Mr.Bean အကြောင်း သင်မသိသေးတဲ့အချက် (၉)ချက်

Youtube

Mr.Bean ဆိုတာကတော့ မြန်မာနိုင်ငံထဲက ပရိသတ်တွေသာမက ကမ္ဘာအနှံ့က ပရိသတ်တွေရဲ့ အားပေးမှုကို ရထားတဲ့ ဟာသသရုပ်ဆောင်ပါ။ သူ့ရဲ့သရုပ်ဆောင်မှုတွေက ပုံမှန်နဲ့မတူပဲ ကွဲထွက်နေခဲ့သလို ပရိသတ်တွေအတွက်လည်း သဘောကျစရာ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် Mr.Bean အကြောင်း ဘယ်လောက်များ သိသလဲဆိုရင် သူကဟာသ သရုပ်ဆောင်တစ်ယောက် ဆိုတာထက်ပိုပြီး ပြောစရာမရှိပါဘူး။ ဒီတော့ Mr.Bean အကြောင်းကို ပိုပြီး သိချင်တယ်ဆိုရင် ဒီအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။

(၁)။ Mr.Bean ဟာ မာစတာဘွဲ့ရပညာရှင်တစ်ယောက်

Mr.Bean ဟာ ဟာသ သရုပ်ဆောင်ဘ၀မှာ အောင်မြင်ခဲ့တယ်ဆိုပေမယ့် သူက Electrical Engineering ဘာသာရပ်နဲ့ မာစတာဘွဲ့ရခဲ့သူပါ။ သူ သရုပ်ဆောင်ဖို့ စင်မြင့်ထက်ကို တက်နေချိန်မှာ တစ်ဖက်မှာလည်း မာစတာဘွဲ့အတွက် ကျောင်းတက်နေခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူကျွမ်းကျင်တဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်ကျောင်းလုပ်ဖို့ထက် ဟာသသရုပ်ဆောင်တစ်ယောက်ရဲ့ဘ၀ကို ရွေးချယ်ခဲ့ပါတယ်။

(၂)။ Mr Bean စီးရီးဟာ အပိုင်း(၁၄)ပိုင်းသာ ထုတ်ခဲ့တာပါ

ပရိသတ်တွေကြားမှာသာ Mr Bean ဆိုပြီး နာမည်ကြီးနေခဲ့ပေမယ့် Mr Bean စီးရီးဟာ အပိုင်း(၁၄)ပိုင်းသာ ထုတ်ခဲ့တာပါ။ ကာတွန်းစီးရီးတွေ၊ တယ်လီဗေးရှင်းဇာတ်လမ်းပုံစံတွေ ၊ ဗီဒီယိုဂိမ်းတွေနဲ့ စာအုပ်တွေ ရှိခဲ့ပေမယ့် တကယ့် Mr Bean ကတော့ အပိုင်း(၁၄)ပိုင်းသာရှိပြီး နာမည်ကျော်သွားခဲ့တာပါ။

Youtube

(၃)။ နိုင်ငံပေါင်း(၂၀၀)ကျော်မှာ ထုတ်လွှင့်ခဲ့တဲ့ Mr Bean

စာတမ်းထိုးစရာလည်းမလို၊ နောက်ခံစကားပြောစရာလည်းမလိုတဲ့ Mr Bean ကို နိုင်ငံပေါင်း (၂၀၀)ကျော်မှာ ပြသနိုင်ခဲ့တယ်လို့ သူ့ရဲ့မူရင်း ကုမ္ပဏီဖြစ်တဲ့ Tiger Aspect Productions က ဆိုပါတယ်။ Mr Bean ကိုယ်တိုင်ကတော့ သူရဲ့အဓိက ပရိသတ်ဟာ ကလေးငယ်အများစုဖြစ်ကြပြီး နောက်ပိုင်းမှာမှလူကြီးတွေပါ သဘောကျလာခဲ့တာ လို့ ဖွင့်ဟခဲ့ပါတယ်။

READ
အမိုက်စား ဓာတ်ပုံများနောက်က အခြေအနေမှန်တွေကို လှစ်ပြခဲ့တဲ့ ဘရာဇီး ပရိုဓာတ်ပုံဆရာ

(၄)။ Mr Bean ဖြစ်ဖို့ ပြင်သစ်ဟာသပညာရှင်ဆီကနေ စိတ်ကူးဥာဏ်ယူခဲ့ရတယ်

Mr Bean ဆိုတဲ့ နာမည်တစ်လုံး ဖြစ်လာဖို့အတွက် ပြင်သစ်ဟာသပညာရှင် Jacques Tati ရဲ့ Hulot’s Holiday ဆိုတဲ့ ရုပ်ရှင်ကနေ စိတ်ကူးရခဲ့တယ်လို့ Mr Bean ကိုယ်တိုင်က ၀န်ခံခဲ့တာပါ။ Jacques Tati က သူ့စိတ်ကူးတွေရဲ့ အရင်းအမြစ်ဖြစ်ခဲ့ပြီး သူ့ကြောင့်ပဲ Mr Bean ကာရိုက်တာ ကို ဘယ်လို ပုံဖော်သင့်တယ်ဆိုတာ နားလည်ခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Youtube

(၅)။ Mr Bean လို့နာမည်ပေးဖြစ်ခဲ့ပုံ

Mr Bean ဆိုတဲ့နာမည်မစတင်မီက Rowan Atkinson ဟာ Mr White ဆိုတဲ့နာမည်ကို အသုံးပြုခဲ့ဖူးပြီး နောက်ပိုင်းမှာ ဟင်းသီးဟင်းရွက် နာမည်တစ်ခုခုပြောင်းဖို့ စဉ်းစားခဲ့ပါသတဲ့။ သူက Mr. Cauliflower ဆိုတဲ့နာမည်ကို သုံးဖို့တောင် စဉ်းစားခဲ့ဖူးပြီး နောက်ဆုံးမှာမှ Mr Bean ဖြစ်လာခဲ့တာပါ။

(၆)။ Mr Bean ဟာ မင်းမဲ့ဝါဒီတစ်ယောက်လား

Mr Bean ဇာတ်လမ်းတွဲတွေထဲမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ သူလုပ်ချင်တာတွေ လုပ်နေတတ်တာကြောင့် Mr Bean ဟာ မင်းမဲ့ဝါဒီတစ်ယောက်လား ဆိုတဲ့ မေးခွန်းတွေရှိလာခဲ့ပါတယ်။ (၂၀၀၃)ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Rowan Atkinson က အဲဒီမေးခွန်းကို ဖြေသွားခဲ့ပြီး Mr Bean ဟာ တစ်ကိုယ်ကောင်းဆန်သလို၊ တစ်ဖက်သားကို လေးစားမှုလည်းမရှိတာကြောင့် မင်းမဲ့ဝါဒီလို့ပြောနိုင်ကြောင်း ဖြေဆိုခဲ့ဖူးပါတယ်။

READ
ကမ္ဘာ့ကံအဆိုးဆုံး Friday 13th ရဲ့ သင်သတိမထားမိတဲ့ အချက်များအကြောင်း

(၇)။ Mr Bean ဟာ နားရွက်လှုပ်တဲ့နေရာမှာ ဆရာကြီး

အခုခေတ်မှာ နားရွက်လှုပ်တတ်တဲ့သူတွေများလာခဲ့ပေမယ့် Mr Bean ပေါ်ထွက်လာခဲ့တဲ့ (၁၉၉၇)၀န်းကျင်မှာတော့ အဲဒီလို လုပ်တတ်ခဲ့သူ ရှားတာကြောင့် Mr Bean ဟာ နားရွက်လှုပ်တတ်တဲ့သူ တစ်ယောက်အဖြစ် နာမည်ကြီးခဲ့ပါတယ်။ အဲဒီအကြောင်းကို Mr.Bean’s Holiday မှာ ကြည့်ရှုလို့ရပါတယ်။

(၈)။ Mr Bean ဟာ အိုလံပစ်ပွဲမှာ ပါဝင်ခဲ့ဖူးတယ်

လန်ဒန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ (၂၀၁၂)ခုနှစ် အိုလံပစ်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားမှာ Mr Bean တစ်ယောက် ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီအိုလံပစ်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားမှာ Mr Bean က ၀င်ရောက်ဖျော်ဖြေခဲ့တာဖြစ်ပြီး သံစုံတီးဝိုင်းတစ်ခုထဲမှာ အော်ဂင်ခလုတ်တစ်ခုထဲကိုပဲ ထိုင်နှိပ်နေတဲ့ သူ့ရဲ့ဖျော်ဖြေမှုကို တွေ့ရမှာပါ။

(၉)။ Mr Bean ဟာ IQ မြင့်တဲ့သူ

Mr Bean ရဲ့ IQ ဟာ (၁၇၈) ရှိပြီး ဒီ ပမာဏ က တစ်ကမ္ဘာလုံးက လူဦးရေရဲ့ (၀.၁)ရာခိုင်နှုန်းမှာပဲ ရှိတာပါ။ သူ့ရဲ့ IQ အဆင့်အရတော့ သူဟာ အိုင်းစတိုင်း၊ စတိဗ်ဂျော့ တို့ထက်တောင် IQ ပိုမြင့်တဲ့အခြေအနေမှာ ရှိပါတယ်။

Linn

SHARE