင်ပကို ရောက်ဖို့မရှိဘူးလို့ ငြင်းဆိုနေကြပါတယ်။ ဒီ Level ဟာ အမြင့်ဆုံးစံသတ်မှတ်ချက် ဖြစ်ခြင်းကြောင့် သာမန်အားဖြင့်တော့ စိုးရိမ်ဖို့ မရှိပါဘူး။ သို့သော်လည်း ဘယ်အရာမဆို ခြွင်းချက်ဆိုတာက ရှိနေပါတယ်။

YouTube/HubelChina

Level-4 (BSL-4) ရဲ့သတ်မှတ်ချက်ကြောင့်လည်း လေကတစ်ဆင့် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီယားတွေကို ကာကွယ်ဖို့ အဆင့်မြင့်လုံခြုံရေးဝတ်စုံတွေ၊ နည်းပညာမြင့် လက်အိတ်တွေ မဖြစ်မနေသုံးစွဲရပြီး၊ အထူးကန့်သတ်ထားတဲ့ Work Space တွေမှာသာ လုပ်ငန်းတွေ ဆောင်ရွက်ရတာပါ။ ကမ္ဘာတစ်ဝှမ်းမှာ  Level-4 (BSL-4) အဆင့်တွေ ကျယ်ပြန့်စွာ အသုံးပြုနေပေမယ့် တရုတ်မှာတော့ (၂၀၁၇)မှ စတင်ခဲ့တာပါ။

လင်းသူရိန်

SHARE