သင့်ရဲ့ခန္ဓာကိုယ်ကနေ နေ့စဉ်ဘဝအတွက် ဒီလိုအရာတွေကို လိုအပ်ပါတယ် …..

Freepik- katemangostar

ခန္ဓာကိုယ်ဟာလည်း စက်ယန္တယားတစ်ခုနဲ့အတူတူပါပဲ။ နေ့စဉ်လှုပ်ရှားသွားလာ၊ တွေးခေါ်မှုတွေ ပြုလုပ်ဖို့အတွက် လောင်စာဆိုတာ လိုအပ်ပါတယ်။ လူ့ခန္ဓာကိုယ်အတွက် လောင်ဆာဆိုတောကတော့ အစားအသောက်နဲ့အနားယူခြင်းတွေပါပဲ။ အကယ်၍ သင်ဟာ လုံလောက်တဲ့ အစာအာဟာရနဲ့ အနားယူမှုတွေ မရှိတော့တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေဟာ ကမောက်ကမဖြစ်လာတတ်ပြီးတော့ လုပ်ဆောင်ချက်တွေလည်း တလွဲတွေဖြစ်လာကာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အနေနဲ့ နေ့စဉ်ဘဝအတွက် လိုအပ်နေတဲ့အရာတွေဟာ ဘာတွေများဖြစ်မလဲဆိုတာ ကြည့်ရင်း ကိုယ်တိုင်ရော အဲဒီအရာတွေမှာ လစ်ဟင်းနေပြီလားဆိုတာ စမ်းစစ်ကြည့်ရအောင်။

Freepik- drobotdean

လူ့ခန္ဓာကိုယ်ဟာ တစ်နေ့ကို ရေလီတာပေါင်း အနည်းဆုံး ၂ လီတာ သောက်ပေးသင့်ပါတယ်။ ရေဓာတ်လုံလောက်မှုမရှိတဲ့အခါ ခေါင်းကိုက်လာမယ်၊ အားနည်းလာမယ်၊ နှုတ်ခမ်းတွေခြောက်လာပြီးတော့ ခေါင်းမကြာတော့ပါဘူး။

တစ်နေ့ကို အပေါ့ ၄ ခါစွန့်သင့်ပါတယ်။ ဒီလိုမှမစွန့်တဲ့အခါကျရင် ကျောက်ကပ်နဲ့ဆက်စပ်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။

Freepik- drobotdean

တစ်နေ့ကို အနည်းဆုံး ၇ နာရီအိပ်စက်ဖို့လည်း လိုပါတယ်။ အိပ်ချိန် ၇ နုာရီမပြည့်ခြင်းဟာ သင့်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေကို ကမောက်ကမဖြစ်စေနိုင်တဲ့အတွက် ကိုယ်ခံအားနည်းကာ တခြားရောဂါတွေလည်း ဝင်လာနိုင်ပါတယ်။

READ
ကြောင်မွေးခြင်းဟာစိတ်ကျန်းမာရေးကို ချို့ယွင်းစေနိုင်ဟုသိပ္ပံပညာရှင်များဆို

ခန္ဓာကိုယ်မှာ အားအင်ပြည့်စွာ အလုပ်လုပ်နိုင်ဖို့အတွက် ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်ကိုလည်း တစ်နေ့ကို ၅၀ ဂရမ်အနည်းဆုံးစားပေးရပါလိမ့်မယ်။

Freepik- senivpetro

လူတစ်ယောက်ရဲ့တစ်နေ့တာမှာ အလုပ်လုပ်ချိန်ဟာ ၈ နာရီသာ အများဆုံးရှိနေသင့်ပါတယ်။ ဒီထက်ကြာကြာအလုပ်လုပ်တဲ့အခါ အဲဒီလူရဲ့ ဖန်တီးမှုစွမ်းအားတွေကို လျာ့ကျစေတဲ့အပြင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေပါတယ်။

တစ်နေ့ကို မိနစ် ၃၀ ကြာအောင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဒီလိုအပြုလုပ်တဲ့အခါ ညောင်းညာမှုနဲ အဝလွန်ခြင်းတွေကို ဖြစ်လာနိုင်စေပါတယ်။

Freepik- diana.grytsku

လူတစ်ယောက်ဟာ အိပ်ချိန်ပြင်ပ ၁၁ နာရီဟာ အပြည့်အဝအနားယူဖို့လည်း လိုအပ်ပါသေးတယ်။

ကိုယ်ချစ်ရတဲ့လူတွေနဲ့ ဘာအနှောက်အယှက်မှမရှိဘဲ တစ်နေ့ကို ၁ နာရီအချိန်ဖြုန်းပေးဖို့လည်း မမေ့ပါနဲ့။ ဒါမှလည်း ကိုယ်နဲ့သူတို့ကြားထဲက သံယောဇဉ်တွေဟာ တိုးပွားလာပြီး စိတ်ပျော်ရွှင်မှုကို ဖန်တီးပေးမှာပါ။

penny

SHARE